Sarah English

Sarah English

Share

06/17/2026

ဘာရယ်မဟုတ်ဘူး တွေးမိတာလေးပါ။ နေ့တိုင်းနေ့တိုင်းအလွန်အန္တရာယ်များသောအရာကြီးနဲ့ အတူတူယှဉ်တွဲနေထိုင်နေရတယ်။ ကိုယ့်ကိုဒုက္ခရောက်စေတာ အပြင်ကရန်သူတွေမဟုတ်ပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ပဲလို့ထင်မိတယ်။ ခန္ဓာကိုယ်ကြီးယိုယွင်းပျက်စီးပြီး ဝေဒနာဖိစီးလို့ နာကျင်လာရင် ဘယ်သူမှလည်းကယ်တင်ပေးလို့မရသလို စိတ်ကစေ့ဆော်လို့လုပ်လိုက်တဲ့ ကုသိုလ်၊အကုသိုလ်ကံတွေရဲ့အကျိုးပေးကိုလည်း ကျိန်းသေပေါက်ခံရဦးမယ်။

အရင်က ကိုယ်နဲ့မတည့်တဲ့သူတွေ၊ ကိုယ့်ကိုမကောင်းဖြစ်စေချင်ကြတဲ့သူတွေကသာ တကယ့်ရန်သူလို့ထင်ခဲ့တာ။ စိတ်နဲ့ခန္ဓာကလည်း အချိန်တိုင်းသာသတိရှိမနေရင်၊ သတိနဲ့ထိန်းကျောင်းမနေခဲ့ရင် ငရဲထိအလွယ်တကူဆွဲချနိုင်မဲ့အရာတွေပဲ။ အနီးကပ်ဆုံးမှာရှိနေတာလည်းသူတို့ပဲ။

Sarah 🍀
Jun 17, 2026

Want your school to be the top-listed School/college in Union City?
Click here to claim your Sponsored Listing.

Category

Address


Union City, CA
94587