Syracuse Myanmar Community

Syracuse Myanmar Community

Share

Photos from Syracuse Myanmar Community's post 04/28/2025

🩵Syracuse Myanmar Community မှ လှူဒါန်းသော ကျပ် သိန်း၁၅၀ အား ငလျင်ကြောင့် နေအိမ်ပျက်စီးခဲ့သည့် မိသားစု ၁၅၀ ထံ ငွေကျပ် ၁သိန်းနှင့် Solar MP3 + Torch Light များကို အိမ်တိုင်ရာရောက် Glory Response Team မှ ကျောက်တာရွာ စစ်ကိုင်းတိုင်းသို့ သွားရောက် ပေးဝေနိုင်ခဲ့ကြပါသည်။

❤️Syracuse Myanmar Community လှူဒါန်းသော ကျပ်သိန်း
၁၅၀ ဖြင့် ငလျင်သင့်ပြည်သူများအတွက်
Grace Movement မှတဆင့်တံတားဦးမြို့နယ်တွင်စက်ရေတွင်းနှင့်ရေစင်၊ရေတိုင်ကီများဆောက်လုပ်ပေးကြပါသည်။

ပါဝင်လုပ်ဆောင်ပေးကြသော ပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ပါသည်။

09/17/2024

အမေရိကန်နိုင်ငံ နယူယောက်ပြည်နယ် Syracuse မြို့ရှိ မြန်မာတိုင်းရင်သားပြည်သူများအားလုံး ရေဘေးဒုက္ခကြုံတွေနေကြရသော အမိမြန်မာနိုင်ငံရှိ ပြည်သူများ အတွက် မိမိ တတ်နိုင်သမျှ ဝိုင်းဝန်းဖေးကူ ပါဝင်ကြပါရန် ဖိတ်ခေါ်လိုပါသည်။

$၁ ဒေါ်ပင်လျှင်လူတစ်ဦးအတွက် တစ်နပ်စာ ဖူလုံစေမည်ဖြစ်သည့် အတွက် အယောက်စီတိုင်း ဖေးကူလှူဒါန်းနိုင်ပါသည်။

စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားလျက်
အောက်ဖေါ်ပြပါ မြန်မာကုန်ပစ္စည်းစတိုးဆိုင့်နှင့် ပုဂ္ဂိုလ် တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လေးစားချစ်ခင်စွာဖြင့်
Myanmar Community of Syracuse

Want your organization to be the top-listed Non Profit Organization in Syracuse?
Click here to claim your Sponsored Listing.

Website

Address


Syracuse, NY
13208