HAM_Collection

HAM_Collection

Share

Photos from HAM_Collection's post 02/05/2025

မင်္ဂလာပါရှင်

၂၀၂၅ ခုနှစ် ပထမဆုံး အနေဖြင့် HAM_Collection နှင့် Revo'21 မိသားစုတို့မှ ပူးပေါင်း၍ ထုတ်လုပ်ထားတဲ့ BreakFree T Shirt များကို စတင်မှာယူအားပေးလို့ ရပါပြီရှင်။

လူငယ်တွေကြားမှာ Freedom of Speech မရှိဘဲ စောင့်ကြည့်ခံရတာကို ဖော်ပြထားတဲ့ မူရင်းပန်းချီကားတစ်ချပ်ကို T Shirt အနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရောင်းရငွေများအား လိုအပ်သည့် နယ်မြေများသို့ ထောက်ပံ့သွားမှာပဲ ဖြစ်ပါတယ်။

အထည်အရေအတွက် အနည်းငယ်သာ ထုတ်ထားသည်ဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် တစ်ထည်ကို
ထိုင်းဘတ်ငွေ (၃၅၀) ကျသင့်ပါမည်။

နေရာ အနီးအဝေးပေါ်မူတည်၍ Delivery ဖိုး ရှိပါမည်။ ထိုင်းနိုင်ငံတစ်ခုလုံးသို့ ပို့ဆောင်ပေးပါသည်။

ရရှိနိုင်သော Size များကတော့

Size - Chest - Length
M - 36'' 27''
L - 40'' 29''
XL - 44'' 31''

အားလုံး ချုပ်နှောင်ခြင်းမှ ကင်းဝေးကြပါစေရှင်။

10/17/2024

တော်လှန်သီတင်းကျွတ်လပြည့်​နေ့မှာ မြန်မာပြည်သူ၊ ပြည်သားများ အားလုံးငြိမ်းချမ်းနိုင်ဖို့နှင့် ကွဲကွာ​နေ​သောမိသားစုများ အမြန်ဆုံးပြန်လည်​ပေါင်းစည်းနိုင်ကြဖို့ HAM အဖွဲ့သားများမှ ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်။ 🙏🙏🙏

07/20/2024

ဝါဆိုလပြည့်နေ့
အခါသမယကာလတွင်

ကမ္ဘာသူ ကမ္ဘာသားအပေါင်း

ငြိမ်းချမ်းမှူ အမြန်ခံစားရကာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံပြီး
ကောင်းသောလိုရာ
ပြည့်စုံကြပါစေ

🙏🏿🙏🙏🏾

07/04/2024

မြန်မာနိုင်ငံ၏မတည်ငြိမ်သောအ‌ခြေအနေကြောင့် ရှောင်တိမ်းလာရသော LGBTQIA များကို စိတ်ပိုင်းဆိုင်ရာ လူမှု‌ရေးဆိုင်ရာ ထောက်ပံ့မှုပေးမည့် PAT Program သို့မဟုတ် ဘဝဇာတ်ခုံ အစီအစဉ်၏ လျှောက်လွှာလက်ခံခြင်းအား မနက်ဖြန် 05 July ည 12 တိတိတွင် ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။

တတ်ရောက်ခွင့်ရသူများကိုသာ ဆက်သွယ်အကြောင်းကြားသွားမှာပဲ ဖြစ်ပါသည်။

ယခုအစီအစဉ်တွင်
1. Human Rights Concept
2. Script and Content Writing
3. Mobile Photography, Videography and Editing
4. Facilitation Skills တို့ကို သင်ကြားပို့ချပေးမှာပဲ ဖြစ်ပါသည်။

သင်တန်းကာလ စလယ်ဆုံး မဖြစ်မနေ မပျက်မကွက် တတ်ရောက်နိုင်သူမှသာ လျှောက်ထားပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSctFprDxFlMTdZBLroeOCCPa2ZV8EPDU-b2thFqosfXiMxfcQ/viewform

06/29/2024

မြန်မာနိုင်ငံ၏မတည်ငြိမ်သောအ‌ခြေအနေကြောင့် ရှောင်တိမ်းလာရသော LGBTQIA များကို စိတ်ပိုင်းဆိုင်ရာ လူမှု‌ရေးဆိုင်ရာ ထောက်ပံ့မှုပေးမည့် PAT Program သို့မဟုတ် ဘဝဇာတ်ခုံ အစီအစဉ် အား လျှောက်လွှာခေါ်ယူခြင်း။

ယခုအစီအစဉ်တွင်
1. Human Rights Concept
2. Script and Content Writing
3. Mobile Photography, Videography and Editing
4. Facilitation Skills တို့ကို သင်ကြားပို့ချပေးမှာပဲ ဖြစ်ပါသည်။

လျှောက်လွှာပိတ်ရက် July 05 ရက် သောကြာနေ့ ဖြစ်ပါသည်။

လူဦးရေအနည်းငယ်ဖြင့်သာ ထိထိရောက်ရောက်သင်ကြားမည် ဖြစ်ပါသဖြင့် အမြန်ဆုံးလျှောက်ထားရန် တိုက်တွန်းပါသည်။

အသေးစိတ်အချက်အလက်များအား လျှောက်လွှာတွင်ဖတ်ရူနိုင်ပါသည်။

သင်တန်းကာလ စလယ်ဆုံး မဖြစ်မနေ မပျက်မကွက် တတ်ရောက်နိုင်သူမှသာ လျှောက်ထားပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

လျှောက်ထားရန် Link

https://docs.google.com/forms/d/e/1FAIpQLSctFprDxFlMTdZBLroeOCCPa2ZV8EPDU-b2thFqosfXiMxfcQ/viewform

Photos from HAM_Collection's post 05/17/2024

ဒီကနေ့ May 17th Theday against Homophobia, Transphobia and Biphobia ပွဲလေး တက်ရောက်ရန် ဖိတ်ကြားပေးတဲ့ "မုန်တိုင်းကြားက သက်တန့်များ" အဖွဲ့အား အထူးကျေးဇူးတင်ပါတယ်။

Q***r act ကို တလေးတစားနဲ့ Proud ဖြစ်ဖြစ်ချပြသွားတာကို အဖက်ဖက်သော နည်းပေါင်းစုံကနေ အနုပညာကို ခံစားရပြီး Myanmar q***r community တစ်ခုအနေနဲ့ မကြောက်မဝံ့ မလျော့မပေါ့ဘဲ အရင်က ပေးဆပ်ခဲ့ရတာတွေကိုတောင်မမူ ဆက်လက်၍ တော်လှန်ရေးအပေါ်အားစိုက်ကာ တော်လှန်ဆန့်ကျင့်လျက်ရှိနေကြောင်းများကို ကြက်သီးထလျက် ရင်သပ်ရှုမောစွာ ကြည့်ရှုခဲ့ရပါတယ်။

LGBT community ရဲ့ အဖက်ဖက်က activists တွေရဲ့ တော်လှန်ရေးအပေါ် ထဲထဲ၀င်၀င် ပါ၀င်ခဲ့ပုံများ၊

ကံဆိုးစွာနဲ့ အဖမ်းခံခဲ့ရသူများအား စစ်ကြောရေးတွင် အများထက်ပိုပြီး discriminate ပိုလုပ်ကာ ပိုအနိုင်ကျင့်ကြပုံများ၊

အခက်အခဲများစွာမှ ယနေ့ထိတိုင်အောင် "မကြော်ကောက်စတမ်း အခြော်ကောက်အစွမ်း" ဆိုပြီး ရွံ့ရွံ့ချွံချွံ ပါ၀င်နေကြတဲ့ LGBT အမှန်တရားဘက်တော်သားများ၏ စိတ်နေစိတ်ထားများ၊

အားလုံးကို သိမြင်ခဲ့ရပါတယ်။

ဒါ့အပြင် ပွဲလေးဖြစ်မြောက်အောင် ၀န်းကြံပေးကြသူများမှာ LGBT များတင်မဟုတ်ပဲ အဖက်ဖက်က ပြည်သူများပါ လူကိုယ်တိုင်လာရောက်၀န်းရံပေးကြတာကို မြင်ပြီး၊ ဒီလိုလူမျိုး၊ဒီလိုစိတ်ထားလေးတွေနဲ့သာ ဆက်သွားရင် နိုင်ငံကြီးပြန်လည်အေးချမ်းတဲ့အခါ LGBTQIA+ များအပေါ် discriminate လုပ်မှုများ၊ အနိုင်ကျင့်မှုများ၊ Homophobia, Transphobia and Biphobia များ ကင်းစင်၍ လူတန်းစားမခွဲခြားဘဲ စည်းလုံးညီညွတ်တိုးတက်သော လူ့ပတ်၀န်းကျင်အသစ်တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

Want your organization to be the top-listed Non Profit Organization in St. Louis?
Click here to claim your Sponsored Listing.

Telephone

Website

Address


Chippewa Street
St. Louis, MO
63116