Su Phone Mo
၂၀၂၆ မှာ အတတ်သင့်ဆုံးပညာရပ်
ကိုယ်နဲ့ ကိုယ်သိနာလည်းခြင်း။
Psychology မှာ ဒါကို metacognitive dialogue လို့ ခေါ်တယ်။
ဗုဒ္ဓာဘာသာမှာ ဒါကို ဝိပဿနာ လို့ခေါ်တယ်။
၂၀၂၆ မှာ တကယ်ရှားပါးလာတဲ့ skill က
Outside information မဟုတ်ဘူး။
Inside clarity — မိမိကိုယ်မိမိ ရှင်းရှင်းကြည့်တတ်ခြင်း။
မိမိ အတွေးကို ပြန်ကြည့်တတ်ခြင်း။
မိမိ Pattern ကို မိမိ မြင်တတ်ခြင်း။
မိမိ reaction နောက်မှာ ဘာရှိလဲဆိုတာ သိတတ်ခြင်း။
စိတ်ကို silent observer တစ်ယောက်အနေနဲ့ ကြည့်တတ်ခြင်း။
Judge မလုပ်ဘဲ ရှိတာကို ရှိတာအတိုင်း မြင်တတ်ခြင်း။
ကိုယ့်ကိုယ်ကိုမေးခွန်းတွေမေးကြည့်ပါ။
ဘာကြောင့် ဒါကို ရှောင်နေတာလဲ။
ဒီ reaction က ဘယ်ကလာတာလဲ။
တကယ်တမ်းဘာကို ကြောက်နေတာလဲ။
ကိုယ်ကလွဲရင်ဘယ်သူမှ မဖြေနိုင်ဘူး။
လူတော်တော်များများ ကလည်း ဒါကို လုပ်မနေဘူး။
ဥပမာ။
Scroll လုပ်နေတယ်ဆို….
Scroll လုပ်ရင်း ဘာကြောင့် လုပ်နေမိမှန်း မသိဘဲ လုပ်နေတာ။
တချိန်လုံးအလုပ်ရှုပ်နေတတ်တယ်ဆို….
Busy ဖြစ်ရင်း ဘယ်အရာကို တကယ်ရှောင်နေမှန်း မမြင်ဘဲ ဖြစ်နေတာ။
ဒါဟာ အလုပ်ရှုပ်ခြင်းရဲ့ ပြဿနာ မဟုတ်ဘူး။
မိမိကိုယ်မိမိ ကြည့်မမြင်ခြင်းရဲ့ ပြဿနာ။
ဒီ skill ကို ဘယ်လို တည်ဆောက်မလဲ။
သိပ်မခက်သလို မလွယ်လည်းမလွယ်ဘူး။
အဓိက က ဆက်တိုက် လုပ်နေဖို့လိုတာ။
အသိနဲ့သတိကပ်နေဖို့လိုတာ။
(၁) ကိုယ်နဲ့ ကိုယ်အတွက် အချိန် ဘယ်လောက် ပေးဖြစ်လဲ။
Phone မပါဘဲ။
Noise မပါဘဲ။
Agenda မပါဘဲ။
မပေးဖြစ်ရင် သေချာအချိန်ပေးပြီး အသိသတိကပ်ကြည့်စေချင်တယ်။
(၂) Journal ရေးခြင်း။
မေးခွန်းမေးရင်း Pattern ကို ရှာတာ။
ဒီ အပတ် မှာ ဘာတွေကို ရှောင်ခဲ့တာလဲ။
တကယ်တမ်း ဘာကြောင့်လဲ။
ဒါ ဘယ် belief နဲ့ ချိတ်နေတာလဲ။
Journal ဆိုတိုင်း ဒီနေ့ဖြစ်တာလေးရေး။
ကျေးဇူးတင်တဲ့အရာ (၃)ချရေးရမယ်ဆိုလို့ ရေးရုံနဲ့မပြီးဘူး။
တကယ်တော့ Journal ရေးတဲ့အချိန်က
ကိုယ်နဲ့ကိုယ့်အတွေး တွေကို တွေ့ဆုံခွင့်ပေးတဲ့အချိန်ဖြစ်နေသင့်တာ။
(၃) တရားထိုင်ခြင်း။
တရားထိုင်တယ်ဆိုတာ ဘာသာရေး လုပ်ငန်းစဉ် တစ်ခုတည်း မဟုတ်ဘူး။
ဒါဟာ ကိုယ့်စိတ်ကို အနီးကပ် စောင့်ကြည့်တဲ့ လေ့ကျင့်ခန်း ဖြစ်တယ်။
အတွေးတွေ လွင့်နေရင် လွင့်နေမှန်း ရိုးရိုးလေးပဲ ပြန်ကြည့်နေရမယ်။
ဘာ Frame မှ မတပ်ဘဲ ရှိတာကို ရှိတဲ့အတိုင်း မြင်အောင် ကြည့်တာ ဝိပဿနာပဲ။
နေ့တိုင်း စက္ကန့်ပိုင်းလောက် ဖြစ်ဖြစ် စိတ်အခြေအနေကို ဆင်ခြင်တဲ့ အလေ့အထ လုပ်ရမယ်။
ဒီတော့ ဒီ Skill ကခက်လားဆို
မခက်ဘူး။
တစိုက်မတ်မတ်လုပ်ပြီး
ကိုယ့်ကိုယ်ကို မလိမ်ဖို့ဘဲလိုတာ။
06/10/2026
Proactive ဖြစ်တယ်၊ ကြိုးစားချင်စိတ်ရှိတယ်၊ Marketing ပိုင်း စိတ်ဝင်စားပြီး WFH အလုပ်လုပ်ချင်တဲ့သူတွေအတွက်။
ဒီ position လေးက form မပိတ်သေးပါဘူးနော်၊ မပိတ်သေးခင်မှာ စိတ်ဝင်စားရင် လျှောက်လို့ရပါတယ်။
Hiring: Marketing Coordinator Position
CURI မှာ အဖွဲ့နဲ့ လက်တွဲ လုပ်ကိုင်နိုင်မဲ့ Marketing Coordinator တစ်ဦး လိုအပ်နေပါတယ်။
🟠 Job Description
➡️ Content & Social Media:
Social Media Platform များအတွက် Content Strategy များ ချမှတ်ခြင်း။
Content/Graphic/Video Asset များကို Review လုပ်ခြင်း။
➡️ App Content & Community Engagement:
CURI App အတွင်း စာအုပ်အသစ်များနှင့် Push Notification များ စနစ်တကျ စီမံခန့်ခွဲခြင်း။
စာဖတ် Program အတွက် နေ့စဉ် Action Plan များနှင့် အပတ်စဉ် Zoom Session များကို အစီအစဥ်ချခြင်း။
➡️ Program Cohort Launch & Operations:
လစဉ် Reading Program အသစ်များ စတင်နိုင်ရန်အတွက် လိုအပ်သည်များကို အစအဆုံး ပြင်ဆင်ခြင်း။ Program အတွက် Promotion, Announcement နှင့် Campaign အိုင်ဒီယာထုတ်ခြင်း။
➡️ Performance Analytics & Reporting:
လုပ်ဆောင်ခဲ့သမျှ Content များ၊ Notification များနှင့် App ရဲ့ ရလဒ် (Data Metrics) များကို အပတ်စဉ် ဆန်းစစ်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ဗျူဟာများနှင့် Action Plan များ ပြန်လည်ချမှတ်ခြင်း။
🟠 Job Requirements (လိုအပ်ချက်များ)
➡️AI Tools များနှင့် နည်းပညာပိုင်းဆိုင်ရာ Admin Tools များကို ရင်းနှီးကျွမ်းဝင်သူ၊ အသုံးပြုနိုင်သူ ဖြစ်ရမည်။
➡️ စာဖတ်ဝါသနာပါပြီး Content များအပေါ် နားလည်သဘောပေါက်နိုင်စွမ်းရှိသူ။
➡️အဖွဲ့အစည်းနှင့် လုပ်ကိုင်နိုင်စွမ်းရှိပြီး ဆက်သွယ်ရေး ကောင်းမွန်သူ။
➡️ အလုပ်တာဝန်များကို Deadline အမီ ပြီးစီးအောင် ဆောင်ရွက်နိုင်သူ။
🟠 How to Apply (လျှောက်ထားရန်)
စိတ်ပါဝင်စားသူများအနေဖြင့် CV Form နှင့် မျှော်မှန်းလစာတို့ကို ဖြည့်စွက်ပြီး comment ရှိ Notion Link မှ တဆင့် ပေးပို့လျှောက်ထားနိုင်ပါတယ်။ ⬇️
Touch the grass.
Drink the water.
Relax your mind.
Sweat out the stress.
Life heals quietly when you return to simple things.
လိုင်းပေါ်ကပွဲတွေ နဲ့ လူတွေ၊ algorithm ရဲ့ ကစားပွဲတွေကို စိတ်ဝင်စား နေမဲ့အစား
ကိုယ့်ရဲ့
• စီးပွားရေး
• ပတ်ဝန်းကျင်
• နေထိုင်မှုပုံစံ
• ပညာရေး
• လက်တွဲဖော်
• ကျန်းမာရေး
• ငွေကြေးနဲ့ ချမ်းသာကြွယ်ဝမှု
• ဆက်ဆံရေးများ
• စိတ်ပိုင်းဆိုင်ရာနဲ့ အတွင်းစိတ်ကမ္ဘာ (inner world)
• လူမှုအသိုင်းအဝိုင်း
• ဝိညာဉ်ရေးရာနဲ့ အတွေးအခေါ်
• ခရီးသွားလာခြင်း
• ကျွမ်းကျင်မှုနဲ့ ကိုယ်ပိုင်တိုးတက်မှု
• စနစ်တွေနဲ့ tools တွေ
• legacy နဲ့ ရေရှည်မျှော်မှန်းချက်
အပေါ်မှာ အာရုံစိုက်ပါ။
ကိုယ့်ရဲ့
• အတွေးအခေါ်ပုံစံ
• အလေ့အထများ
• ပေါင်းသင်းဆက်ဆံရေး စက်ဝိုင်း
• ပတ်ဝန်းကျင်
• စံနှုန်းများ
• ဆုံးဖြတ်ချက်များ
• စွမ်းအင်
ကို ပြောင်းလဲပါ။
ကိုယ့်ရဲ့
• အကြောင်းပြချက်များ
• အာရုံလွှဲစရာများ
• ရှောင်လွှဲခြင်း
• အလွန်အကျွံတွေးတောခြင်း
• ဆူညံသံများ
ကို ဖယ်ရှားပါ။
7 moves in 5 years with a family of 6. 📦✨ Most people call it stressful, we call it our favorite creative project! It’s all about reframing the chaos into fresh energy and better opportunities. Ready for the next adventure, but loving the now. 🤍
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
1420 James Street
Springfield, IL
62703