Border News Agency
06/01/2026
မလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ - ၄
Border News Agency
မြောက်ဦး၊ဇွန် ၁။
၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေအရ သတ်မှတ်ချက်မူဘောင်များ
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ(The Land Acquisition Act, 1894)မှာ ဗြိတိသျှ- အိန္ဒိယကိုလိုနီနယ်များတွင် လူပါးဝရန်ရေးဆွဲခဲ့သော်လည်း ဗြိတိသျှများအနေဖြင့် လူသားဆန်ခဲ့သောအချက်များလည်းရှိခဲ့သည်။
အကယ်၍အာဏာပိုင်တရပ်သည် ၁၈၉ ၄ ခုနှစ်မြေသိမ်းဥပဒေကို ကျင့်သုံးသည်ဟုဆိုလာသည်နှင့် ထိုဥပဒေမူဘောင်ထဲကသာ ဆောင်ရွက်ရမည်ဖြစ်သည်။
ထိုဥပဒေမူဘောင်ကိုကျော်လွန်၍လုပ်ချင်သလိုလုပ်နေ၍မရတော့ပေ။
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရအာဏာပိုင်များကို ဤသို့ဘောင်ခတ်ထားပေသည်။
၁၈၉၄ခုနှစ်မြေသိမ်းဥပဒေကို ကျင့်သုံးသည်ဟုအများသိအောင်ကြေငြာသောအာဏာပိုင်တရပ်သည် မြေကို ရုတ်တရက် ထင်သလိုသိမ်းခွင့်မရှိပေ။
မြေသိမ်းလိုပါက ထိုအာဏာပိုင်အနေဖြင့် ပြုလုပ်ရမည့်အချက်များရှိနေသည်။
မြေတိုင်း၊ကန့်ကွက်လွှာခေါ်၊စိစစ်၊မြေသိမ်းအမိန့်ထုတ်၊လျှော်ကြေး
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေပုဒ်မ ၄ (Section 4)အရမြေတိုင်းတာစစ်ဆေးခြင်းဆိုင်ရာအမိန့်ကြော်ငြာပေးရသည်။
ပုဒ်မ၅(က)(Section 5-A)အရ အသိမ်းခံရသူဘက်မှကန့်ကွက်နိုင်ရန်အချိန်သတ်မှတ်ချက်ပေးရသည်။
ထိုကန့်ကွက်ချက်များကို စိစစ်ပြီးနောက် ပုဒ်မ ၆ အရ မြေသိမ်းရန်အမိန့်ထု တ်ပြန်ရသည်။
ပုဒ်မ(၁၁)(Section 11)အရ လျှော်ကြေးငွေပမာဏကို သတ်မှတ်ရသည်။
အတိုကောက်အားဖြင့် မြေတိုင်း၊ကန့်ကွက်လွှာခေါ်၊စိစစ်၊မြေသိမ်းအမိန့်ထုတ်၊လျှော်ကြေးဆိုသည့် အဆင့်များကို ဖြတ်သန်းရသည်။
ဤသို့လုပ်ငန်းစဉ်များကို အဆင့်လိုက် မဖြတ်သန်းဘဲ မြေတိုင်းတာမှုကြော်ငြာချိန်ကပင် လျှော်ကြေးကိစ္စအား အဆင့်ကျော်ကာ တဧကသိန်းရှစ်ဆယ်ဖြင့် လက်ဦးမှုယူသတ်မှတ်မှုသည် အညာအတာမဲ့ရာရောက်လွန်းနေသည်။
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရ သတ်မှတ်ထားသော လုပ်ငန်းစဉ်အဆင့်များကို အကွက်ကျော်ရိုက်လျှက်လူထု၏ ရပိုင်ခွင့်ကို ထိန်းချုပ်အနိုင်ကျင့်သည့် သဘောဖက်ကို ရောက်နေသည်။
ထိုသို့လုပ်ထုံးလုပ်နည်းအရလျှော်ကြေးကိစ္စအား မြေတိုင်းတာရန်ကြော်ငြာသည့်အချိန်ကပင် လက်ဦးရန်ကြိုးစားခြင်းသည် လူထု၏ရပိုင်ခွင့် ဖြစ်သော် ပုဒ် မ ၂၃ နှင့်ပုဒ်မ ၁၈ တို့အား ကြိုတင်ပိတ်ပင်မှုလည်းဖြစ်သည်။
အဘယ်ကြောင့် အာဏာပိုင်များက ထိုသို့ ပြုလုပ်ကြသနည်းဆိုသော် ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရမြေသိမ်းလိုသော်လည်း ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရပေးရမည့် လျှော်ကြေးကိုတော့ မပေးချင်၍ဖြစ်သည်။
ဥပဒေဟူသည် အပြစ်ကို ကျူးလွန်မှ ချိုးဖောက်သည်မဟုတ်၊ဤသို့အစီအစဉ်တကျလုပ်ရမည်ဟု ပြဋ္ဌာန်းထားမှု ကိုမလိုက်နာဘဲ ကွက်ကျော်လုပ်ခြင်းသည်လည်း ချိုးဖောက်ရာမြောက်နေပြီ ဖြစ်သည်။
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ၏လျှော်ကြေးဆိုင်ရာမူဘောင်
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ(The Land Acquisition Act, 1894)အရ မြေသိမ်းဆည်းခံရသူများအား လျော်ကြေးပေးရန်အတွက်သတ်မှတ်မှုတွင် မြေတန်ဖိုးတခုတည်းကိုသာ ကြည့်၍သတ်မှတ်ရသည်မဟုတ်ဘဲ နစ်နာမှုအမျိုးမျိုးအတွက်ပါ တွက်ချက်ပေးရသည်။
ပုဒ်မ ၂၃(Section 23)တွင် လျှော်ကြေးငွေသတ်မှတ်ရာ၌ ထည့်သွင်းစဉ်း စားရမယ့်အချက်ခြောက်ချက်ကို အတိအလင်းပြဋ္ဌာန်းထားသည်။
ပုဒ်မ ၂၃ သည်အာဏာပိုင်အဖွဲ့၏လျှော် ကြေးသတ်မှတ်ခွင်(ပုဒ်မ ၁၁)အား စိတ်ထင်သည့်အတိုင်းမဖိနှိပ်စေရန် အာဏာ ပိုင်အဖွဲ့ကို ပြန်လည်ထိန်းချုပ်ထားသော ပုဒ်မဖြစ်သည်။
ထိုပုဒ်မ ၂၃ အရ...
၁ - မြေ၏လက်ရှိကာလပေါက်ဈေး (Market Value)အတိုင်း လျှော်ကြေးပေးခြင်း၊ကာလလက်ရှိပေါက်စျေးအား သတ်မှတ်ရာတွင် ပုဒ်မ(၄)(Section -4) မြေသိမ်းဆည်းကြောင်း ပထမဆုံးအစိုးရထုတ်ပြန်သော အမိန့်ကြော်ငြာစာထွက်ပေါ်လာတဲ့နေ့တွင်ရှိနေသောအဆိုပါမြေ၏ပေါက်ဈေးကို အခြေခံတွက်ချက်ရသည်။
၂ - သီးနှံနှင့်သစ်ပင်များ ပျက်စီးဆုံးရှုံးမှုအတွက် လျှော်ကြေးပေးခြင်း၊မြေသိမ်းယူသောအချိန်တွင်အဆိုပါမြေပေါ်ရှိ စိုက်ပျိုးထားသောသီးနှံ၊သစ်ပင် သို့မဟုတ်အဆောက်အအုံရှိနေပါက အဆိုပါ အရာဝတ္ထုပစ္စည်းများအတွက် နစ်နာကြေးကိုပါ ထည့်သွင်းတွက်ချက်ရသည်။
၃ - မြေခွဲခြားခံရမှုကြောင့်နစ်နာမှု (Severance)အတွက် လျှော်ကြေးပေးခြင်း၊မိမိပိုင်ဆိုင်သော မြေကွက်ကြီးထဲကမှတစိတ်တပိုင်းကို ဖြတ်ကာ အသိမ်းခံရသောကြောင့် ကျန်ရစ်သော မြေကွက်မှာတန်ဖိုးကျဆင်းသွားမှုသို့မဟုတ်အသုံးမဝင်တော့မှုကြောင့် ပေးရသည့်နစ်နာကြေးဖြစ်သည်။
၄ - အခြားပိုင်ဆိုင်မှုများ ထိခိုက်မှုအတွက်လျှော်ကြေးပေးခြင်း၊မြေသိမ်းယူမှုကြောင့် မိမိ၏အခြားရွှေ့ပြောင်းနိုင်သောပစ္စည်း၊မရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ရပိုင်ခွင့် ဝင်ငွေတခုခု ထိခိုက်ပျက်စီးသွားပါက ပေးရမည့်နစ်နာကြေးဖြစ်သည်။
၅ - နေရာပြောင်းရွှေ့စရိတ်အတွက် လျှော်ကြေးပေးခြင်း၊မြေသိမ်းခံရမှုကြောင့် မိမိ၏နေအိမ်သို့မဟုတ် လုပ်ငန်းခွင်ကို အခြားတနေရာသို့ မဖြစ်မနေ ပြောင်းရွှေ့ရသောအခါ ကုန်ကျမည့်စရိတ်စကများအတွက် လျှော်ကြေးဖြစ်သည်။
၆ - လုပ်ငန်းအမြတ်အစွန်း လျော့နည်းမှု အတွက် လျှော်ကြေးပေးခြင်း၊နေရာပြောင်းရွှေ့ရသော အချိန်အတောအ တွ င်းတွင် မိမိလုပ်ကိုင်နေသောလုပ်ငန်းခွ င်ရပ်တန့်သွားရ၍ဝင်ငွေ/အမြတ်အစွ န်းလျော့နည်းနစ်နာမှုအတွက် ပေးရသည့်လျှော်ကြေးဖြစ်သည်။
၇ - ဆုံးရှုံးခံရန်သဘောတူညီမှုအတွက် အထူးဆုကြေး(Solatium)၁၅ ရာခိုင်နှုန်းပေးခြင်း၊ အထက်ပါအချက်များ တခုချင်းစီ တွက်ချက်ရလာသော(စုစု ပေါင်းမြေတန်ဖိုး)အပေါ်တွင် မြေအား မမြတ်နိုးဘဲလက်လွတ်ပေးရမှု (Compulsory Nature of Acquisition) အတွက် နှစ်သိမ့်မှုအနေဖြင့် နောက်ထ ပ် ၁၅ ရာခိုင်နှုန်းအား အစိုးရက အပိုဆောင်းပေါင်းထည့်ပေးရသေးသည်။
ဥပမာ - နစ်နာမှုအားလုံးအတွက် နံပါတ် ၁ မှ ၆ ထိ တွက်ချက်ရသော မြေတန်ဖိုးမှာ သိန်းတရာရှိသည်ဆိုလျှင်အတင်း အဓမ္မသိမ်းယူခံရမှုအတွက်"လက်လွတ်ပေးရန်သဘောတူမှု"အတွက် ၁၅ ရာခိုင်နှုန်းဖြစ်သော (တဆယ့်ငါးသိန်း)ထပ်ပေါင်းပြီး စုစုပေါင်းလျော်ကြေးငွေ ၁၁၅ သိန်းပေးရမည်ဖြစ်သည်။
လျော်ကြေးတွက်ချက်ရာတွင် ထည့်မတွက်ရမည့်အချက်များ
ဥပဒေပုဒ်မ ၂၄ (Section 24)အရ
- မြေသိမ်းခံရသူ၏မလိုလားအပ်သော စိတ်အနှောင့်အယှက်ဖြစ်မှု(သို့)အနာဂ တ်တွင်ရနိုင်ခြေရှိသောမှန်းဆဝင်ငွေ။
- မြေသိမ်းပြီးနောက်ပိုင်းမှ ထိုမြေပေါ်တွင်ပြုလုပ်သောအစိုးရစီမံကိန်းကြော င့် မြေတန်ဖိုးတက်လာမည့်အချက်။
- မြေသိမ်းမည်ဟု အမိန့်ထုတ်ပြန်ပြီးခါမှလျှော်ကြေးပိုရလိုသဖြင့် မြေပေါ်တွင် တမင်သက်သက်အဆောက်အအုံဆောက်ခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်မှု။
စသည့်အချက်များအားလျှော်ကြေးတိုးတောင်းရန် အကြောင်းပြချက်အဖြစ်အ သုံးမပြုခွင့်မရှိပေ။
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရလျှော်ကြေးဟူသည်အထက်တွင်ဖော်ပြခဲ့သောအချက်ခြောက်ချက်ဖြစ်သည့် "ကာလပေါက်ဈေး+ဖြစ်ပေါ်လာမည့် နစ်နာမှုအားလုံး+၁၅ ရာခိုင်နှုန်းနှစ်သိမ့်ကြေး"ကို ပေါင်းစပ်ပြီး ကော်လိတ္တော်အရာရှိ(Collector)ခရိုင်အုပ်ချုပ်ရေးမှူး က ကွင်းဆင်းစစ်ဆေးဆုံးဖြတ်ပေးခြ င်းဖြစ်သည်။
ပုဒ်မ ၂၃ အရ လျှော်ကြေးငွေအသေး စိတ်တွက်ချက်ပုံဥပမာ...
စီမံကိန်းတခုအတွက် ဦးအေး ပိုင်ဆိုင်သော လယ်မြေငါးဧကထဲကနှစ်ဧကအားအစိုးရမှ သိမ်းယူလိုက်သည်။
ထိုနှစ်ဧကပေါ်တွင် စပါးခင်း၊သရက်ပင်အချို့နှင့်နေအိမ်တလုံးလည်းပါနေ သည်။
အာဏာပိုင်များသည်ဦးအေးအတွက် လျှော်ကြေးကို အောက်ပါအတိုင်းသတ်မှတ်တွက်ချက်ရသည်။
(က)မြေတန်ဖိုး(Market Value)- အနီးနားက မြေအရောင်းအဝယ်စာချုပ်များ၊ကာလပေါက်ဈေးအရ တဧကကိုသိန်းငါးရာဆိုလျှင်နှစ်ဧကအတွက်=သိန်းတထောင်။
(ခ)သီးနှံနှင့်အဆောက်အအုံတန်ဖိုး- ပါသွားသောနေအိမ်တန်ဖိုး-သိန်းတထောင်၊သရက်ပင်တနှစ်အသီးထွက်နှုန်း တန်ဖိုးနှင့်အပင်၏သစ်သားတန်ဖိုး=သိန်းနှစ်ဆယ်၊စပါးခင်းထွက်နှုန်းကာလတန်ဖိုး=သိန်းလေးဆယ်)ဖြစ်၍ စုစုပေါင်း - သိန်းတရာခြောက်ဆယ်(၁၆၀)
(ဂ)မြေဖြတ်တောက်ခံရမှုနစ်နာကြေး (Severance)-ငါးဧကထဲမှနှစ်ဧက အလယ်မှဖြတ်သိမ်းလိုက်၍ကျန်ခဲ့သောသုံးဧကမှာပုံသဏ္ဍာန်ပျက်၍စိုက်ပျိုးရခက် သွား၍ကျန်မြေ၏တန်ဖိုးကျဆင်းမှု (ဥပမာ = ယခင်က တဧကသိန်းငါးရာအား ယခုအခါ သိန်းသုံးရာဖြင့် လျော့ရောင်းရမည့်အခြေအနေမျိုးရှိပါကကျ သွားသောတန်ဖိုး=သိန်းနှစ်ရာ(သုံးဧက ဆိုပါလျှင်သိန်းခြောက်ရာ(၆၀၀)
(ဃ)နေရာပြောင်းရွှေ့စရိတ်နှင့်လုပ်င န်းပျက်ပြားမှုအတွက်လျှော်ကြေး-အိမ် ပြောင်းရမည့်သယ်ယူပို့ဆောင်ခ၊လယ် ယာလုပ်ငန်းခေတ္တရပ်ဆိုင်းသွားသော နစ်နာကြေး(ဥပမာ=သိန်းသုံးဆယ်(၃၀) ။
တွက်ချက်မှု-
ရပိုင်ခွင့်အားလုံးစုစုပေါင်း = ၁၀၀၀+ ၁၆၀+ ၆၀၀+ ၃၀ = ၁၇၉၀သိန်းကျပ် နှင့်
ဥပဒေအရပေးရမည့် ၁၅ ရာခိုင်နှုန်း လက်လွတ်ခအထူးဆုကြေး(Solatium) = ၁၇၉၀ကျပ်၏ ၁၅ ရာခိုင်နှုန်း = ၂၆၈.၅ သိန်းဖြစ်၍
ဦးအေးရရှိမည့်စုစုပေါင်းလျော်ကြေး= ၁၇၉၀ သိန်း+ ၂၆၈.၅ သိန်း = ၂၀၅၈.၅ သိန်းကျပ်ဖြစ်ပါသည်။
အကယ်၍လျှော်ကြေးငွေနည်းလွန်းပါကပုဒ်မ(၁၈)(Section 18)အရ တရား ရုံးသို့လွှဲပြောင်းလျှောက်ထားရမည်ဖြစ်သည်။
မြေသိမ်းခံရသူက ကော်လိတ္တော်သတ် မှတ်ပေးသောလျှော်ကြေးငွေပမာဏအပေါ် မကျေနပ်၊(နည်းလွန်းသည်ဟု)ဆိုလျှင် မြေပိုင်ရှင်သည် ကန့်ကွက်လွှာ တင်သွင်းပေးရသည်။
ထိုလျှော်ကြေးအမိန့်ထုတ်ပြန်သောနေ့ (သို့မဟုတ်)နို့တစ်စာရသောနေ့မှစ၍ဥပဒေကသတ်မှတ်ထားသောရက်သတ္တပတ်ခြောက်ပတ်(သို့)ခြောက်လအတွင်း ကော်လိတ္တော်ထံ"လျှော်ကြေးကိစ္စတရားရုံး(District Court)သို့ လွှဲပြောင်းစစ်ဆေးပေးရန်"ကန့်ကွက်လွှာတင်ရသည်။
တရားရုံးမှနှစ်ဖက်သက်သေများကို ပြန်ခေါ်စစ်ဆေးကာလျှော်ကြေးငွေနည်းနေပါကလျှော်ကြေးတိုးပေးရန်အမိန့်ချမှတ်နိုင်သည်။
တရားရုံးက ကော်လိတ္တော်သတ်မှတ်မှုထက် လျှော်ကြေးငွေပိုပေးဖို့ဆုံးဖြတ်ခဲ့ပါက အစိုးရက မြေကိုစတင်သိမ်းယူသောနေ့မှလျှော်ကြေးငွေအပြည့်အဝပေးချေေသောနေ့ထိ ကြားကာလအတွက် တနှစ်လျှင်ခြောက်ရာခိုင်နှုန်းတိုးငွေကိုပါ ထည့်သွင်းတွက်ချက်ပြီး မြေပိုင်ရှင်ကို ပေးရသည်။
ကော်လိတ္တော်အခတ်ခံထားရသောမူဘောင်
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရလျှော်ကြေးပေးရန်အဆင့်ဆင့်ဆောင်ရွက်ရာ တွင်အဓိကအပိုင်းသုံးပိုင်းကို ကော်လိတ္တော်လိုက်နာရသည်။
ပုဒ်မ၉ (Section 9)အရ နို့တစ်စာပေးပို့ရသည်။ မြေသိမ်းရန်အတည်ပြုသောအခါ ကော်လိတ္တော်က မြေပိုင်ရှင်များ၊ အကျိုးခံစားခွင့်ရှိသူများကို "ဘယ်နေ့၊ ဘယ်အချိန်မှာလျှော်ကြေးငွေ ဘယ်လောက်တောင်းဆိုချင်လဲ၊လာရောက်တင်ပြရန် ရက်ချိန်းနှင့်နို့တစ်စာ"ပို့ ရသည်။ထိုနောက် ကွင်းဆင်းစစ်ဆေးရသ ည်။
ထိုကော်လိတ္တော်က မြေတည်နေရာ၊အကျယ်အဝန်း၊မြေပေါ်မှာရှိအဆောက်အအုံ၊သစ်ပင်၊သီးနှံများကို ကိုယ်တိုင် သို့မဟုတ် တာဝန်ခံအဖွဲ့ဖြင့် ကွင်းဆင်း စာရင်းကောက်ရသည်။
ထိုနောက် ပုဒ်မ(၁၁)(Section 11)အရလျှော်ကြေးအမိန့်ချမှတ်ခြင်း (Collector's Award )ကို လုပ်ရသည်။
ထိုသို့လုပ်သည့်အခါ နှစ်ဖက်တင်ပြချက်များ၊ကာလပေါက်ဈေးများကို စိစစ်ကာ ကော်လိတ္တော်က"ဒီမြေကွက်အတွ က် စုစုပေါင်းလျှော်ကြေးငွေဘယ်လောက်ပေးမည်"ဆိုသော အတည်ပြုအမိန့် (Collector's Award)ကို ထုတ်ပြန်ရသည်။
ထိုသို့အမိန့်ထုတ်ရန် အထက်တွင်ဖော်ပြခဲ့သောလျှော်ကြေးတွက်ချက်မှုပုဒ်မ (၂၃)ကို ကော်လိတ္တော်လိုက်နာရသည်။
၎င်း၏အမိန့်ကို မြေသိမ်းခံရသူက မကြေနပ်ပါက ကော်လိတ္တော်ကိုယ်တိုင် တရားရုံးကို မြေသိမ်းခံရသူကိုယ်စားအမှုတင်ပေးရသည်။
အရေးပေါ်အခြေအနေတွင်မြေသိမ်းခြင်း(Section 17 - Urgency Clause)
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအရပုံမှန်ဆိုလျှင် အထက်တွင်ဖော်ပြခဲ့သောအ ဆင့်များအကုန်ပြီးမှ မြေကိုအစိုးရက လက်ရောက်ရယူခွင့်ရှိသည်။
သို့ရာတွင် ရေကြီး၊ကမ်းပြို၊အခြေခံအ ဆောက်အအုံများ အရေးပေါ်ပြင်ရန် လိုအပ်နေသော"အလွန်အရေးကြီးသောအခြေအနေ"မျိုးတွင်...
အစိုးရက ကြေညာချက်ထုတ်ပြီး ၁၅ ရက်အကြာတွင် လျှော်ကြေးအပြီးအပြ တ်မသတ်မှတ်ရသေးခင် မြေကို အရင်ဝင်သိမ်းခွင့်ပြုထားသည်။
ထိုသို့သိမ်းပါကယာယီအားဖြင့် တွက်ချက်ထားသောလျှော်ကြေးငွေ၏ရှစ်ဆယ်ရာခိုင်နှုန်းအားမြေပိုင်ရှင်ထံချက်ချင်း ကြိုတင်ထုတ်ပေးရရန် ပြဋ္ဌာန်းထားသည်။
ပြီးမှသာလျှင် လျှော်ကြေးကိစ္စ ဆက်ရှင်းရသည်။
တခုသောအချိန်တုန်းက စျေးဝယ်လျှင်တောင် သေနတ်ကိုင်ပြီး စျေးမဆစ်ရန် အောက်ခြေကိုညွှန်ကြားခဲ့ဖူးသောအဖွဲ့အစည်းသည် ယခုမူကား တဧကကိုသိန်းငါးရာပေါက်နေသောမြေအား သိန်းရှစ်ဆယ်သာပေးနေကြလေပြီ.....။
ဆက်ရန်...
Website - https://burmese.bnanews.net/articles/33189/
#မြေသိမ်းဥပဒေ #ဗြိတိသျှ #အိန္ဒိယ #ကိုလိုနီ
မင်းတုန်းမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး (ရုပ်သံ)
Border News Agency
မင်းတုန်း၊ဇွန် ၁။
အာဏာသိမ်းစစ်တပ်ဟာမင်းတုန်းမြို့နယ်အတွင်း လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေအသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတ ယ်လို့ သရက်ခရိုင်အမှတ်၄တပ်ရင်းမှ ဇွန်လ ၁ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမင်းတုန်းမြို့နယ်၊ပြောင်းကျေးရွာနဲ့ဒေါင်းတိုက်ကျေးရွာအနီးမှာ ဇွန်လ ၁ရက်၊ဒီနေ့မနက်ထိအာဏာ သိမ်းစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေမှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာနဲ့ ဒရုန်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး တိုက်ပွဲ ၁၇ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့သလို ဒဏ်ရာအများအပြားရသွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်းသုံးကြောင်းခွဲပြီး မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာတွေနဲ့ ရခိုင်ရိုးအစပ်ကို ဆက်စစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူးဂရုပြုကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ကိုလည်း သရက်ခရိုင်အမှတ်၄တပ်ရင်းမှ အသိပေးထားပါတယ်။
ရုပ်သံ - သရက်ခရိုင်အမှတ်၄တပ်ရင်း
#မင်းတုန်းမြို့နယ် #လေကြောင်း #လက်နက်ကြီး #စစ်ကြောင်းထိုး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
626 Eldrid Drive
Silver Spring, MD
20904