Tech For You
ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ
မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု
သတိပေးပြောပြပေးချင်ပါတယ်။
အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ
တက်နေကြတာပါပဲ။
တက်နေလို့ မရဘူးလားဆိုတော့ ရပါတယ်။
တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာ
ထွတ်ပေါက်မရှိဘဲ ပိတ်မိနိင်တဲ့အတွက်
အသက်တွေ ဆုံးရှုံးရနိင်ပါတယ်
ဒါကြောင့်ရေတက်လာချိန် အိမ်အပေါ်ဆုံးထပ်ကို
တက်နေကြမဲ့သူတွေ ဒီအချက်ကလေးတွေကို
သတိထားပေးစေချင်ပါတယ်
- အိမ်ခေါင်မိုးကို အရေးပေါ်ထွတ်ပေါက်အနေနဲ့
ဖွင့်ထားရပါမယ် (သွပ် ၂ ချပ် ၃ ချက်လောက်
လှန်ထားသင့်ပါတယ်)
- အ၀တ်အစားကို ချွတ်ရ၀တ်ရလွယ်တာမျိုး
၀တ်စားထားဖို့လိုပါတယ် (ရေကူးရချိန်မှာ အ၀တ်တွေက
လူကို ပိုလေးစေလို့ ပေါ့ပါးချွတ်ရလွယ်တဲ့
အ၀တ်အစားတွေ ၀တ်ထားသင့်ပါတယ်)
- အရေးကြီးစာရွက်စာတမ်းတွေ၊ဖုန်း၊ပါဝါဘန့်
စတာတွေကို ရေလုံအောင် ထုတ်ပိုးပြီး ပေါ့"ပါး"ပုံစံနဲ့
ကိုယ်နဲ့မကွာအောင် ဆောင်ထားဖို့လိုပါမယ်
- ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို
အချိန်ပြည့်စောင့်ကြည့်ဖို့ လိုပါမယ်(မြစ်ချောင်း၊
အင်းအိုင်နီးရင် ပိုပြီးသတိထားစောင့်ကြည့်ဖို့လိုပါမယ်)
- အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့)
လမ်းမပေါ် ရေတိုးလာတာနဲ့ ခေါင်းမမာဘဲ
ကုန်းမြင့် (သို့) ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ
Credit
09/02/2024
စွန့်စားမှုအပြည့်နဲ့adventure world gameplay p1
by Y P O
watch to tutorial link
စွန့်စားမှုအပြည့်နဲ့adventure world gameplay p1by Y P O If you like please do like share and subscribe my channel, to know every new videos please press the notification bell iconFollo my Facebook' pagehttps://www...
09/07/2023
B2B plan များအားကိုယ်တိုင်လျှောက်ထားလို့ရပါပြီ
MPT B2B လျှောက်ရန် 👇👇👇
https://docs.google.com/forms/d/e/1FAIpQLSfg97Y4t8jorRPVZ0fkD2a6NqGkuGfBzV-R9yH_ymAmdbYxEQ/viewform?usp=sf_link
Ooredoo B2B လျှောက်ရန် 👇👇👇
https://docs.google.com/forms/d/e/1FAIpQLSffecMoNAASZWsSaQQNEMXLbnhZtDvzixghP1JGfv0KwppNWw/viewform?usp=sf_link
Atom B2B လျှောက်ရန် 👇👇👇
https://docs.google.com/forms/d/e/1FAIpQLSdCBZAO8N5H-KAZrzeVyNzJA0J3q74dfeVtR3Ss0g3iadPT2w/viewform?usp=sf_link
MPT B2B MPT B2B plan လျှောက်မည်ဆိုပါကကြာချိန်ရုံးပိတ်ရက်မပါ ၂ ရက်အတွင်းပါ။ Plan ကျရင်တပတ်အတွင်းအသုံးပြုပေးရပါမယ်။ အသုံးမပြ.....
07/25/2023
Hello all! အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးပါခင်ဗျာ။
ဒီတစ်ခါကျွန်တော်ပျောမဲ့အကြောင်းအရာလေးကတော့ mx player မှာကိုမသိတဲ့နိုင်ငံခြား movie တွေကို မြန်မာစာတန်းထိုးပြီးကြည့်တဲ့နည်းလေးပဲဖြစ်ပါတယ်။
ဒီနည်းလမ်းလေးကတော့ကျွန်တော်တို့နှင့်သိပ်တော့မဆိုင်ပေမဲ့၊ နည်းပညာတစ်ခုအရသိထားသင့်တယ်ထင်လို့ပျောပြပေးလိုက်ပါတယ်
ကယ်ဒါဆိုရင်လိုရင်းကိုစလိုက်ရအောင်။
Title Mx Player နှင့်နိုင်ငံခြား movie တွေကိုမြန်မာစာတန်းထိုးကြည့်နည်း။
25- 7-2023 by tech for you.
အရင်ဆုံးအနေနှင့်မိမိဖုန်းထဲက Mx player ထဲကိုအရင်ဝင်လိုက်ပါ။
ပြီးရင်မိမိဖုန်းရဲ့ဘယ်ဘက်အပေါ်ထောင့်ကိုကြည့်လိုက်ပါ။
ဘယ်ဘက်အပေါ်ထောင့်က3dot အစပ်ကလေးသုံးစပ်နှင့် navigate up button ဆိုတဲ့menu ထဲကိုဝင်လိုက်ပါ။
Menu ထဲကိုယောက်ရင် local player settings ထဲကိုထက်ဝင်ပေးပါခင်ဗျာ။
Local Player Settings ကဖုန်း scream မျက်နှာပြင်ရဲ့ဘယ်ဖက်အလယ်မကြတကြလောက်မှာရှိပါတယ်။
အဲဒိ local player settings ထဲကိုရောက်ရင် list player decoder audio subtitle general development ဆိုတဲ့ settings လေးတွေရှိပါတယ်။
ဒီ setting တွေထဲက subtitle ထဲကိုဝင်လိုက်ပါ။
ပြီးရင် preferred subtitle language ထဲကမြန်မာဘာသာ My ဆိုတဲ့ language ကိုရွေးပေးပါ။
ဒီလိုရွေးပြီးရင် scream ရဲ့ညာဖက်အောက်ခြေက back ခလုတ်ရဲ့အပေါ်က ok button ကိုနှိပ်လိုက်ပါခင်ဗျာ။
ဒါဆိုရင်မိမိဖုန်းထဲမှာ ကိုမသိတဲ့နိုင်ငံခြား movie တွေကို mx player ထဲမှာမြန်မာစာတန်းထိုး Myanmar language subtitle ဖြင့်ကြည့်လို့ရပါပြီခင်ဗျာ။
Subtitle ထဲမှာဆိုရင် test size, font, color border တွေကိုကိုယ်ကျိုက်သလိုချိန်ညှိလို့ရပါတယ်။
စာရှည်မှာစိုးလို့အသေးစိတ်တော့မရေးပြတော့ပါဘူး။
နောက်ဆုံးအနေနှင့်ပျောရရင် ဘာသာစကားရွေးချယ်တဲ့နေရာမှာ MM ဆိုတဲ့ဘာသာစကားတစ်ခုရှိပါတယ် အဲဒါကမြန်မာဘာသာစကားမဟုတ်ပါဘူး မြန်မာဘာသာစကား Myanmar language ကိုတော့မြန်မာလို့ပဲရိုးရိုးရေးထားပါတယ်။
အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
tutorial .
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Unnamed Road
Rego Park, NY