Freedom News Group
တရုတ်ပြည် ဖိနပ် စက်ရုံ မီးလောင်မှု ၂၈ ဦးသေဆုံး၊ ချက် က ကမ္ဘာ ကျော် ဘာတာ ဖိနပ် စက်ရုံ လည်း မီးလောင် ပြီး ပြိုလဲကျ
နှစ် ပေါင်း ၁၃၀ ကျော် သက်တမ်း ရှိ နေ ပြီ ဖြစ်တဲ့ ဘာတာ ဖိနပ် စက်ရုံ ရဲ့ ချက်နိုင်ငံ ထဲ စက်ရုံ နဲ့ ကုန်လှောင်ရုံ မီးလောင်ကျွမ်း မှု မှာ ဖိနပ် အရံ ပေါင်း ခုနှစ် သောင်း ကျော် မီးလောင်ကျွမ်း ခဲ့ ပြီး စက်ရုံလည်း ပျက်စီး ခဲ့ ပါတယ်။
တစ်ရက် တည်း ကမ္ဘာ ကျော် ရှူးဖိနပ် စက်ရုံ နှစ်ခု မီးလောင် မှု မှာ တရုတ်ပြည် အရှေ့ တောင်ပိုင်း ဖူကျန် ပြည်နယ် ထဲ က ဖိနပ်မြို့ တော် လို့ တင်စား တဲ့ ကျင်ကျန်း မြို့ ထဲ က ရှူး ဖိနပ် စက်ရုံ မီး လောင်မှု မှာ လူ ၂၈ ယောက် သေဆုံး ပြီး ဆယိနဲ့ ချီ ဒဏ်ရာ ရရှိ ပါတယ်။
သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဖိနပ်စက်ရုံ မီးဘေး အတွက်လိုအပ် တာ တွေ အပြည့်အဝ ကူညီ ဖို့ ညွှန်ကြား ထားပါတယ်။
ထိုင်ဝမ် နိုင်ငံ တစ်ဖက်ကမ်း က ကျင်းကျန်း မြို့ မှာ မီးလောင်ကျွမ်း နေ တဲ့ Huiteng ဖိနပ် စက်ရုံ ရုပ်သံ ကို ပူးတွဲ ဖော်ပြ ထား ပြီး ဘာတာ ဖိနပ် စက်ရုံ မီးလောင် ပြိုကျ သွား တာ ကို တော့ မှတ်ချက် နေ ရာ မှာ ဖော်ပြ ထားပါတယ်။ Freedom News Group
တရုတ် ပြည် အလယ်ပိုင်း ဟူးဘေ ပြည်နယ် ထဲ က လူသိများ တဲ့ ဝူဟန် မြို့ အနီး က မြို့ တွေ မှာ တိုက်ခတ် သွား တဲ့ လေဆင် နှာ မောင်း ဟာ ၁၂ ထပ် အမြင့် အဆောက်အဦ ထဲ က လူ ကို တောင် ဆွဲ ထုတ် သွား ပြီး အဆောက် အဦပေါင်း ၅၀၀၀ နီးပါး ကို ပျက်စီး စေခဲ့ မြို့ ရဲ့ ကျော်ကြား လှ တဲ့ ညဈေး ဟာ လည်း လုံးဝ ပျက်စီး ခဲ့ တာ ကို ရုပ်သံ မှာ တွေ့ ရ မှာပါ။
တရုတ် ပြည်က လာတဲ့ သတင်း တွေ မှာ ဆယ်နှစ် နီးပါး အတွင်း မှာ အပြင်းထန် ဆုံး တော်နေဒိုး လို့ ဆိုကြပါတယ်။ ၂၀၁၆ ခုနှစ် ကျန်စု ပြည်နယ် ဖန်နင်း ခရိုင် မှာ တိုက်ခတ် ခဲ့ တဲ့ လေဆင်နှာမောင်း ဆိုရင် လူ ၁၀၀ နီးပါး သေဆုံး တစ်ထောင် ကျော် ဒဏ်ရာ ရရှိကာ ဒေါ်လာ သန်း ၇၀၀ ကျော်ပျက်စီး ဆုံးရှုံး ခဲ့ ပါတယ်။
ဘောလုံး ကွင်း တစ်ခု စာ လောက်ရှိ တဲ့ လေဆင် နှာ မောင်း ကြီး ဟာ မော်တော် ကားငယ် တွေ ကို ဆွဲစုတ် ယူ သွား ပြီး ထရပ်ညကား ကြီး တွေ တောင် လဲပြိုသွား တဲ့ အထိ တိုက်ခတ် ခဲ့ တာ ကို
တရုတ် ပြည်က ရုပ်သံ တွေ မှာ ဖော်ပြထား တာ ကို Freedom News Group က တွေ့ ရ ပါတယ်။
သမိုင်း တစ်လျှောက် အပြင်းထန် အကြမ်းတမ်း ဆုံး လေဆင်နှာမောင်း တွေ အနက် အများ စု က အမေရိကန် ပြည်ထောင်စု မစ်ဇူရီ ပြည်နယ်၊ အင်ဒီယားနား ပြည်နယ် နဲ့ အီလီနွိုက် ပြည်နယ် တွေ မှာ ဖြစ်ပွား တာ များ ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Placerville, CA