BAMA

BAMA

Share

Nearby non profit organizations

Peter Christian Hernandez Memorial Scholarship
Peter Christian Hernandez Memorial Scholarship

နှလုံးရောဂါ လက္ခဏာ အကြောင်း သိကောင်းစရာ 04/09/2026

နှလုံးရောဂါ လက္ခဏာ အကြောင်း သိကောင်းစရာ

နှလုံးရောဂါ လက္ခဏာ အကြောင်း ကို နှလုံး အထူးကု ဒေါက်တာ ဖူးပွင့်နန္ဒာ နှင့် ဒေါက်တာ သိင်္ဂီဝင်း တို့က စိတ်ဝင်စားဖွယ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကဲ… အတူတူ နားထောင်ကြရအောင်ပါ။ ဒီအစီအစဉ်က ကျန်းမာရေးပညာပေးရည်ရွယ်ချက်သာ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက် မဟုတ်ပါ။ ကိုယ်ပိုင်ကျန်းမာရေးအတွက် မိမိသက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

နှလုံးရောဂါ လက္ခဏာ အကြောင်း သိကောင်းစရာ နှလုံးရောဂါ လက္ခဏာ အကြောင်း ကို နှလုံး အထူးကု ဒေါက်တာ ဖူးပွင့်နန္ဒာ နှင့် ဒေါက်တာ သိင်္ဂီဝင်း တို့က စိတ်ဝင်စ...

03/24/2026

RSV ဗိုင်းရပ်စ်ပိုးအကြောင်းသိကောင်းစရာ

🦠 *RSV ကူးစက်ရောဂါကို သတိထားပါ! (Respiratory Syncytial Virus)*

RSV ဆိုတာက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကလေးငယ်တွေ၊ အသက်ကြီးသူတွေမှာ ပိုပြီးပြင်းထန်နိုင်ပါတယ်။

🔍 *လက္ခဏာများ*

* နှာရည်ယို၊ နှာချေ
* ချောင်းဆိုး၊ အသက်ရှူခက်
* ဖျားခြင်း
* ကလေးငယ်များတွင် နို့မသောက်ချင်၊ အားနည်းလာခြင်း

⚠️ *အန္တရာယ်ရှိနိုင်သူများ*

* အသက် ၅ နှစ်အောက် ကလေးငယ်များ (အထူးသဖြင့် မွေးကင်းစ)
* အသက်ကြီးသူများ
* နှလုံး၊ အဆုတ်ရောဂါရှိသူများ

🛡️ *ကာကွယ်နည်းများ*

* လက်ကို မကြာခဏဆေးပါ
* လူအများနေရာတွင် မျက်နှာဖုံးတပ်ပါ
* ဖျားနေသူများနှင့် နီးကပ်မနေပါနှင့်
* ကလေးငယ်များကို သန့်ရှင်းစွာဂရုစိုက်ပါ

🏥 *ဘယ်အချိန် ဆရာဝန်ကို တွေ့သင့်လဲ?*

* အသက်ရှူခက်လာခြင်း
* ချောင်းဆိုးပြင်းထန်ခြင်း
* နို့မသောက်နိုင်၊ အားနည်းလာခြင်း
* နှာခေါင်းအနား၊ နှုတ်ခမ်းပြာလာခြင်း

💉 RSV ကာကွယ်ဆေးအကြောင်း

ယနေ့တွင် RSV ကာကွယ်ဆေးများကို အသက်ကြီးသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အသုံးပြုနိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များထိုးပါက မွေးလာမည့် ကလေးကိုလည်း ကာကွယ်နိုင်သည်။
ကလေးငယ်များအတွက်လည်း အထူး antibody ဆေးများ (passive immunity) အသုံးပြုနိုင်သည်။
မိမိအတွက် သင့်တော်မှုရှိမရှိ ဆရာဝန်နှင့် တိုင်ပင်ပြီး ထိုးသင့်ပါသည်။

💡 RSV ကို အချိန်မီ သတိထားကာ ကာကွယ်နိုင်ရင် ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ မိမိနှင့် မိသားစုကို ကာကွယ်ပါ!

#ကျန်းမာရေးအသိပညာ #ကလေးကျန်းမာရေး

03/01/2026

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ part 3

ဇီဝဖြစ်စဉ်ချို့ယွင်းမှုနှင့်ဆက်နွယ်သော အသည်းအဆီဖုံးရောဂါ (MASLD) အကြောင်း ဒေါက်တာ အိသန္တာဟန် Thanda Han နှင့် ဒေါက်တာ အိအိဖြူစိုး EP Soe တို့ အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဗီဒီယို အပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=hQGzEjP9-ww

ကျန်းမာရေးအသိပညာတိုးပွားအောင်နောက် ဗီဒီယို အသစ်များအတွက် ယခုချန်နယ်ကို Like, share and Subscribe လုပ်ပေးနိုင်ပါသည်

Want your organization to be the top-listed Non Profit Organization in Los Angeles?
Click here to claim your Sponsored Listing.

Address


Los Angeles, CA