Maymadi Online Store
05/29/2024
ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ်
ကိုယ့်စိတ်ကို နူးညံ့သိမ်မွေ့ပြီး လှပတဲ့ အတွေးအခေါ်ချစ်ခြင်းမေတ္တာနဲ့ ဝန်းရံထားပါတယ်
(လမ်းဘေးက ရေအိုင်ကို ဖြတ်မောင်းရင်း
ကားကို ရေဗွက်စင်ရင် ပေသွားတဲ့အခါရှိပေမဲ့ ပြန်ဆေးလိုက်ရင် သန့်စင်သွားပါတယ်)
May Madi
05/29/2024
အရောင်အသွေးစုံတဲ့ ပန်းလေးတွေ အားလုံး လှသလို လူတွေမှာလဲ သူ့နေရာ
သူ့ဝန်းကျင်မှာ သူ့တန်ဖိုးနဲ့ သူရှိနေမှာပါ
အသိတရားနဲ့သင်ယူတတ်ခြင်းကတော့
လူတွေမှာကွာဟနေမှာပါ
သင်ဟာ အသိုင်းအဝန်းတခုကို ဦးဆောင်နေသူတစ်ယောက်ဆိုရင် ဒီလို ကွာဟနေတဲ့လူတွေရဲ့ အပြစ်တွေ ချွတ်ယွင်းချက်တွေကို ဂရုစိုက်/အပြစ်မြင်နေရင် သင့်စိတ် နှောင်ဖွဲ့မိနေပြီ
ဒါကြောင့် ကိုယ့်ကို ကိုယ်ကိုလဲ ဆုံးမပါတယ် ငါကကော အမှားကင်းပြီလားပေါ့
ငါ့စိတ်လေးကို အသိတရားအမိုးနဲ့
မေတ္တာပန်း ဂရုဏာနှင်းမိုးလေးတွေနဲ့ မုဒိတာမျိုးစေ့လေး ကြဲရပါအုံးမယ်
ရင့်ကျက်လာခြင်းဆိုတာ သဘောထားမှန်နဲ့ နှလုံးသွင်းလှခြင်းရဲ့ အဖူးအပွင့်ပါ
ထွန်းလင်းတဲ့ရှင်နေမင်း အေးမြတဲ့ ပြာသိုညဟာ သူ့အလုပ်သူလုပ်ရင်း ကမ္ဘာမြေကို အလှဆင်နေပါတယ်
MAY MADI
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the public figure
Website
Address
Lansing, MI
1002