Life In Christ
01/01/2025
ကျွန်တော်တို့လူတွေက ခွင့်လွှတ်တယ်၊တောင်းပန်တယ်၊အပြစ်ဝန်ခံပါတယ်၊ဆိုတဲ့ စကားတွေပြောနေပေမည့်။
အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ခွင့်လွှတ်ခြင်း၊တောင်းပန်ခြင်းတို့၊အပြစ်ဝန်ချ ဝန်ခံခြင်းတို့ကပြောင်းလဲသွားတတ်ကြတယ်။
👇👇👇
ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။
(၁ ယော 1: 10)
———————
ထို့ကြောင့် ၂၀၂၅ နှစ်ကူးကစပြီး နှုတ်ကပတ်တော်ကိုနှလုံးသွင်းပြီး ဆင်ခြင်လျက် ဘုရားသခင်၏သစ္စာနှင့်၎င်း၊ဖြောင့်မတ်ခြင်းတရားနှင့်ပြည့်စုံခြင်းကို သက်သေထူနိုင်သော ဘုရား၏သားသ္မီးများဖြစ်နိုင်ကြပါစေလို့။
မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
12/20/2023
ခရစ္စမတ်ပွဲ + celebration of Christmas
===========================
ခရစ္စမတ်နေ့ကိုကျင်ပတာ ယုံကြည်သူ ဘုရားသားသမီးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
သို့သော်
ဒီနေ့ဘက် ခရစ္စမတ်ပွဲတော်က ရောင်စုံမီးတွေနဲ့ ထိန်ထိန်လင်းလို့ လူတိုင်းလိုလို ခရစ္စမတ်နေ့ကိုကျင်းပလာကြတယ်။
လူသားဘက်ကနေကြည့်ရင် အားရဝမ်းသာ အားကျစရာတွေပေါ့။
သို့သော် ဝိညာဉ်ရေးရာပိုင်းဆိုင်ရာကနေ ကြည့်မိပါသလာ?
ယုံကြည်သူများအတွက် ဆင်ခြင်စရာတွေများလို့လာပါပြီ။
ဘာလို့လဲ?
ခရစ္စမတ်ဆိုတာ သခင်ယေရှု၏ မွေးနေ့ကိုကြိုဆိုတာဖြစ်ပါတယ်။
သို့သော်
ယခုအချိန်မှာ ခရစ္စမတ်ဆိုတဲ့ နေ့က entertainment တစ်ခုလိုပဲ လူတွေကသိကြတယ်။
မွေ့နေ့ရှင် အရှင်သခင် ယေရှုဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိကြတော့ဘူး။
တစ်နည်းအားဖြင့် သိနေသော်လည်း သခင်ယေရှုကိုလက်မခံကြတော့ဘူး၊ထိုအရာတွေကိုအခြေခံခြင်းအားဖြင့် နှုတ်ထွက်စကားပြည့်စုံလာပြီဆိုတာ မမေ့ပါနဲ့။
ဥပမာ = သောဒုံ နှင့် ဂေါမောရ ပျက်စီးတဲ့အခါမှာ သို့မဟုတ် နောဧရေလွှမ်းမိုးခြင်းရှိတဲ့အချိန်မှာသော်လည်းကောင်း entertainment ဆိုတဲ့ပျော်ပါးခြင်းနဲ့သာ လူပေါင်းမြောက်များစွာ ဆုံးရှုံးခြင်းသို့ရောက်ကြတယ်ဆိုတာ မိတ်ဆွေများလည်း သိပြီးသားနေမှာပါ။
ထို့ကြောင့် အခုချိန်မှာ ထိုကဲ့သို့ နည်းတူ ဖြစ်ပျက်နေပြီဆိုတာ သတိထား စရာဖြစ်လာပါတယ်။
အဲ့တာကြောင့် ခရစ္စမတ်ပွဲတော် လုပ်ရခြင်းသည် မှားယွင်းသောအရာ မလုပ်ရဘူးဟုမဆိုလို၊အဓိကအချက်က မွေးနေ့ရှင်နဲ့အတူမှန်ကန်စွာ ကျင်းပနိုင်ဖို့ရာ ထပ်မံသတိပေးခြင်းတာဖြစ်ပါသည်။
(ရှင်မဿဲခရစ်ဝင် = ၁:၂၃)
-------------------------
👇👇👇
ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။
သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။
ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။
" ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း"
👇👇👇
ချစ်ရပါသော အချင်းမိတ်ဆွေ ခရစ္စမတ်ပွဲတော် နှစ်တိုင်းကျင်းပပြီး ဧမာနွေလ သင့်နှင့်အတူမရှိလျှင် အဘယ်အကြိုးရှိသေးသနည်း?
မိမိကိုယ်တိုင် ဆင်ခြင်ပြီး ပိုင်းခြား၍ပိုနားလည်နိုင်သောအခွင့် ဝိညာဉ်တော်၏ ဖွင့်ပြခြင်းအားဖြင့် ရှင်းလင်းသောအဖြေကို ရနိုင်ကြပါစေ။
ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်နေ့နှင့်အတူ နှစ်သစ်ကူးနိုင်ကြပါစေ။
!
မှ
#နေ့စဉ်ခွန်အား။
အချိန်ပုံမှန်မပေးနိုင်တဲ့အတွက် အားလုံးကို တောင်းပန်လိုပါသည်။
ဆက်ပြီးရေးနိုင်ရန် ဆုတောင်းခြင်းဖြင့်ပါဝင်ပေးကြပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Keller, TX
76248