Your Dearest Aster

Your Dearest Aster

Share

07/13/2024

Hello,
It’s me, Aster 🍀

F1 visa ဖြေဆိုတော့မယ့် သူ
ဒါမှ မဟုတ် Reject ထိထားတဲ့ သူဆို ဒီ post လေးကို ဆက် read ပေးပါ ~
ညီမကတော့ Aster ပါ, F1 Visa Agent အနေနဲ့ personal acc လေးမှာတော့ run နေပေမယ့် page မှာတော့ မအားတာရယ် လူအင်အား မနိုင်တာရယ်ကြောင့် အရမ်းကြီး မrun ဖြစ်ခဲ့ပါဘူး
Whatever,
အခု ညီမ sharing လုပ်ပေးချင်တာလေးက Reject ထိရတဲ့ Reason ကို ကိုယ့်ဘာသာ find out မလုပ်နိုင်ဘူးဆို ညီမတို့ဘက်က အဖြေရှာသွားပေးမှာဖြစ်ပါတယ်
ပြီးရင် လာမယ့် attempt အတွက် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာလဲ ပြောပြပေးသွားမှာဖြစ်ပါတယ် ❤️

ဒီအချက်တွေနဲ့ ပတ်သက်ပြီး အခကြေးငွေ တပြားတချက်မှ ပေးဖို့မလိုအပ်ပါဘူး

Reject ဖြစ်တာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ Community Colleges/ Universities အသီးသီးက international student admins တွေနဲ့ ဆွေးနွေးပြီး အဖြေရှာထားတဲ့ results တွေ ဖြစ်တာမို့
ညီမ sharing လုပ်ပေးမှာလေးတွေကို သိချင်ရင် ပါဝင်ဆွေးနွေးချင်ရင်
ဒီ link လေးကနေ ဝင် join ထားပါနော် ☘️

https://t.me/yourdearestaster


_yourdearest 🍀

04/20/2024

Fall Intake “ August” မှာ ဖွင့်တဲ့ CC တက်ဖို့ အခုချက်ချင်း ဘာလုပ်ရမလဲ

English Test ဖြေပါ
လိုအပ်တဲ့ စာရွက်စာတမ်း စုပါ

04/06/2024

မြန်မာကျောင်းသားတွေသာမက တခြားနိုင်ငံက International Students တွေပါ အများဆုံး တက်ရောက်ကြတဲ့ California State ထဲက Skyline College မှာ ကျောင်းတက်မယ်ဆို ဘာတွေပြင်ဆင်ကြမလဲ ?

Skyline College မှာ ကျောင်းသားတွေ အတွက် ရွေးချယ်စရာ degree နဲ့ certificate programs ပေါင်း 100 ကျော်ရှိတဲ့အပြင် Associate Degree ရပြီးတဲ့နောက် Bachelor’s Degree အတွက် California State University တွင် ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ် ~

Skyline College မှာ တက်ရောက်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ -

🌱 Age Requirement

- အသက် ၁၆ နှစ်အနည်းဆုံး ရှိရပါမယ် ၊ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေအနေနဲ့ အထက်တန်းအောင်လက်မှတ် ဒါမှမဟုတ် သက်ဆိုင်ရာ စာမေးပွဲရလဒ် အောင်လက်မှတ်တွေ ပြပေးရပါမယ်

🌱 English Language Proficiency

- TOEFL iBT 56 / IELTS Band 5.5 / Duolingo 85

🌱 Financial Document

- တနှစ်စာ ကျောင်းလခ + နေထိုင် စားစရိတ် တွေ အတွက် အနည်းဆုံး ($32,000) နဲ့ ညီမျှတဲ့ Bank Statement ပြရပါမယ်
Bank Statement ထဲက နာမည်နဲ့ application မှာဖြည့်ရမယ့် sponsor ပေးတဲ့ သူနာမည် တူညီရပါမယ်

F2 visa သမား အနေနဲ့ မိန်းမတွေ ကလေးတွေပါ ခေါ်မယ်ဆို ၁ယောက်ဆီ အတွက် (5000$) ထပ်ပေါင်းပြီး ပြပေးရပါမယ်

ဥပမာ ကိုယ့်မိန်းမနဲ့ ကလေးကို F2 အနေနဲ့ ခေါ်မယ်ဆို
32000$ + 5000$ + 2500$ = 39500$ နဲ့ ညီမျှတဲ့ bank statement ပြသပေးရပါမယ်

🌱 Copy of Official Academic Transcript

- အထက်တန်းအောင်လက်မှတ် / အမှတ်စာရင်း
- တက္ကသိုလ် အောင်လက်မှတ်/ အမှတ်စာရင်း
မူရင်း နဲ့ နိုတြီ လိုအပ်ပါတယ်

🌱 Copy of Valid Passport

- Passport သက်တမ်း အနည်းဆုံး ၆ လ ကျန်ရှိရပါမယ်

🌱 Application Fees

- Skyline College ကို apply လုပ်တဲ့အခါ College ပေးသွင်းရမယ့် Fees က 50$ ပါ

အပေါ်က အချက်လက်လေးတွေ ပြည့်စုံရင် ကျောင်းစအပ်လို့ရပါပြီရှင်

🌱 Fall Intake DeadLine - JULY 1 🌱

အမေရိကားမှာ ကျောင်းတက်ချင်လို့ တခုခု သိချင်တာရှိရင် အချိန်မရွေး မေးလို့ရပါတယ်ရှင်
အသေးစိတ် counseling လုပ်ချင်သူများအတွက် free counseling လုပ်ပေးနေတာမို့ meeting အချိန်လေး booking လာယူလို့ရပါတယ်ရှင့်

Aster တို့ဆီမှာ - ကိုယ်နဲ့ ကိုက်ညီမယ့် ကျောင်းရှာပေးခြင်း/ကျောင်းလျှောက်ပေးခြင်း ကနေစလို့ နောက်ဆုံး visa interview ဖြေတဲ့ အထိ services လေးတွေလဲ ယူလို့ရပါတယ်ရှင်

Sharing Is Caring ~
Your Dearest,
Aster 🌷

04/05/2024

US က community college ကို ဘယ်လိုမျိုး join ကြမလဲ ???

🍀 Passport အနည်းဆုံး 6 လ သက်တမ်း ရှိရပါမယ်

🍀 Transfer program နဲ့ Associate Degree ၂ နှစ် တက်ပြီး University မှာ Bachelor Degree ရဖို့ ၂ နှစ်ဆက်တက်ရမှာ ဖြစ်တဲ့ အတွက် price သက်သာတဲ့ အလျောက် အသက်ငယ်လေ gap years နည်းလေး အခွင့်အလမ်း ပိုများလေပါ

Gap Years ရှိသမားဆို သေချာလေး ပြင်ဆင်ဖို့လိုပါမယ်

🍀 English test Duolingo or IELTS လိုပါတယ်

English Test မရှိတဲ့ CC တွေရှိပေမယ့် ဟိုရောက်တာနဲ့ Test ပြန်ဖြေရမှာဖြစ်ပြီး ESL ကို tuition fees ထပ်သွင်းပြီး minor အနေနဲ့ သင်ရနိုင်ပါတယ်

🍀 Show money

CC ကို လျှောက်ဖို့အတွက် Financial Guarantee and Bank Statement ပြရမှာမို့
ကိုယ်တက်မယ့် CC ရဲ့ တနှစ်စာ ကုန်ကျစရိတ် ကိုတော့ အနည်းဆုံး ပြပေးဖို့ လိုပါတယ်

🍀 high school transcripts
(ဆယ်တန်းအောင်လက်မှတ်မူရင်း\အမှတ်စာရင်း မူရင်း - နိုတြီ) လိုပါတယ်

🍀 ကျောင်းကို ပေးသွင်းရမယ့် လျှောက်လွှာကြေး application fees 50- 100 $ (ကျောင်းအပေါ်မူတည်ပြီး ကွဲပြားပါတယ် intake တအားကပ်နေရင်တော့ အနည်းဆုံး၂ကျောင်းလောက် လျှောက်သင့်ပါတယ်)

ဒါတွေရှိရင် CC စလျှောက်လို့ရပါပြီရှင်

Sharing is Caring ❤️
Your Dearest ~
Aster

Want your public figure to be the top-listed Public Figure in Jackson?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


114 Main Street, Unit 201
Jackson, CA
95642

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm