Edulistic English

Edulistic English

Share

နေ့စဉ်သုံးအင်္ဂလိပ်စကားပြော A1-A2 | တကယ်သုံးတဲ့ အမေးအဖြေ (၇၀) English Conversation Practice 04/06/2026

မင်္ဂလာပါရှင်🙂

ဒီနေ့စဉ်အသုံးများတဲ့ English phrases နဲ့ 🗣️conversation patterns တွေကို ဒီဗီဒီယိုမှာ လေ့ကျင့်ကြရအောင်။ 📚A1-A2 level learners တွေအတွက် အထူးသင့်တော်ပြီး လွယ်ကူတဲ့ sentence patterns တွေ၊ အသုံးဝင်တဲ့ expressions တွေနဲ့ speaking practice လုပ်နိုင်ပါတယ်။

✨Burmese subtitle ပါဝင်သောကြောင့် အဓိပ္ပာယ်ကို ပိုမိုနားလည်လွယ်ကူစေမှာပါ။ English speaking ကို နေ့တိုင်းတိုးတက်ချင်သူများအတွက် ဒီဗီဒီယိုက ကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

✅နားထောင်ပါ
✅ပြန်ပြောပါ
✅အသံထွက်ပြီး လေ့ကျင့်ပေးပါ

❤️Happy Practice!❤️

နေ့စဉ်သုံးအင်္ဂလိပ်စကားပြော A1-A2 | တကယ်သုံးတဲ့ အမေးအဖြေ (၇၀) English Conversation Practice မင်္ဂလာပါရှင်🙂 ဒီနေ့စဉ်အသုံးများတဲ့ English phrases နဲ့ 🗣️conversation patterns တွေကို ဒီဗီဒီယိုမှာ လေ့ကျင့်ကြရအောင်။ 📚A1-A2 level learners တွ....

အင်္ဂလိပ် စကားပြော ပုံစံများ Speaking Patterns Series 03/24/2026

မင်္ဂလာပါရှင် 💛
ဒီနေ့တော့ channel မှာ အရင်ကတင်ခဲ့တဲ့ Speaking Pattern video တွေကို ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။

အင်္ဂလိပ်စကားပြောတတ်ချင်တဲ့သူများအတွက် speaking patterns ကို လေ့ကျင့်တာက အရမ်းအကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ စကားတစ်ကြောင်းချင်းကိုသာ မမှတ်ဘဲ အသုံးများတဲ့ sentence patterns တွေကို နားလည်ပြီး လေ့ကျင့်ထားရင် ကိုယ့်စကားကိုယ် ပိုလွယ်လွယ်ကူကူ တည်ဆောက်ပြောနိုင်လာလို့ပါ။
ဥပမာ —
✅ pattern တစ်ခုကို သေချာလေ့ကျင့်ထားရင်
✅ ကိုယ့်အကြောင်း ပြောတာ
✅ နေ့စဉ်အလုပ်အကြောင်း ပြောတာ
✅ အကြိုက်အကြောင်း ပြောတာ
✅ မေးခွန်းဖြေဆိုတာ
✅ တခြားအခြေအနေအသစ်တွေမှာ စကားပြန်တည်ဆောက်တာတွေကို ပိုပြီး သဘာဝကျကျ ပြောနိုင်လာပါတယ်။

Speaking pattern practice က vocabulary သင်တာလိုပဲ အရေးကြီးပေမယ့် တစ်ခါတလေ လူများက မေ့လျော့တတ်ကြပါတယ်။ စကားလုံးတစ်လုံးချင်း သိနေရုံနဲ့ မလုံလောက်ပါဘူး။
အဲဒီစကားလုံးတွေကို pattern ထဲမှာ ဘယ်လိုသုံးရမလဲ သိလာတဲ့အခါ English speaking က ပိုပြီး မြန်လာတယ်၊ ယုံကြည်မှုလည်း တက်လာတယ်။

ဒီ playlist ထဲက video တွေက
✨ အသုံးဝင်တဲ့ speaking patterns
✨ နေ့စဉ်သုံး English expressions
✨ ထပ်ခါထပ်ခါ လေ့ကျင့်လို့ရတဲ့ sentence structures
တွေကို အခြေခံပြီး လေ့ကျင့်နိုင်အောင် ကူညီပေးမယ့် video တွေပါ။

ဒီ video တွေကို ဘယ်လိုလေ့ကျင့်သင့်လဲ?
👉🏻 တစ်ကြိမ် နားထောင်ပါ
👉🏻 နောက်ကနေ အသံထွက်လိုက်ပြောပါ
👉🏻 sentence ကို ကိုယ့်အကြောင်းနဲ့ ပြန်ပြောင်းပြီး ပြောကြည့်ပါ
👉🏻 တစ်နေ့ကို 5 မိနစ်၊ 10 မိနစ်ပဲဖြစ်ဖြစ် မှန်မှန်လေ့ကျင့်ပါ
အရေးကြီးဆုံးက perfect ဖြစ်အောင် မစောင့်ပါနဲ့။
အရင်ဆုံး စပြီးပြောဖို့၊ ထပ်ခါထပ်ခါ လေ့ကျင့်ဖို့က ပိုအရေးကြီးပါတယ်။
Speaking patterns တွေကို မကြာခဏ လေ့ကျင့်ပေးရင် English စကားပြောတဲ့အခါ "ဘာပြောရမလဲ?” ဆိုပြီး ကြာကြာစဉ်းစားနေစရာ မလိုတော့ဘဲ sentence တွေက ပိုပြီး သဘာဝကျကျ ထွက်လာပါလိမ့်မယ်။

အရင်က video တွေကို မကြည့်ရသေးတဲ့သူတွေလည်း ဒီအချိန်မှာ ပြန်လည်လေ့ကျင့်လို့ရပါတယ်။ အရင်ကြည့်ပြီးသားသူတွေလည်း revision အနေနဲ့ ပြန်ကြည့်ပြီး ပြန်ပြောကြည့်ပါ။ Language learning မှာ repetition က တကယ်အရေးကြီးပါတယ်။ ဒီ playlist က video တွေကို ကြည့်ပြီးနေ့တိုင်း နည်းနည်းစီ practice လုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့် speaking confidence တက်လာတာကို သေချာခံစားရပါလိမ့်မယ်။ 💪✨

🎥 Speaking Pattern Playlist ကို ဒီမှာ ဝင်ကြည့်ပြီး အတူလေ့ကျင့်လိုက်ရအောင်နော်။
ကိုယ်အကြိုက်ဆုံး pattern ဒါမှမဟုတ် practice လုပ်ချင်တဲ့ pattern ရှိရင် comment မှာလည်း ရေးခဲ့ပေးပါရှင်။ 💬

အတူတူ ဖြည်းဖြည်းချင်း လေ့ကျင့်ပြီး English speaking ကို ပိုကောင်းလာအောင် ကြိုးစားကြမယ်နော်။ 💛

အင်္ဂလိပ် စကားပြော ပုံစံများ Speaking Patterns Series 🌟အလွယ်ဆုံးအသုံးအနှုန်းမှ ပိုမြင့်တဲ့အသုံးများထိ အစဉ်လိုက်တင်ပေးသွားပါမယ်။

အင်္ဂလိပ်စကား တစ်လှည့်စီပြောလေ့ကျင့် Morning Routines at Work| A2 - B1 Daily English Conversation 02/15/2026

ဒီဗီဒီယိုမှာ အလုပ်ခွင်မှာ အတူတကွလုပ်ကိုင်တဲ့ အလုပ်ဖော်တွေ ဖြစ်တဲ့ Julie နဲ့ Alex တို့ကအလုပ်မစခင် မနက်ပိုင်း လုပ်ရိုးလုပ်စဉ်များ ကို ပြောဆိုနေတဲ့
A2 အဆင့် English role-play conversation ကို လေ့ကျင့်နိုင်ပါတယ်။

ဒီဗီဒီယိုဟာ Beginner မှ Pre-Intermediate (A2) English လေ့လာသူများ အတွက်
နေ့စဉ်အသုံးများတဲ့ Office English နဲ့ Daily Routine English ကို လွယ်ကူ သဘာဝကျကျ ပြောတတ်အောင် လေ့ကျင့်နိုင်ပါမယ်။

လေ့ကျင့်နည်း (အဆင့် ၃ ဆင့်) -
1️⃣ စကားပြောကို နားထောင်ပါ
2️⃣ စကားကြားပြီးတိုင်း ထပ်ပြောပါ
3️⃣ Julie သို့မဟုတ် Alex အဖြစ် role-play ပြုလုပ်ပါ

👉🏻 Partner မရှိဘဲ တစ်ယောက်တည်းလည်း လေ့ကျင့်နိုင်ပါတယ်။

ဒီဗီဒီယို Benefits:
✅ နေ့စဉ် English စကားပြောရာမှာ ယုံကြည်မှု တိုးစေခြင်း
✅ Morning routine ဆိုင်ရာ စကားလုံးများ လေ့လာနိုင်ခြင်း
✅ Simple present tense ကို သဘာဝကျကျ အသုံးချနိုင်ခြင်း
✅ အသံထွက်နဲ့ ပြောဆိုမှု ပိုမိုပြေလည်လာစေခြင်း
✅ Office small talk ကို လွယ်ကူစွာ ပြောတတ်လာခြင်း

🗂 ဒီစကားပြောမှာ ပါဝင်တဲ့အကြောင်းအရာများ
- အလုပ်ခွင် မနက်ခင်း အနှုတ်အဆက်
- မနက်ပိုင်း လုပ်ရိုးလုပ်စဉ်များ
- အလေ့အကျင့်များ ပြောဆိုခြင်း
- မနက်စာအကြောင်း
- အလုပ်ခွင်မှာ သဘာဝကျတဲ့ စကားပြောပုံများ

ဒီဗီဒီယိုက
ESL / ELL လေ့လာသူများ, A2 English speaking practice, စာသင်ခန်းအသုံးပြုမှု နှင့် ကိုယ်တိုင်လေ့လာလိုသူများ အတွက် အထူးသင့်တော်ပါတယ်။

အင်္ဂလိပ်စကား တစ်လှည့်စီပြောလေ့ကျင့် Morning Routines at Work| A2 - B1 Daily English Conversation ဒီဗီဒီယိုမှာ အလုပ်ခွင်မှာ အတူတကွလုပ်ကိုင်တဲ့ အလုပ်ဖော်တွေ ဖြစ်တဲ့ Julie နဲ့ Alex တို့ကအလုပ်မစခင် မနက်ပိုင်း လုပ်.....

Want your school to be the top-listed School/college in Indianapolis?
Click here to claim your Sponsored Listing.

Address


Indianapolis, IN