Tint Swe
07/10/2026
ခန်း နဲ့ ခမ်း
ခမ်းကြီးနားကြီး — ကြိဝိ / ခန်းဂျီးနားဂျီး / အလွန်ကြီးကျယ်စွာ။ “အဟမ်းအဟမ်း၊ ချောင်းနပန်းများနှင့်ခမ်းကြီးနားကြီး နေဦးမည်။” ပုည၊ ၁။ ၈၇။
ခမ်းနား — နဝိ / ခန်းနား / ကြီးကျယ်ထည်ဝါသော။ “ဆန်းကြယ် ခမ်းနား၊ ရှုဘွယ်များတွင်၊ ရွှေဖျားတမူ။” တန်ရ* ဂ။
— န / ခန်းနား / ပစ္စည်းဥစ္စာ။ အဆောင် အယောင်။ “စည်းစိမ်ခမ်းနား၊ ခြွေရံများနှင့်၊ ဘုရားဟောချည်း၊ နားတော် လည်၍။” တန်ရ* ၁၄။
အခန်း - န / အခန်း / ၁၊ အိမ်၊ ကျောင်းစသည့် အဆောက်အအုံတို့တွင် သီးသန့်ခြားကန့်ထားသော နေရာ။ ၂၊ စာပေ၊ ပြဇာတ်၊ ရုပ်ရှင်စသည့် လုပ်ငန်းတို့တွင် သီးသန့်ခွဲခြားသတ်မှတ်ထားသော အပိုင်းအခြား၊ ကဏ္ဍ။ “နိုင်ငံရေးသမားတွေရဲ့ အခန်းပြီးတော့။” ထွက်။ ၁၆။ ၃၊ ရဟန်းများ၏ သင်္ကန်းရှိ သီးခြားခွဲကန့်ထားသော အကန့်အကွက်။ “ယွန်းဘုန်းကြီးများမှာ အခန်း မမှန်သော သင်္ကန်းကို ဝတ်သည်။” ရူ၊ ၉၊ ၉၇။ ၃၄။
အခန်းကဏ္ဍ - န / အခန်းကန်ဒါ / အခန်း - န၊ ၂၊ နှင့် အတူတူ။
အခန်းခွဲ - ကြိ / အခန်းခွဲ / ဝတ္ထု၊ ရုပ်ရှင်စသည်တို့တွင် ဇာတ်လမ်းကို သင့်လျော်စွာ ပိုင်းခြားသည်။
အခန်းဖွဲ့ - ကြိ / အခန်းဖွဲ့ / အိမ်၊ ကျောင်းစသည့် အဆောက်အအုံတို့အတွင်း၌ သီးခြားနေရာများ ခြားကန့်သည်။ အခန်း ပြုလုပ်သည်။
အခန်းအပ် - ကြိ / အခန်းအတ် / ထိမ်းမြားမင်္ဂလာ ပြုပြီးသော သတို့သား သတို့သမီးတို့အား လူကြီးမိဘတို့က ယင်းတို့အတွက် သတ်မှတ် ပြင်ဆင် ထားသော အခန်းကို ပေးအပ်သည်။ “သတို့သား သတို့သမီးတို့အား အခန်းအပ်တော့မည် ပြုသောအခါ။” ရူ၊ ဂ၊ ၉၅။ ဂ၇။
အခမ်းအနား - န / အခန်းအနား / ၁၊ ပရိသတ်အများ ပါဝင်သော အစီအစဉ်တကျ ပြုလုပ်ကျင်းပသည့် ပွဲလမ်း။ “ပြည်ထောင်စုနေ့အခမ်းအနား။” “တပ်မတော်နေ့အခမ်းအနား။” ၂၊ ပစ္စည်းဥစ္စာ အဆောင်အယောင်များ။ “စေဝမွန်ကြီးအား တိုင်းတပါးတို့၏ အဆောင်အရွက် အခမ်းအနား တို့ကို ပေးတော်မူလိုက်၏။” ဏိပုံ။ ၉၄။
အခမ်းအနားမှူး - န / အခန်းအနားမှူး / ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲစသည့် အခမ်းအနားများတွင် အစီအစဉ်ကြေငြာသူ။
ခန်းခြောက် (ရေ သို့မဟုတ် အရည်များ ပူပြင်း၍ ခန်းသွားခြင်း - နသတ်)
ကုန်ခမ်း (ပစ္စည်းဥစ္စာ သို့မဟုတ် အင်အားများ အစွန်းကုန်အထိ ကုန်ဆုံးသွားခြင်း - မသတ်)
ခန်းနား (အဆောင်အအုံ၊ အစီအစဉ်များ စနစ်တကျ နေရာတကျ ရှိခြင်း - နသတ် ဦးဆောင်)
ခမ်းနား (အန်ဘတ်၊ တင့်တယ်ခြင်း၊ ကြီးကျယ်ခမ်းနားခြင်း - မသတ် ဦးဆောင်)
အနားသတ်၊ အစွန်းအဖျား၊ အနီးအပါး -
နှုတ်ခမ်း၊ နှုတ်ခမ်းမွှေး
ကမ်းခမ်း (မြစ်ကမ်း၊ ချောင်းကမ်း အနားသတ်)
မြို့ခမ်း၊ ရွာခမ်း (မြို့စွန်၊ ရွာစွန် သို့မဟုတ် မြို့၏အနားသတ်)
မျက်ခမ်း၊ မျက်ခမ်းစပ်
ပြည့်စုံကြွယ်ဝခြင်း၊ ကြီးကျယ်ခြင်း -
ခမ်းနားခြင်း၊ ကြီးကျယ်ခမ်းနားခြင်း
ခမ်းနားကြီးကျယ်
ပွဲလမ်းသဘင် ခမ်းနားပုံ
ကုန်ဆုံးခြင်း (ခြောက်သွေ့ခြင်းနှင့် တွဲသုံးလေ့ရှိ) -
ကုန်ခမ်းခြင်း၊ လျော့ပါးကုန်ခမ်းခြင်း
အင်အား ကုန်ခမ်းခြင်း
အခမ်းအနား
ဒေါက်တာတင့်ဆွေ
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
1005 E Stop 11 Road
Indianapolis, IN
IN46227