Realtor Peter Lin
09/12/2023
Katy (Houston) မှာ HEB စက်ရုံကြီးစဖွင့်ပါပြီ
ဝန်ထမ်းတွေလည်းခေါ်နေတယ်။
HEB ဟာ Texas ပြည်နယ်မှာ ရောင်းအားအကောင်းဆုံး ဆိုင်ဖြစ်ပါတယ်။ Walmart တို့ Kroger တို့ Amazon တို့ထက်တောင် ပိုရောင်းရတဲ့ဆိုင်ပါ။
ဟင်းသီးဟင်းရွက်တွေ ဈေးလည်းချိတဲ့အပြင် လက်လည်း လက်ဆက်တယ်။ သူ့ကိုယ်ပိုင် လွယ်ထွက် ဟင်းသီးဟင်းရွက်တွေရောင်းတာပါ။ တကယ့် Made in USA အစစ်။ စစ်တာမှာ Made in Texas လို့ပြောလို့ရတယ်။
Peter Lin — Houston Realtor
🤙🏽 410-625-6559
Houston, Texas — USA 🇺🇸
ငှက်တွေ
$270,000 နဲ့မကြာခင် အရောင်းတင်ပါမယ်
4 beds 2 baths
2020 sqft
Lot size: 7700 sqft
Peter Lin
🤙🏽 410-624-6559
Houston, Texas – USA 🇺🇸
01/02/2023
ဝင်ငွေကောင်းပြီးအလုပ်ပေါတဲ့ မေဂျာတစ်ခု
Houston Community College မှာကျောင်းတက်မဲ့ မြန်မာပြည်က ကျောင်းသားတချို့ ဘာမေဂျာ တက်ရမလဲ တဲ့ကျနော့်ကို အကြံတောင်းကြတယ်။ ကိုယ်ချင်းစာတယ်။ ကျနော်ကိုယ်တိုင်လည်း ခုအသက် ၃၀ ကျော်မှ ကိုယ်ဘာလုပ်ချင်သလဲဆိုတာ တဖြည်းဖြည်းမြင်လာတာ။
တကယ်တော့ High School မှာကတည်းက High School ပြီးရင် ဘာလုပ်မလဲဆိုတာ သိအောင်လုပ်ဖို့ကျောင်းမှာတာဝန်ရှိတယ်။ High School ပြီးရင် College တက်မလား Vocational school ရွေးသမလား ကြိုသိထားပြီးသားဖြစ်ရမယ်။ ဒါပေမဲ့ ထားလိုက်ပါတော့ Complaint တက်ဖို့ Post ရေးနေတာမဟုတ်တဲ့အတွက် Topic ကိုပြန်သွားရအောင်။
ကျနော်ပေးချင်တဲ့အကြံက ကိုယ်ကြိုက်တဲ့မေဂျာက အကောင်းဆုံးပါပဲလို့။ ဒါပေမဲ့ အမြဲသိထားသင့်တဲ့အရာက အမေရိကမှာ အထူးသဖြင့် ကျနော်တို့လို first generation တွေအတွက် ဝါသနာ တစ်ခုတည်းပဲကြည့်လို့မရဘူး။ ကိုယ်တက်မဲ့ မေဂျာက ဝင်ငွေကောင်းမလားဆိုတာလည်း သိထားဖို့လိုတယ်။ ဥပမာ... လူတွေကို ကူညီချင်လွန်းလို့ဆိုပြီး social worker လုပ်မယ်ဆိုရင် စားဖို့တောင် မလောက်မင ဖြစ်သွားနိုင်တယ်။ ဗိုက်မဝရင် ဘယ်လောက်ပဲဝါသနာပါပါ နောက်မှ လိုင်းပြောင်းရတာတွေလည်းဖြစ်နိုင်တယ်။
လစာကောင်းပေမဲ့ ဝါသနာမပါဘူးဆိုရ
င်လည်း ရေရှည်မခံပြန်ဘူး။ အဲဒီတော့ balance ရှိဖို့တော့လို့မယ်။ ကဲ့... ဘာပဲဖြစ်ဖြစ် ကျနော်ပေးတဲ့အကြံကို လက်ခံမယ်ဆိုရင် ဒီမေဂျာကို စမ်းကြည့်စေချင်တယ်။ တကယ်လို့ ကျောင်းပြီးရင် Texas မှာပဲအခြေချမယ်ဆိုရင်ပေါ့။ အထူးသဖြင့် ကမ္ဘာ့ စွမ်းအင်မြို့တော်ဖြစ်တဲ့ Houston မှာပဲအခြေချမယ်ဆိုရင်တော့ အရမ်းကောင်းတဲ့မေဂျာပါ။
Petroleum Engineering တက်ပါ။ ဝင်ငွေ တောက်ရမ်းကောင်းတယ် $$$$$$။ Oil & Gas မှာအမြဲလိုအပ်နေတဲ့ Engineer နော်။ အင်ဂျင်နီယာဆိုရင် ကျနော်တို့သိတာက Civil Engineer တို့ Mechanical Engineer တို့ပဲ အများအားဖြင့်တက်ကြတယ်။ အမေရိကဟာ ကမ္ဘာပေါ်မှာ ရေနံအထွက်ဆုံး နိုင်ငံ။ အမေရိကနိုင်ငံထဲမှာမှ Texas ပြည်နယ်က ရေနံအထွက်ဆုံးပြည်နယ်ပါ။ အမေရိကန် ရေနံ ၇၅% ကျော် Texas ကထွက်တာပါ။
Petroleum Engineers က On Demand ဖြစ်နေတယ်။ မယုံမရှိနဲ့ နောက်မှ ကျနော့်ကို ကျေးဇူးတင်ကြလိမ့်မယ်။ Petroleum Engineering အလုပ်ရရင် ညစာဖိတ်ပါ။ အချိန်ပေးပြီးလိုက်လာခဲ့မယ် 😂။
အိပ်မက်အကောင်အထည်ဖော်နိုင်ကြပါစေ
ပီတာလင်း / Migrate Me LLC
Houston, Texas — USA 🇺🇸
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Houston, TX