Myanmar Snakebite Education & Snake Conservation

Myanmar Snakebite Education & Snake Conservation

Share

04/27/2025

ကျွန်တော်တို့ Snakes of Myanmar & Myanmar Biodiversity မှ Admin များနှင့် Member မိသားစုဝင် များ ဦးဆောင်ပြီး တခြား စေတနာရှင် အလှူရှင် များ စုပေါင်းပါဝင်တဲ့
ငလျင်ဘေး အလှူလေးဟာ ကျပ်သိန်းပေါင်း ၁'၀၀၀ ကျော်အထိ အလှုငွေကောက်ခံရရှိခဲ့ပါတယ်။

လက်ရှိမှာ ကျပ်သိန်း၆'၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် အသုံးပြုခဲ့ပြီး ဖြစ်ပြီး လက်ကျန် သိန်း၃'၀၀ ကျော်ကို ပြန်လည်ထူထောင်ရေး အဖြစ် ဆက်လက် အသုံးပြု လှူဒါန်းသွားမှာဖြစ်ပါတယ်။

SOM ရဲ့ မြေပြင်Team အနေနဲ့ ၅လပိုင်း ၆ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာပြီး ငလျင်ဘေးသင့် ဒေသများဆီသို့ တိုက်ရိုက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်သွားမှာပါ။

ကျွန်တော်တို့ Admin Team အနေနဲ့ ကယ်ဆယ်ရေး အစီစဉ်လေးကို စတင်ခဲ့တုန်းက ဒီလောက်ထိ အလှုငွေတွေ ရရှိခဲ့မယ်လို့ မထင်မှတ်ထားခဲ့တာ အမှန်ပါပဲ။ ရသလောက်ကိုပဲ ထိထိရောက်ရောက် ကူညီဖို့ ဆုံးဖြတ်ပြီး စတင်အလှူခံခဲ့တာပါ။
ယခုလိုမျိုး သိန်းပေါင်း ထောင်ကျော်ထိ ရရှိခဲ့တာဟာ မိဘပြည်သူများရဲ့ ကျွန်တော်တို့အပေါ် ယုံကြည်မှု၊ ချစ်ခင်မှုနဲ့ ၊ လူသားချင်းစာနာ ထောက်ထားမှုတွေ ကြောင့် ဒီလောက် ပမာဏ အထိ ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီ အတွက် ဆယ်ဂဏန်းကစလို့ သိန်းဂဏန်းအထိ ထည့်ဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင် တစ်ဦးတစ်‌‌ယောက် ချင်းစီတိုင်း၊ အဖွဲ့အစည်းတစ်ခုစီတိုင်းကို ကျွန်တော်တို့ SOM Admin Team မှ ငလျင်ဘေးဒဏ်ကို ခံစားခဲ့ကြရတဲ့ အလှူခံပုဂ္ဂိုလ် မိဘပြည်သူ များကိုယ်စား ကျေးဇူး အထူးပဲ တင်ရှိပါတယ် ခင်ဗျာ🤍

နောက်ပြီး အလှူရှင်များအတွက် Certificate ထုတ်ပေးရာမှာ ကူညီပေးကြတဲ့ Certificate Team members အကို/အမတို့ကိုလဲ admin team က ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေဗျ🤍

မကြာခင်မှာလည်း ပြန်လည် ထူထောင်ရေး ဆောက်ရွက်မှုတွေနဲ့အတူ ကျွန်တော်တို့ ပြန်လာခဲ့ပါ့မယ်။

ဖြတ်ပိုင်းတွေတင်တာကြောင့် page ထိထားတာမလို့ ခုလိုပဲစာရင်း ရှင်းတမ်းတင်ထားပါတယ်ဗျ။ ငလျင် ကူညီမှုနဲ့ပတ်သက်ပြီး ဒီpageနဲ့ about snakes မှာ ကြည့်နိုင်ပါတယ်။

အားလုံးပဲ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ🙏

04/22/2025

မြေငလျင် သဘာဝဘေး ဒါ-ဏ် ခံရသော သူများအတွက် လှူဒါန်းပေးပါသော "Goldpetrol JOC Inc.(Myanmar)မှကုမ္ပဏီဝန်ထမ်းများအား”SOM admin team မှ ကျေးဇူးအထူးတင်ရှိပါတယ်။🙏

Want your organization to be the top-listed Non Profit Organization in Florida City?
Click here to claim your Sponsored Listing.

Address


Jacksonville Riverwalk
Florida City, FL