Forward Food Tech MM

Forward Food Tech MM

Share

06/08/2026

🇳🇱နယ်သာလန်မှာရှိတဲ့ cultivated meat start up က အလုပ်ခေါ်နေပါတယ်၊

📚တိရိစ္ဆာန်တွေကို မွေးမြူသ-တ်ဖြတ်ဖို့မလိုပဲ တိရိစ္ဆာန်တွေရဲ့ cell ကိုပဲ ယူပြီး အသားထုတ်တဲ့ လုပ်ငန်းတစ်ခု Netherlands မှာရှိတယ် Respect Farms လို့ခေါ်ပါတယ်၊

📚ရုံးက Netherlands က မြို့လေး တွေဖြစိတဲ့ Leiden ဆိုတဲ့မြို့ရယ်၊ Schipluiden ဆိုတဲ့မြို့ရယ်မှာ အလုပ်ဆင်းရမယ်၊ တခါတလေ work from home လဲရှိမယ်

၁)Project Administration Officer

ဒါက ရုံးက admin တာဝန်တွေယူရမှာပါ၊
-Project admin
-HR admin
-Organization and support
စတာတွေတာဝန်ယူပေးရမယ်

ယခင်က administrative work လုပ်ဖူးတဲ့ အတွေ့အကြုံရှိရမယ်၊ Website မှာလည်း ကြည့်လိုက်ပါ

၂)Product Developer

-Cell ကနေထုတ်တဲ့ အသားကို product quality, texture, အဟာရ တန်ဖိုးတို့ကိုစစ်ရမယ်၊

-Food Science, Food Technology, Biotech တို့မှာ master သို့မဟုတ် PhD ရှိရမယ်
-4-7 years of experience in product development

ကျန်တာ website မှာအပြည့်အစုံဖတ်ကြည့်ပါ၊

3)Senior Bioprocess Engineer

-Respect Farms ရဲ့ pilot farm ကို စတင် run တဲ့ team မှာပါဝင်ရမယ်၊
-Bioreactor တွေ bioprocesses တွေကို သေချာနားလည်သူဖြစ်ရမယ်
-Biotechnology , Biochemical Engineering, Cell Biology မှာ Master သို့မဟုတ် PhD ရှိရမယ်

📚ဒီ position တွေကို အလုပ်လျှောက်ချင်ရင် သူတို့ရဲ့ Website မှာလျှောက်ပါ၊

ကျန်တာအပြည့်အစုံကိုလည်း Website မှာဖတိကြညိ့ပါ၊

📚ဒီလိုမျိုး Sustainable Food Tech နယ်ပယ်၊ အသားအစားထိုးနယ်ပယ်က အလုပ်အကိုင်အခွင့်အလမ်းတွေကိုသိချင်ရင်၊ လိုအပ်တဲ့ skill တွေကိုတည်ဆောက်ချင်ရင် Telegram မှာ Free guide တွေရယူလို့ရပါတယ်၊ Telegram link in comment

05/31/2026

📚Southeast Asia မှာ အလုပ်လုပ်နေတဲ့လူတွေအတွက် Food tech နယ်ပယ်ထဲမှာ ဘယ်လို အလုပ်တွေရှိလဲ၊

📚တိရိစ္ဆာန်ထွက်ပစ္စည်း(နွားနို့ထွက်ပစ္စည်း) ရောင်းတဲ့နေရာမှာ အတွေ့အကြုံရှိသူတွေအတွက် Animal-free ထုတ်ကုန်လုပ်ငန်း food tech companies တွေမှာလည်း နေရာရှိပါတယ်၊

📚အခု ပြောပြချင်တဲ့ အခွင့်အရေးတခုကတော့ ဘန်ကောက်ကနေပြီး Asia Pacific ကို လုပ်ငန်းချဲ့ဖို့ တာဝန်ယူရမယ့် အခွင့်အရေး

📚Title: Commercial Director, Ingredients, APAC

Nutrition from Water (NXW) ဆိုတဲ့ New Zealand အခြေစိုက် ကုပ္ပဏီက ရေညှိ (microalgae) ကနေ ပရိုတင်းထုတ်ပါတယ် — Asia မှာစျေးကွက်ချဲ့ဖို့အတွက် Bangkok-base director level တစ်နေရာက်ုခေါ်ပါတယ်၊ ဒီ role ကို ကြည့်ရင် food tech ကုပ္ပဏီတွေ Asia ထဲ expand လုပ်တဲ့ အချိန်မှာ ဘယ်လို လူမျိုး တွေ လိုနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။

📚 ဒီ role မှာ ဘာတွေ လိုနေလဲ?
✅ အာရှပစိဖိတ် တစ်ဝှမ်း commercial strategy ဦးဆောင်တာ
✅ အစားအစာ၊ အချိုရည်နဲ့ အာဟာရ nutrition ထုတ်လုပ်သူတွေနဲ့ B2B partnership လုပ်ဖို့တည်ဆောက်တာ

✅ အရောင်း target တွေ တာဝန်ယူပေးတာ
✅ Distributor နဲ့ channel partnerships ဖွံ့ဖြိုးတာ

📚 Science background မပါဘဲ apply လုပ်လို့ ရမလား?

ဒီ role မှာ food technology background ကို preference အနေနဲ့ ဖော်ပြထားပေမဲ့ — အဓိက လိုအပ်တာကတော့ APAC စျေးကွက်အတွေ့အကြုံ commercial sales leadership နဲ့ ingredient industry network ပါ။

📚အရင်က တိရိစ္ဆာန်ထွက်ပစ္စည်းလုပ်ငန်းမှာ လုပ်ကိုင်သူတွေလည်း ဒီလို non-animal food tech role ကို ကူးပြောင်းလုပ်ကိုင်လို့ရပါတယ်၊
📚ကုပ္ပဏီ New Zealand ကဖြစ်ပေမဲ့ role ကတော့ Bangkok base — ဒါဟာ global food tech companies တွေ APAC hub ကို Southeast Asia မှာ တည်ဆောက်နေကြတယ်ဆိုတဲ့ pattern တစ်ခုပါ

📚15+ years experience လိုတဲ့ senior role ဖြစ်ပါတယ်၊
လုပ်ငန်းသာ Bangkok မှာကြီးလာမယ်ဆိုရင် ဒီ role အောက်မှာ mid-level commercial, BD, marketing roles တွေ ထွက် လာမှာပါ
📚ဒီ vacancy ကိုတင်ထားတာ ၂ ပတ်ရှိပါပြီ၊ ကိုယ့်ရဲ့ အရည်အချင်း အတွေ့အကြုံတွေနဲ့ အကိုက်ဆိုရင် တော့ အမြန်သာ apply လုပ်ပါ၊ Application ပိတ်သွားပြီဆိုရင်လည်း သူတို့ကိုသာ email ပို့ပါ၊ LinkedIn မှာဆက်သွယ်ပြီ ကိုယ့်ရဲ့ experience တွေအကြောင်းပြောပြပါ၊

📚အတွေ့အကြုံရှိပေမယ့် ဒီ food tech နယ်ပယ်ကို မရင်းနှီးဖူးဆိုရင်
၁)၃-၄ နာရီပဲ အချိန်ရင်းပြီး အခမဲ့ တက်လို့ရတဲ့ Online class ရှိပါတယ်၊
၂)ဒီ page ဖြစ်တဲ့ Forward Food Tech MM က post တွေအခမဲ့ဖတ်ရှုလေ့လာပါ၊
၃)Free resource guide တွေရှိတဲ့ Telegram channel ကို join ပါ၊

📚 Student တွေ၊ career changers တွေအတွက်နောက်ပိုင်းအခွင့်အရေးတွေ ကိုမျှဝေသွားပါမယ်၊

05/27/2026

နွားကနေ အသားရဖို့ အနည်းဆုံးတစ်နှစ်လောက် အစာကျွေးပြီးစောင့်ရပေမယ့် Mycelium ကို သုံးပြီး သက်သတ်လွတ်အသားလုပ်ရင် ၂၄ နာရီအတွင်း အသားရပြီ၊ Mycelium အသားရဲ့ ပရိုတင်းပါဝင်မှုကလည်း ပိုကောင်းသေးတယ်၊

Photos from Forward Food Tech MM's post 05/26/2026

အပင်ကရတဲ့ ကြက်ဥ 🥚

📚ဒါကို ပထမဆုံးဝယ်စားကြည့်ဖြစ်တယ်၊ စားနေတဲ့ သက်သတ်လွတ် ခေါက်ဆွဲထဲထည့်စားတယ်၊

📚ငယ်ငယ်ကတည်းက အသားစားတယ်၊ ကြက်ဥစားတယ်၊ တိရိစ္ဆာန်ကနေ အသား၊ ဥ၊ နွားနို့ စသည်ဖြင့်ယူပြီးအစားအစာအဖြစ်လုပ်စားတဲ့ အလေ့အထတွေနဲ့ကြီးပြင်းခဲ့ပါတယ်၊ သက်သတ်လွတ်စားမယ်ဆုံးဖြတ်ချိန်မှာ တချို့ အသားကို ချက်ချင်း စားတာရပ်န်ုင်ပေမယ့်၊ ကြက်ဥ တို့ ငါးဖယ်တို့ကို တခါတလေစားချင်််မိတယ်၊ စားတာ အကျင့်ဖြစ်နေတော့လေ၊

ဒါကြောင််မို့ အသားနဲ့ ဆင်တဲ့ သက်သတ်လွတ်အစားအစာ၊ ကြက်ဥနဲ့ တူတဲ့ သက်သတ်လွတ်အစားအစာတွေကို တွေ့ရင်ပျော်ပျော်ကြီးဝယ်စားတယ်၊

📚ဒီ plant-based egg ကို စတင်ပြုလုပ်တဲ့ လုပ်ငန်းရှင်က 2018 မှာ chicken nuggets တွေကိုစရောင်းတယ်၊ 2020 မှာ ကြက်မွေးမြူသ-တ်ဖြတ်တဲ့ လုပ်ငန်းကို မအားပေးချင်တော့ဘူးဆိုပြီး ပိုင်ရှင်ကိုယ်တိုင်က ကုပ္ပဏီတခုလုံးကို သက်သတ်လွတ် ကုပ္ပဏီအဖြစ်ပြောင်းခဲ့တယ်၊
သူတို့ တစ်မိသားစုလုံးလဲ အရင်ကအသားကို များများစားရာကနေ အခုဆိုရင် အကုန် vegan ဖြစ်သွားပြီ၊

📚ကုပ္ပဏီတံစိပ်က Crafty Counter ပါ၊ ဒီ plant-based egg က Wunder Eggs တဲ့၊ ဒီလို plant-based egg ရဖို့ ၂ နှစ်လောက်ကြိုးစားပြင်ဆင်ခဲ့ရတယ်၊ အခုတော့ ဆုတွေအများအပြားရတဲ့ စားသောက်ကုန်တစ်ခုဖြစ်နေပြီ၊

📚ကြက်ကလေးတွေကရတဲ့ ကြက်ဥ က ဘာပြသနာရှိလို့လဲ၊
စျေးကွက်ထဲမှာရနေတဲ့ ကြက်ဥတွေအများစုက လှောင်အိမ်ကျဉ်းကျဉ်းလေးထဲမှာနေရတဲ့ကြက်ကလေးတွေစီကလာတာပါ၊ လမ်းတောင် လွတ်လွတ်လပ်လပ်မလျှောက်ရပဲ ကြက်ဥ ကိုပဲ ဥပေးရတယ်၊ Battery cages လိုခေါ်တယ်၊
သဘာဝထဲကကြက်တွေက တစ်နှစ်မှာ ၁၂-၂၀ ဥလောက်ပဲဥတယ်၊ genetic selection လုပ်ပြီသား ကြက်တွေက အခု တစ်နှစ်မှာ ဥ ၃၀၀ လောက်ဥရတယ်၊

📚နောက်တခုက ကြက်မတွေပဲ ကြက်ဥဥနိုင်တယ်၊ ကြက်ဥ လုပ်ငန်းတွေထဲက ဥက ပေါက်လာတဲ့ male chicken တွေက ဥလဲမဥ၊ အသားများများမထွက်တဲ့ မျိုးစိပ်လဲဖြစ်တော့ စစပေါက်တဲ့နေ့မှာပဲ gas နဲ့ပဲ ဖြစ်ဖြစ် စက်နဲ့ပဲ ဖြစ်ဖြစ် အသ-တ်ခံရတယ်၊ chick culling လို့ခေါ်တယ်၊

📚မြက်ခင်းပြင်မှာလွတ်လွတ်လပ်လပ်ပြေးလွှားခွင့်ရတဲ့ ကြက်ကလေးစီကနေလာတဲ့ ဥဆိုတာ စုစုပေါင်းစျေးကွက်ရဲ့ 1% လောက်ပဲရှိပါတယ်၊ ကျန်တာက လှောင်အိမ်ကျဉ်းကျဉ်းလေးမှာထည့်ထားခံရတဲ့ကြက်တွေစီကလာတယ်၊ free range လို့ပြောတဲ့ကြက်ဥတွေကလည်း လှောင်အိမ်မရှိပေမယ့် နေရာတဲ့နေရာက ကြပ်တည်းပြီး လှုပ်လို့မရတဲ့နေရာတွေပါ၊

ဒါတွေအကုန်လုံးကို ကိုယ်တိုင် research လုပ်ရှာဖွေကြည့်လို့ရပါတယ်၊

တိရိစ္ဆာန်ပေါ် မမှီခိုတဲ့ အစားအစာထုတ်လုပ်တဲ့ စနစ်ပိုကျယ်ပြန့်လာရင်၊ နည်းပညာတိုးတက်လာရင်၊ ရွေးချယ်စရာပ်ုများလာရင် သွေးလွတ်သားလွတ်စားရတာပုံမှန်ဖြစ်လာမှာပါ၊
📚အခု Wunder Eggs ကို ကျွန်မဝယ်စားရတဲ့ အတွေ့အကြုံကတော့
1. ကြက်ဥ ၃ လုံးစာကို USD 8 dollars ပေးရတယ်၊ စျေးကြီးတယ်ပေါ့၊ ကြက်ကလေးတွေစီကယူထားတဲ့ကြက်ဥ ၁၂ လုံးကို ၈ dollars နဲ့ဝယ်လို့ရတယ်၊ (စျေးပေါပေါပေးရတယ်ဆိုတာက တွက်ချက်လို့မရတဲ့ပေးဆပ်မှုတွေ ဘယ်နေရာမှာ ရှိနေလည်းဆိုတာမထည့်တွက်ထားလို့ပါ)
2. အရသာက ကြက်ဥနဲ့ တထပ်တည်းမဟုတ်ဘူး၊ ဒါပေမယ့် ကြက်ဥ မစားချင်ပဲ သွေးလွတ်သားလွတ်ပဲစားချင်တယ်ဆိုရင် ဒါကို အစားထိုးစားလို့ရတယ်၊
3. Whole Foods ကနေ ဝယ်ပါတယ်၊
4. Almond ရယ်၊ သီဟိုစေ့၊ အုန်းနို့ရယ် ရယ်နဲ့အဓိကပြုလုပ်ထားပါတယ်၊
5. ကြက်ကလေးတွေကရတဲ့ ဥ က cholesterol များတယ်၊ ဒီ Wunder Eggs ကတော့ cholesterol မပါပါဘူး၊

အမြဲစားဖြစ်တဲ့ သွေးလွတ်သားလွတ်ကြက်ဥမွှေကြော်ကိုလည်း comment မှာ link ပေးထားပါမယ်၊

Want your practice to be the top-listed Clinic in Denver?
Click here to claim your Sponsored Listing.

Address


Denver, NC
28037