SIAN SMART
01/27/2025
လူသားခြင်းစာနာမှုနည်းလာရင် အာဏာရှင်အနိုင်ရမြဲလောက။
မြန်မာပြည်က
အာဏာရှင်အဆက်ဆက်နှင့်
လက်ရှိအာဏာရှင်မအလကို
ခါးခါးသီးသီးအသည်းထဲထိမုန်းနေတဲ့
မြန်မာတွေ
ဒုက္ခအလီလီကျော်ဖြတ်ပြီး
လူသားချင်းစာနာမှုအစီအစဥ်နှင့်
မနေ့တနေ့ကမှ အမေရိကားနှင့်အနောက်နိုင်ငံတချို့ကို
ရောက်သွားတဲ့သူတွေတချို့ရဲ့မသိစိတ်ထဲမှာ
အာဏာရှင်ကိုဆက်လက်တွယ်တာနေတဲ့
လူသားချင်းစာနာမှုမထားနိုင်တဲ့
စိတ်ကိုတွေ့လိုက်ရတော့
ကမ္ဘာမှာအာဏာရှင်တွေသက်ဆိုးရှည်နေတာ
ဒါကြောင့်ကိုးလို့ သက်ပြင်းချလိုက်မိတယ်။
ဖြစ်ပုံကဒီလိုပါ။
ဇန်နဝါရီ ၂၀ ရက်နေ့မှာနန်းတက်တဲ့
အမေရိကန်ရဲ့ ၄၇ယောက်မြောက်သမ္မတ
ဒိုနယ်ဂျေထရမ့်က သူ့နိုင်ငံထဲခိုးဝင်သူတွေကို
ဖမ်းဆီးပြီးအစုလိုက်အပြုံလိုက်ပြန်ပို့နေပါတယ်။
မြန်မာပြည်သားခိုးဝင်မရှိသလောက်ရှားတဲ့
အမေရိကမှာ အစိုးရအစီအစဥ်နှင့်
ဒီလိုလုပ်နေတာတွေကိုထောက်ခံနေတဲ့
မြန်မာပြည်သားတွေကိုတွေ့ရတာဟာ
သိပ်ကောင်းလှတဲ့
နိမိတ်တခုတော့မဟုတ်ပါဘူး။
ဒီလုပ်ရပ်ကိုထောက်ခံနေသူတွေဟာ
"လူသားအခွင့်အရေးနှင့် လူသားချင်းစာနာမှုကို
မသိကျိုးကျွန်ပြုနေသူတွေပါ"
လို့ပြောရင်လွန်မယ်မထင်မိပါဘူး။
ကိုယ့်နိုင်ငံ ရေမြေပတ်ဝန်းကျင်နှင့်
မိသားစုကိုထားခဲ့ပြီး တစိမ်းနိုင်ငံတခုမှာ
နိုင်ငံသားတွေမလုပ်ချင်တဲ့
သိပ်ပင်ပန်းတဲ့အလုပ်တွေကို
အထောက်အထားမဲ့လုပ်ကိုင်ပြီး
ကျီးလန့်စာစားရမယ့် အခြေနေကို
ဘယ်သူကမှ လိုလိုချင်ချင်
ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။
ကိုယ့်နိုင်ငံမှာ ဘယ်လိုမှရှောင်လွှဲလို့မရနိုင်တဲ့
ပြဿနာတွေရှိနေလို့သာ
တစိမ်းနိုင်ငံမှာ ဥပဒေအကာအကွယ်မရပဲ
ကြောက်ကြောက်နှင့်ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတဲ့
ခံစားချက်ကို လက်ရှိထိုင်းနိုင်ငံ
မလေးရှားနိုင်ငံတို့မှာရောက်နေတဲ့
မြန်မာပြည်သားတွေလောက်
နားလည်တဲ့သူမရှိနိုင်ပါဘူး။
လက်ရှိထရမ့်အစိုးရလိုသာ
ထိုင်းနိုင်ငံအစိုးရနှင့်
မလေးရှားနိုင်ငံအစိုးရကသာ
တရားမဝင်နေထိုင်သူတွေအားလုံးကို
သားကောင်ဖမ်းသလိုဖမ်းပြီး
ပြည်တော်ပြန်ပို့မယ်ဆိုရင်
သန်းနှင့်ချီတဲ့မြန်မာပြည်သူတွေရဲ့မျက်ရည်
မြေခရပါလိမ့်မယ်။
(မခမ်းသေးတဲ့ မလေးရှားနိုင်ငံက
ပြန်ပို့ခံရတဲ့သူတွေနှင့်
မိသားစုတွေကျတဲ့မျက်ရည်တွေက
သက်သေပါ)
ဘာဖြစ်လို့လဲဆိုရင်
ဒီလိုခိုလှုံနေတဲ့သူတွေအားလုံးလိုလိုက
သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်မရှိခဲ့တဲ့
စနစ်ဆိုးကြီးစိုးတဲ့နိုင်ငံတွေမှာ
နေ့စဥ်ရက်ဆက်ဒုက္ခခံနေကြရသူတွေမို့လို့ပါ။
မွေးဖွားရာနိုင်ငံချင်းတူရင်တောင်
ငွေကြေးတတ်နိုင်သူတွေ
လေယာဥ်ပျံကြီးစီးပြီးပြောင်းရွှေ့နေကြချိန်မှာ
ဘယ်တုန်းကမှတရားမျှတမှုမရှိခဲ့တဲ့
လောကကြီးထဲတွေ့ကြုံနေရတဲ့ဒုက္ခ
သက်သာလေမလားဆိုတဲ့မျှော်လင့်ချက်နှင့်
အသက်နှင့်ရင်းပြီး လူမဆန်တဲ့
ကုန်းလမ်းရေလမ်းအသွယ်သွယ်မှာ
အသက်ကိုတောင်ပြင်းပြင်းမရှူရဲဘဲ
အန္တာရယ်နယ်စပ်ကိုဖြတ်ကျော်ရတဲ့
သူတွေရဲ့ဒုက္ခကိုကိုယ်ချင်းမစာနိုင်တောင်
လျှော့မတွက်သင့်ပါဘူး။
နယ်စပ်ကိုလွန်ပြီး
တစိမ်းနိုင်ငံကိုတော့ဝင်နိုင်ခဲ့ပါပြီတဲ့
ရှိသမျှပိုက်ဆံပွဲစားလက်ထဲရောက်သွားပြီမို့
နေစရာစားစရာတောင် မရှိတော့တဲ့အခြေနေမှာ
ကံကောင်းထောက်မလို့ အလုပ်ရပြီဆိုပါအုံး၊
အထောက်အထားမဲ့ လူစိမ်းတယောက်ကို
လူလိုသူလိုဆက်ဆံကြမယ်ထင်လား။
သိချင်ရင် နိုင်ငံတိုင်းမှာရှိတဲ့
လူမဆန်တဲ့အလုပ်ရုံတွေကိုသွားကြည့်
ရွှေ့ပြောင်းနေထိုင်သူတွေနှင့်
အထောက်အထားမဲ့နေထိုင်သူတွေကိုပဲ
တွေ့ရပါလိမ့်မယ်။
လူဆန်တဲ့အလုပ်မလုပ်ရ၊
လူလိုဆက်ဆံမခံရ၊
ခံစားမှုမရှိတဲ့စက်ယန္တရားကြီးတွေလို
ဝန်ပိုခိုင်းခံနေရတဲ့ဘဝတွေလည်း
လူအခွင့်အရေးထွန်းကားပါတယ်ဆိုတဲ့
နိုင်ငံကြီးတွေမှာလည်း
အများကြီးရှိပါတယ်။
ဒီလိုကြိုးစားနေတဲ့သူတွေဟာ
ဒုစရိုက်သမားတွေလည်းမဟုတ်သလို
လူပျင်းတွေလည်းမဟုတ်ပါဘူး
ဘဝမှာကံမကောင်းသေးလို့
ပိုကောင်းတဲ့မနက်ဖြန်အတွက်
ကိုယ့်ပေါ်ကျူးလွန်နေတဲ့
မတရားမှုတွေကိုတောင်
သိသိရက်နှင့်သည်းခံလိုက်ရသူတွေပါ
ကိုယ်မှန်နေတာသိရက်နှင့်
ပြန်ပြောချင်စိတ်ကို
မြိုသိပ်ပြီးကြိတ်ခံနေရသူတွေပါ
သူတို့အတွက်ပဲကြိုးစားနေသူတွေလားဆိုရင်
ထပ်မှားပါအုံးမယ်
ဘယ်သူမှအသိမခံနိုင်လောက်တဲ့
ဒုက္ခတွေကိုခံနေရတဲ့သူတို့တွေအပေါ်
မှီခိုနေတဲ့မိသားစုကလည်း
အိမ်မှာကျန်ခဲ့သေးတာနော်
သူတို့ကြိုးစားမှအိမ်ကလူတွေလည်း
ထမင်းနှပ်မှန်မှာလေ။
ဒီလိုရေးလို့
မျက်ရည်ချူနေတာလားပြောလိမ့်မယ်
ဒီထက်ဆိုးတဲ့
ဘဝတွေအများကြီးရှိပါသေးတယ်
လမ်းခရီးကြမ်းလို့ ငိုနေတဲ့သားငယ်ကို
နယ်စပ်ရဲကြားသွားမှာဆိုးလို့
စွန့်ပစ်ဖို့တွန်းအားပေးခံရတဲ့အမေ
မလွန်ဆန်နိုင်လို့ စွန့်ပစ်လိုက်ပေမယ့်
နောက်ရက်မှာသားစိတ်နှင့်ရူးသွားတဲ့အမေ
သားငယ်ကိုခိုလှုံခွင့်ပေးပြီး
အမေကိုခိုလှုံခွင့်မပေးတာကြောင့်
ဘဝမှာသားငယ်ကိုပြန်မတွေ့ရတော့ဘဲ
ဆုံးပါးသွားတဲ့အမေ။
ဘယ်တော့မှမခွဲဘူးကတိဆိုထားပေမယ့်
ပွဲစားကောင်းမှုကြောင့်အဖွဲ့ကွဲသွားပြီး
ဘယ်တော့မှမဆုံနိုင်တာ့တဲ့ ချစ်သူတွေ။
ဒိလိုဘဝတွေကို
ဘယ်သူဖန်ဆင်းပေးလိုက်တာလဲ။
အာဏာရှင်နှင့်လူမဆန်တဲ့သူတွေ
ဖန်တီးပေးလိုက်တာပေါ့။
ဒီလိုဘဝတွေဆိုတာ
လူ့အခွင့်အရေးကိုတဖွဖွပြောနေတဲ့
နိုင်ငံကြီးတွေကထုတ်တဲ့လက်နက်တွေနှင့်
တိုက်တဲ့စစ်ပွဲကပြေးလာရတဲ့သူတွေ
ခံစားနေရတဲ့ဘဝတွေပါ။
ဒုစရိုက်မှုဆိုတာ
အမြဲရှိနေတဲ့နိုင်ငံကြီးတွေမှာလည်း
ရွှေ့ပြောင်းနေထိုင်သူတွေကျူးလွန်တဲ့
ဒုစရိုက်မှုကသတင်းစာခေါင်းကြီးတွေမှာ
နိုင်ငံသားဆိုတဲ့တွေကျူးလွန်တဲ့
ဒုစရိုက်မှုတွေကရဲစခန်းမှတ်တမ်းထဲမှာ
(ရွှေ့ပြောင်းနေထိုင်သူတွေကျူးလွန်တဲ့ဒုစရိုက်နှင့် နိုင်ငံသားတွေကျူးလွန်တဲ့ဒုစရိုက် ဘယ်ဟာပိုများလဲသိချင်ရင် လေ့လာကြည့်ပါ)
ရွေ့ပြောင်းနေထိုင်သူတယောက်ကျူးလွန်တဲ့ပြစ်မှုကို
လူတဦးကျူးလွန်တဲ့ပြစ်မှုအဖြစ်မသတ်မှတ်ဘဲ
ရွှေ့ပြောင်းနေထိုင်သူတွေအကုန်
ဒုစရိုက်သမတံဆိပ်ကပ်ခံရအောင်လုပ်နေတဲ့
လက်ယာယိမ်းနိုင်ငံရေးသမားတွေရဲ့
လှည့်ကွက်ကြားမှာ ပြုသမျှနုနေရတဲ့
သနားစရာလူတွေ ခံနေရတဲ့ဒုက္ခတွေကို
ပြေးမကြည့်တွေးကြည့်ရုံနှင့်
စာနာနိုင်ခဲ့မယ်ဆိုရင်
ဒီကမ္ဘာမှာ
အာဏာရှင်တွေပိုနည်းလာမယ်လို့
ရေးရေးမျှော်လင့်မိရင်း
အာဏာရှင်အားပေးသူမဖြစ်ဖို့
လူသားခြင်းစာနာစိတ်ကို ရင်ဝယ်ပိုက်လျှက်
သန်းခေါင်ချိန်ထရေးသည်။
fans
Picture Courtesy: National Gallery of Art@
10/05/2023
"Feeling a bit lost? Congratulations!
It's a natural part of being in this situation.
Embrace it, handle it with care, and savor the journey.
Stay tuned for our upcoming video content on this topic."
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Clarkston, GA