Insurance - Pathways Insurance Group

Insurance - Pathways Insurance Group

Share

06/08/2026

🚗 ကားမောင်းသူတိုင်း သိထားသင့်တဲ့ UM အာမခံအကြောင်း (Added-On နဲ့ Reduced ဘာကွာလဲ?)

Uninsured Motorist (UM) ဆိုတာ အာမခံမရှိသူ (သို့) အာမခံမလုံလောက်သူက ကိုယ့်ကိုလာတိုက်ရင် မိမိဘက်က နစ်နာမှုမရှိအောင် (ဆေးကုသစရိတ်နဲ့ ကားပြင်ခ) ပြန်လျော်ပေးတဲ့ စနစ်ပါ။

ဒါပေမဲ့ Added-On နဲ့ Reduced ဘာရွေးရမလဲ ခေါင်းစားနေရင် အောက်ကဥပမာလေးအတိုင်း မှတ်ရလွယ်ပါတယ် 👇

၁။ Added-On (ထပ်ဆင့်ပေါင်းထည့်ခြင်း) – ⭐ အကောင်းဆုံး
တစ်ဖက်လူလျော်ကြေးအပြင်၊ မိမိအာမခံပမာဏကိုပါ အပေါ်ကနေ ထပ်ဆင့်ပေါင်း (Stack) ပေးတာပါ။
ဥပမာ - ကိုယ့်ဆေးကုသစရိတ်က $75,000 ကုန်မယ်။
တစ်ဖက်လူက $25,000 ပဲ လျော်နိုင်ပြီး၊ ကိုယ့်မှာ UM က $50,000 (Added-On) ရှိရင်...
ရလဒ် - တစ်ဖက်လူဆီက $25,000 + မိမိအာမခံ $50,000 = $75,000 အပြည့်ရလို့ ကိုယ့်အိတ်ထဲက စိုက်စရာမလိုပါ။

၂။ Reduced (နှုတ်ပယ်ခြင်း) – 📉 ပရီမီယံသက်သာပေမဲ့ အားနည်းချက်ရှိ
တစ်ဖက်လူဆီကရတဲ့ လျော်ကြေးကို မိမိရဲ့ UM အာမခံထဲကနေ ပြန်နှုတ် (Deduct) တာပါ။
ဥပမာတူတူပဲ - ဆေးကုသစရိတ်က $75,000 ကုန်မယ်။ တစ်ဖက်လူက $25,000 ပဲ လျော်နိုင်တယ်။ ကိုယ့်မှာ UM က $50,000 (Reduced) ရှိရင်...
ရလဒ် - ကိုယ့်အာမခံ $50,000 ထဲက တစ်ဖက်လူလျော်တဲ့ $25,000 ကို နှုတ်လိုက်လို့ ကိုယ့်ဆီက $25,000 ပဲ ထပ်ရတော့မယ်။ စုစုပေါင်း $50,000 ပဲရပြီး ကျန်တဲ့ $25,000 ကို ကိုယ့်အိတ်ထဲက စိုက်ရပါမယ်။

💡 အနှစ်ချုပ် - လစဉ်ကြေး အနည်းငယ်ပဲ ကွာတာမို့ မတော်တဆမှုဖြစ်ရင် ငွေကြေးအပြည့်အဝ စိတ်ချရတဲ့ Added-On Option ကိုပဲ ရွေးချယ်သင့်ပါတယ်။

သင့်လက်ရှိကားအာမခံက ဘယ်အမျိုးအစားလဲဆိုတာ သိချင်ရင် Messenger ကနေ (သို့မဟုတ်) Comment ကနေ အခမဲ့ လာရောက်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

📞 Pathways Insurance Group
ရုံးဖုန်း - 770.559.4978
🌐 www.pathwaysinsurancegroup.com

#ကားအာမခံ

Want your business to be the top-listed Finance Company in Clarkston?
Click here to claim your Sponsored Listing.

Telephone

Address


1329 Brockett Road Ste E
Clarkston, GA
30021

Opening Hours

Monday 10am - 5:30pm
Tuesday 10am - 5:30pm
Wednesday 10am - 5:30pm
Thursday 10am - 5:30pm
Friday 10am - 5:30pm
Saturday 11am - 5pm