CommuCracy

CommuCracy

Share

01/07/2024

Dog မသား တွေ
Dog စကား ပြောလာပြီ
ဠိုးမသား ၉ ကန့် ဆယ် ကန့်တွေ


👇👇👇

ဒီပွဲက ဗမာတွေအကုန်လုံးရှုံးတဲ့ပွဲနော် စစ်ကောင်စီရှုံးတဲ့ပွဲတစ်ခုထဲမဟုတ်ဘူး ငါတို့ဗမာတစ်မျိုးသားလုံးရှုံးတဲ့ပွဲ လောက်ကိုင်ကဆင်းလာတဲ့ ဗမာတွေရော အကုန်သိကြမှာပေါ့ ဗမာမှန်ရင်ဘယ်လိုဆက်ဆံခံရလဲဆိုတာ သူပုန်က ရေတောင်တိုက် ထမင်းတောင်ကျွေးဆိုတဲ့စကားလာမပြောနဲ့ ခနလေးဟန်ပြကောင်းပြတာကို ဂုဏ်မယူနဲ့

ခု လောက်ကိုင်ကို ဗမာတွေဝင်ခွင့်မရတော့်ဘူးနော် ကျန်တိုင်းရင်းသားအကုန်ပြန်လာခွင့်ပြုထားတယ် ဗမာပေးမဝင်ဘူး လောက်ကိုင်မှမဟုတ်ဘူး ကိုးကန့်MNDAA ထိန်းချုပ်ထားရာနယ်မြေတွေမှာ အကုန်လုံးဘဲ။

အစပိုင်းမှာ KIA က ပါဝင်ပေမဲ့ MNDAA လုပ်ရပ်တွေကို လောက်ကိုင်ကပြည်သူတွေအပြန်လမ်းမှာ KIA သိခဲ့ရတယ် အဲ့ဒါကြောင့် KIA သည် MNDAA တို့ရဲ့ လုပ်ရပ်ကို သိပြီးနောက် ပြည်သူချင်းတိုင်းရင်းသားမုန်းတီးရေးတွေလာပြီးနောက်ပိုင်း KIA သည်ထိုတိုက်ပွဲထဲကနှုတ်ထွက်ခဲ့တာ ကျနော်ပြည်သူတစ်ယောက်အနေနဲ့သိခဲ့တယ်။

AA လဲ ဗမာကိုမုန်းဘူး AA လဲ သူ့ခံယူချက်နဲ့သူ ကျနော်သိရသလောက်ရှမ်း/မြောက်မှာမရှိတော့်ဘူး ရခိုင်ကိုပြန်ကုန်ကြပြီ။

UWSA လဲ နယ်မြေသာချဲ့တာ ဗမာကိုအဲ့လောက်မမုန်းတီးဘူး။ကျနော် အထူးဒေသ"၂"မှာတစ်သက်လုံးနေလာတာ

TNLA လဲ အဲ့လောက်မဆိုးဘူး သူ့ဟာသူ နယ်မြေချဲ့ပြီး စစ်တပ်ကိုတိုက်နေတာ

12/21/2023

တပ်မတော်ပြိုကွဲသွားနိုင် သတဲ့လား......
# # # # # # # # # # # # # # # # # #

ရှမ်းမြောက်စစ်ပွဲတွေရဲ့ လတ်တလောဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကြည့်ပြီး မကြာခင် တပ်မတော်ကြီး ကျဆုံးတော့မယ်။ တပ်မတော်ကြီး ပြိုကွဲတော့မယ်ဆိုတဲ့ စကားတွေကို လူပြောများ လာကြတာတွေ့ရတယ်။ အများစု စွပ်စွဲချက်တွေကတော့ တပ်မတော်ဟာ လူထုထောက်ခံမှု မရတော့ဘူးဆိုတဲ့ အချက်တွေလည်း ရေးသားနေတာတွေ့ရတယ်။ ဒီလိုပြောနေကြတယ်ဆိုတာကလည်း လက်ရှိစစ်ပွဲတွေမှာ တချို့သော နယ်စပ်မြို့တွေ ကို တပ်မတော်ဘက်က လက်လွှတ်ခဲ့ရတာတွေရှိသလို၊ ရှေ့တန်းစခန်းတွေ ကျဆုံးမှု ရှိနေတာ၊ တချို့သော ရှေ့တန်းစခန်းတွေမှာ စစ်သည်တွေက ရန်သူ့ဆီ အကြောင်း အမျိုးမျိုးကြောင့် လက်နက်ချ လိုက်ရတဲ့ မြင်ကွင်း တွေကြောင့် ပိုပိုသာသာ ပြောလာကြ တယ်လို့ပဲ မြင်မိတယ်။ ဒါပေမဲ့ လက်တလော တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အရေးနိမ့်နေတာကို လက်ခံပေမဲ့ တပ်မတော်ကြီး ပြိုကွဲသွားတော့ မယ်ဆိုတဲ့ စကားအပေါ် တော့ လုံးဝ လက်မခံပါဘူး။
--------------

ရှမ်းမြောက်အရေးအခင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်မှာ လုံးဝ သတင်းမရခဲ့ဘူး ဆိုတာထက် ဒီလောက်ကြီး ကြီးကျယ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားတယ်ဆိုတဲ့ အချက်က ပိုပြီး ယုတ္တိကျပါတယ်။ တဖက်မှာ ၂၀၀၈ ခြေဥအရ ကိုးကန့်၊ မိုင်းလားနဲ့ ဝ ဒေသတွေဟာ ဗဟိုအစိုးရရဲ့ အာဏာသက်ရောက်မှု ရှိမနေပါဘူး။ ဒီအချက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြောင်းပြပေမဲ့ ကျားဖြန့်ကြောင့် ဆုံးရှုံးမှုကြီးမားနေတဲ့ တရုတ်ဘက်ကတော့ လက်မခံနိုင်တဲ့သဘောသက်ရောက်တယ်လို့ပဲ မြင်ပါတယ်။ ရှမ်းမြောက်စစ်ပွဲအတွက် အင်အား သောင်းဂဏန်းကြိုတင်စုဖွဲ့ထားတဲ့ MNDAA ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို တရုတ်ထောက်လှမ်းရေးနဲ့ ဝဘက်က ကြိုတင်သတင်းမရဘူးဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီစစ်ပွဲနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တုန့်ပြန်မှု နှေးနေတယ်ဆိုတဲ့အချက်ကလည်း နိုင်ငံရေးစကားလုံးတွေအပေါ်မှာ အမြင် ပြောင်းလာတယ်ဆိုတဲ့အချက်က အဓိကကျမယ်လို့ သီးသန့်ယူဆပါတယ်။ ၁၉၅၈-၁၉၆၀ ပတ်ချာလည်တုန်းက ဖက်ဒရယ်ဆိုတာ စကားလုံးတောင်သမ်းခွင့်မရတဲ့ အနေအထား တစ်ရပ်ကနေ ဒီကနေ့ခေတ် ဖက်ဒရယ်ဆိုတဲ့စကားလုံးအပေါ်မှာ အထက်လူကြီးတွေ အမြင်ပြောင်းသွား စေတဲ့အချက်ကြောင့်လည်း ဒီလောက်ကြီး မာမာထန်ထန် မဖြစ်တော့တာလို့ပဲ ယူဆမိပါတယ်။ ဒီအချက်ကြောင့်ပဲ လောက်ကိုင်ဟာ လက်လွှတ်ပေး ကောင်းပေးနိုင်တယ် ဆိုတဲ့ ယူဆချက်တွေရှိနေတာဖြစ်ပါတယ်။
--------------

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလို့ ဘယ်လိုပဲ စကားလုံးတွေလှအောင်သုံးနေပါစေ... ဒီစစ်ပွဲရဲ့နောက်ကွယ်မှာ တရုတ်ပါဝင်ပတ်သက်မှု လုံးဝမရှိခဲ့တာမျိုးတော့ မဟုတ်နိုင်ပါဘူး။ တိုက်ရိုက်ပါဝင်မှု မရှိရင်တောင် သွယ်ဝှိက် ထောက်ပံ့ပေးတာမျိုး၊ တပ်မတော်ကို သတင်းလက်ဦးမှုရအောင်ကြိုတင်သတင်းပေး ခဲ့တာမျိုး ပျက်ကွက်ခဲ့တာကတော့ သေချာပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ ကနဦး ကျားဖြန့်ရှင်းလင်းရေးလောက် ရည်ရွယ်ခဲ့ကြပေမဲ့ တပ်မတော်စခန်းတွေ အများအပြား သိမ်းပိုက်ရရှိချိန်မှာတော့ တရုတ်ထောက်ပံ့မှုကင်းကင်းနဲ့ စစ်တိုက်နေတယ်လို့ ဖြေလာတာဟာ တစ်ဖက်ကလည်း တရုတ်ကို ကာဗာပေးတဲ့ သဘော ဖြစ်စေပါတယ်။ တရုတ်အနေနဲ့ ဘယ်လောက်ပဲ အိမ်နီးချင်း ကောင်းပီသနေသယောင်နဲ့ အသွင်ဆောင် နေပါစေ... နှစ်ရှည်လများ သူတို့မွေးမြူထားတဲ့ လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြားမှာ မီးစာတဖက် ရေမှုတ်တဖက် လုပ်နေတယ်ဆိုတဲ့ အချက်ကိုတော့ တပ်မတော် စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ သတိမလစ်ဟင်း စေချင်ပါဘူး။ တရုတ်ရဲ့ ပင်လယ်ရေးကြောင်းကုန်သွယ်ရေးထွက်ပေါက်နဲ့ အိန္ဒိယနဲ့ အရှေ့တောင်အာရှကြား ကို ဆက်သွယ်ပေးပြီး စင်္ကြ့ကုန်းမြေအဖြစ်ရှိနေတဲ့ မြန်မာဟာ တရုတ်အတွက် အဓိက ကျတဲ့ နယ်မြေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတယ် လို့ ဘယ်လိုပဲ ခေါင်းစဉ်တပ်နေပါစေ...ဒီစစ်ပွဲတွေရဲ့ နောက်ကွယ်က အကြောင်းတရား တွေထဲမှာ တရုတ်ရဲ့လိုလားချက်တွေရှိနေသလို တချို့သော EAOs တွေရဲ့ နယ်မြေရယူ ပိုင်ဆိုင်/ ချဲ့ထွင်ချင်နေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေလည်း ပါဝင်နေတယ်ဆိုတဲ့အချက် ကလည်း သတိပြုချင်စရာဖြစ်ပါတယ်။
------------

နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုပဲ စေ့စပ်ညှိနှိုင်းရေးတွေ ဆောင်ရွက် နေပါစေ... ဒီရှမ်းမြောက်စစ်ပွဲဟာ တပ်မတော်ရဲ့ စွမ်းရည်ကို စမ်းသပ်တဲ့ Game Theory ကစားကွက်လို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဒီစစ်ပွဲကြောင့် တပ်မတော်မှာ ...အထူးသဖြင့် ခြေလျင်တိုက်ခိုက်ရေးတပ်တွေမှာ အကြီးအကျယ်ပြောင်းလဲမှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့အချက်ကတော့ ငြင်းလို့ရမယ်မထင်ပါဘူး။ လတ်တလော နယ်စပ်တလျှောက် ပေးဆပ်စွန့်လွှတ်လိုက်ရတယ်ဆိုတာကလည်း အရင်တပ်မတော် အုပ်ချုပ်စဉ်ကာလကတည်းက နယ်မြေစိုးမိုးနိုင်ဖို့အတွက် အင်းအားခပ်ကျဲကျဲနဲ့ ဖွင့်လှစ်ထားရတဲ့ အခြေအနေတွေကြောင့်သာ ဖြစ်ပါတယ်။ ဒီပွဲဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဖြစ်သလို ဒို့တာဝန်အရေး ၃ ပါးကို လက်ကိုင်ထားရမဲ့ တပ်မတော်အတွက် တိုင်းပြည်က အပ်နှင်းထားတဲ့ ပေးထားချက်လည်းဖြစ်ပါတယ်။
-----------

စစ်ဖြစ်နေတဲ့ အနေအထားကို ဘယ်ကြားပြည်သူမှ မလိုလားပါဘူး။ ဘယ်ဘက်က နိုင်နိုင်...သူတို့ဘဝ အဆင်ပြေရင်ကျေနပ်ကြတဲ့ပြည်သူက အများစုဖြစ်ပါတယ်။ လက်နက်ကိုင် နှစ်ဖက်စလုံးကို ကြောက်ရတဲ့ အခြေအနေမျိုးကို ဘယ်ပြည်သူမှ မကြိုက်လှပါဘူး။ တသက်လုံး ရှာဖွေစုဆောင်းလာတဲ့ အရာတွေက စစ်ကြောင့် ပျက်စီးသွားရတာမျိုးကို မနှစ်သက်ကြပါဘူး။ လမ်းတံတားတွေဖျက်စီး၊ ဆက်သွယ်ရေး တာဝါတိုင်တွေချိုး၊ ပြည်သူနဲ့ ရဟန်းသံဃာတွေကိုသတ်တဲ့ ရန်သူတွေကို တိုင်းရင်းသား လက်နက်ကိုင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တန်းတူထားပြီး နိုင်ငံရေးစကားပြောဖို့ မသင့်လှပါဘူး။ ပြည်သူထောက်ခံမှုပိုပိုသာသာရချင်ရင် တနည်းပဲ ရှိပါတယ်။ ရန်သူ့ဌာနချုပ် တွေကိုသာ ဗုံးကြဲတိုက်ခိုက်လိုက်ပါ။ ရန်သူ့ထိုးစစ် အညွှန့်ကျိုးပါလိမ့်မယ်။

(နရီမိုး)

Want your business to be the top-listed Beauty Salon in Chicago?
Click here to claim your Sponsored Listing.

Website

Address


Chicago, IL
60602