Peak Point Academy

Peak Point Academy

Share

03/19/2022

အောင်မြင်ကြသူတွေက
တစ်ခြားသူကို ဘယ်လို ကူညီနိုင်မယ့်
အခွင့်အလမ်းကို ရှာတတ်ကြတယ်။

မအောင်မြင်သူတွေက
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး
ငါဘာရမှာလဲပဲ တွေးတက်ကြတယ်။

မနာလိုသူတွေကတော့
ကိုယ်အတွက်လည်း ကိုယ်မကြည့်တဲ့အပြင်
ကိုယ်ထပ် ဉစ္စာပွားများမှာ အောင်မြင်မှာကို
ကြောက်ပြီး ဆွဲချတတ်ကြတယ်။

လူကြီးမင်း မိတ်ဆွေတွေထဲမှာရော ဘယ်လိုလူတွေ ရှိကြလဲ?

03/17/2022

ပထမ El Salvador က Bitcoin ကို တရားဝင် လုပ်ခဲ့ပြီး သူ့နိုင်ငံရဲ့ GDP တဟုန်ထိုးတက်သွားတယ်။

အခု စစ်ဖြစ်နေတဲ့ ကြားက ယူကရိန်း သမ္မတက Bitcoin ကို တရားဝင်ဖြစ်ကြောင်း လက်မှတ်ထိုးသွားတယ်။

ထူးဆန်းတာက ယူကရိန်က အရင်ကတည်းက Bitcoin အများဆုံး ဝယ်ထားတဲ့ နိုင်ငံတစ်နိုင်ထဲမှာလည်း ပါတယ် အခုမှာ တရားဝင်လက်မှတ် ထိုးတာလဲ။

၂၁ မှာ ၈၈ အတွေး နဲ့ စီးပွာရေး လုပ်လို့ မရတော့ဘူး။

နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ အရေးကြီးလာပြီ။

Centralize ထက် Decentralize ရဲ့ လှပမှု ပိုရှိလာတယ်။

ဒီရက်ပိုင်း Invest ကိစ္စအသစ်တွေနဲ့မို့ ပို့စ် အသစ်တွေ မတင်ဖြစ်ဘူး။ အခုတော့ ယူကရိန်း ကိစ္စက စိတ်ဝင်စားစာစရာနဲ့ အတွေးအသစ်တွေ ဝင်လာတာနဲ့ တင်လိုက်တာ ... ရင်းနှီးတာနဲ့ ပတ်သက်ဆက်စပ်တာ တင်ပါဦးမည်။

12/29/2021

နှစ်ကုန်ပိုင်း ရောက်လာကြတဲ့အခါ ကျွန်‌တော်တို့ လာမည့်နှစ်မှာ ဘာတွေ ကောင်းအောင်လုပ်မယ်။ ဘာတွေ ထူးခြားအောင်လုပ်မယ်။ ဘာတွေ ပြောင်းလဲပစ်မယ်။ အစရှိတဲ့ ကတိကဝတ်တွေ ပြုလေ့ ရှိကြပါတယ်။

နှစ်ဆန်းရောက်ချိန်လုပ်ဖြစ်ကြပေမယ့် နောက်နှစ်ကုန်တဲ့အချိန်ထိ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပေးတဲ့ကတိတွေကို ရက်ပေါင်း ၃၆၅ရက် ပြည့်အောင် မထိန်းထားနိုင်ကြပါဘူး။

အကျင့်ဆိုတာ သေးငယ်တဲ့ ကိစ္စဖြစ်ပါစေ နေ့စဉ်ရက်ဆက် လုပ်နေဖို့ အရေးကြီးပါတယ်။ ဆရာကြီးဖေမြင့် ဘာသာပြန်ရေးသားခဲ့တဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးဂ္ဂိုလ် ဝတ္ထုက စာတိုလေး သတိရမိတယ်... အကယ်၍ ကိုယ်က အလုပ်သွားတဲ့လမ်းမှာ တံတားတစ်စင်းရှိမယ် အဲ့တံတားကို ဖြတ်သွားတိုင် ခဲလုံးတစ်လုံးပစ်ချမယ်လို့ သန္နိဌာန်ချထားရင် အဲ့တံတားဖြတ်သွားတိုင် ခဲတစ်လုံး ပစ်ချဖို့ လိုပါတယ်၊ တစ်ရက်တံတားဖြတ်ပြီးမှ သတိရလို့ နောက်တစ်ရက်မှာ ခဲနှလုံး ပစ်ချမယ်ဆိုလည်း ကျွန်‌တ်ောတို့ ချမှတ်ခဲ့ ကတိပျက်သွားပြီဖြစ်ပါတယ်ဆိုပြီး သူကြွယ်ဖြစ်နေတဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းကို အကျင့်နဲ့ ပတ်သက်ပြီး နမူနာပေး ပြောဆိုခဲ့ပါတယ်။

အကယ်၍ စာဖတ်မိတ်ဆွေရဲ့ နှစ်သစ်သန္နိဌာန်က ကြီးပွားချမ်းသာဖို့ဆိုရင် ငွေစုတဲ့အကျင့် မွေးမြူဖို့လိုပါတယ်။ ငွေစုတဲ့အချိန်မှာလည်း အပိုငွေကို စုတာမဟုတ်ဘဲ၊ စုပြီးပိုတဲ့ငွေကို သုံးပါဆိုပြီး လက်ရှိကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် Warren Buffet ကဆိုပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ကိုယ်က ဝန်ထမ်းဆိုပါစို့၊ တစ်လကို ဝင်ငွေရဲ့ ၂၀% စုမယ်လို့ ကတိပေးထားတယ်ဆိုရင် လကုန် လစာရတဲ့ အချိန် အရင်ဆုံး ကိုယ့်စုဖို့ ကတိပေးထားတဲ့ ၂၀% ကို အရင်စုပါ။ ပြီးမှကျန်တာကို သုံးဖို့ပြောပါတယ်။

ဒါကြောင့်ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခင် ငွေစုတတ်တဲ့ အကျင့်ကောင်းကို စနစ်တကျ ပျိုးထောင်ထားနိုင်ဖို့ အရေးကြီးပါတယ်။

မိတ်ဆွေအားလုံးကို လေးစားလျက် ..

11/29/2021
Photos from Peak Point Academy's post 10/18/2021

ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်ခြင်းက ပေးနိုင်တဲ့ အားသာချက် (၉) ခု

စီးပွားရေး ၊ စီမံခန့်ခွဲရေး ၊ ငွေကြေး ဘဏ္ဍာရေး tip များကို Telegram မှာ နေ့စဉ် လေ့လာနိုင်ပါပြီ..

Want your school to be the top-listed School/college in Baltimore?
Click here to claim your Sponsored Listing.

Website

Address


Baltimore, MD