Cookfork1

Cookfork1

Share

12/06/2026

ချင်း(ဂျင်း)ရနံ့မွှေးမွှေးလေး၊ ကြွက်နားရွက်မှိုရဲ့ ကြွပ်ကြွပ်လေးနဲ့ ခပ်စပ်စပ်လေး စားကောင်းတဲ့ ဟင်းလေးတခွက်ပါ။ ထိုင်းဟင်းချက်နည်းကို အနည်းငယ်လေးပြောင်းထားပါတယ်ခင်ဗျာ။

ပါဝင်ပစ္စည်းများ
အရိုးထွင်ထားတဲ့ ကြက်ပေါင် တချောင်း ကို တကိုက်စာအချောင်းရှည်ရှည်လေးလေလှီးထားပါ။
အသားနှပ်ဖို့အတွက်
ကော်မှုန့် + ဟင်းချက်အရက် + ပဲငံပြာရည်အကြည် = ၁ ဇွန်း (စားပွဲတင်ဇွန်း) စီထည့်ပြီးအရသာနှပ်ထားပေးပါ။ မိနစ် ၃၀ လောက်နှပ်ထားပေးပါ။
ချင်း (ဂျင်း) ကို ပါးပါးရှည်ရှည်လေး လှီးဖြတ်ပေးထားပါ။ လက် ၂ ဆစ်စာလောက်သုံးပါတယ်။
ဂျပန်ရှိတာကေ မှို ခြောက် - အနည်းငယ် နဲ့
ကြကွ်နားရွက်မှို - အနည်းငယ် ကို ရေဆေးပြီး ရေကြိုစိမ်ပေးထားရပါမယ်။

ဒယ်အိုးထဲမှာ ဆီ ကို စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပြီး ဓားပြားရိုက်ထားတဲ့
ကြက်သွန်ဖြူ -အနည်းငယ် ကိုမွှေးလာအောင်ဆီသတ်ပေးပါ။ အသားတွေ ကျက်လာပြီဆိုရင်
ငရုတ်သီးခြောက် - အနည်းငယ်
နာနတ်ပွင့် - ၁ ပွင့်
ထည့်ပြီးမွှေပါမယ်။
တရုတ်ပဲငပိအစပ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခရုဆီ - အနည်းငယ်
ပဲငံပြာရည် - အနည်းငယ်
ထည့်ပြီး မွှေပေးပါ။ အနည်းငယ်မွှေပေးပြီးရင် ပါးပါးလှီးထားတဲ့ ချင်း (ဂျင်း)နဲ့ ရေစိမ်ထားတဲ့မှိုတွေထည့်ပေးပါ။ အကြာကြီးကြော်စရာမလိုဘဲ ခဏလေးကြော်ပြီးရင် နောက်ဆုံးမှာမှ နှမ်းဆီအနည်းငယ်ထည့်ပေးရင် ချင်း(ဂျင်း)ကြက်မှိုကြော်လေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ...

05/06/2026

မြန့်မာ့ရိုးရာမုန့်လေးတခုဖြစ်တဲ့ မုန့်သိုင်းခြုံလုပ်နည်းလေးပါ။ အဟာရလည်းရှိပြီး လုပ်ရတဲ့ လွယ်တာမလို့ အိမ်မှာ အလွယ်တကူလုပ်စားနိုင်ပါတယ်.

မုန့်သိုင်းခြုံထဲမှာ အစာထည့်ဖို့အတွက် အုန်းသီး သကြားနဲ့ဆားလိုအပ်ပါတယ်။ အုန်းသီးကို ကျွန်တော်က ၁လုံးခွဲခြစ်ထားပါတယ်။
ဒယ်အိုးထဲ ဆီလေး အနည်းငယ်ထည့်ပြီး သကြားနဲ့ဆား။ အုန်းသီး ထည့်ပြီး ၅ မိနစ်လောက် မီးအေးအေး ထည့်ပြီး လှော်ပေးပါ။ ယိုပုံစံမဟုတ်တဲ့အတွက် အကြာကြီး အပူပေးစရာမလိုပါဘူး။
မုန့်သိုင်းခြုံမှာ ကြက်ဥ များမှ ပိုစားကောင်းတယ်လို့တော့ ထင််မိပါတယ်။ ကျွန်တော်က ကြက်ဥ ၃ လုံး သုံးပါတယ်။ ကြက်ဥတွေကို ခေါက်ပေးထားပါ. ကောက်ညှင်းမှုန့် ၁ ခွက် (နို့ဆီဗူး ၁ ဗူး) ဆန်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ရေက ၁ ခွက် (နို့ဆီဗူး ၁ဗူး) ။ ဆား အနည်းငယ်ထည့်ပြီး အားလုံး သမအောင်မွှေပေးပြီး နာရီဝက်လောက် အခန်းအပူချိန်မှာ နှပ်ထားပေးပါ။ မုန့်နှစ်အပျစ်အကျဲက အခန်းအပူချိန်မှာ ထားထားတဲ့ နို့ဆီ ရဲ့ အပျစ်အကျဲနဲ့ အလားတူပါ။
ဒယ်အိုးထဲမှာ ဆီ လေးအနည်းငယ်ထည့်ပြီး မီးအားသေးသေးလေးပဲ အပူပေးပါ။ ကြက်ဥပါဝင်မှုများတဲ့အတွက် မီးအားပြင်းရင်ကြက်ဥက မာသွားပြီး မုန့်ခေါက်ရတာ အဆင်မပြေဘဲ မုန့်သားတွေကျိုးသွားနိုင်ပါတယ်။
အုန်းသီးအစာကို စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက်ပဲထည့်ပေးပါ။ ၅ ထောင့်ပုံခေါက်ပြီး မီးအေးအေးနဲ့ပဲ အပူပေးပါ။မုန့်သားက အရောင်ပြောင်းသွားမှ ပိုပြီးစားကောင်းပါတယ်။
မုန့်သိုင်းခြုံကို တချို့တွေက ဂျုံမှုန့်နဲ့လုပ်ကြပေမယ့် ကောက်ညှင်းမှုန့်နဲ့လုပ်မှသာ စျေးမှာရောင်းတဲ့အရသာအတိုင်း တူမှာဖြစ်ပါတယ်။ အချိုကြိုက်ရင် မုန့်နှစ်ထဲကို နို့ဆီ အနည်းငယ်ထည့်ပြီးဖျော်ပေးလို့ရပါတယ်။

23/05/2026

ရေနွေးငွေ့နဲ့ ပေါင်းပြီးလုပ်တဲ့ မုန့်လေးပါ..

ပါဝင်ပစ္စည်းများ
ဘက်စုံသုံးဂျုံမှုန့် - ၂၅၀ ဂရမ်
ဆန်မှုန့် - ၁၀၀ ဂရမ်
သကြားအညို သို့ ကြံသကာ - ခွက်တဝက်
သကြားအဖြူ - ခွက်၃ပုံ၁ပုံ
ရေနွေး - ၃၅၀ မီလီလီတာ
ဘိတ်ကင်းပေါင်ဒါ Baking powder - 5 tsp (လက်ဖက်ရည်ဇွန်း ၅ ဇွန်း)

发糕的做法

Want your public figure to be the top-listed Public Figure in Taipei?
Click here to claim your Sponsored Listing.

Category

Address


Taipei
235