PMM

PMM

แชร์

12/04/2026

April (12) ရက်နေ့မှ (17) ရက်နေ့အထိ ရုံးပိတ်ပါသည်။

29/03/2026

PMMS ရုံးနဲ့ဘတ်သစ်ရိုက်ထားသူများသိစေရန်…

100%မှာ ဝပ်ပါမစ့်မကျသေးတာ30%ပဲကျန်ပါတော့တယ်နော်။

အတူတူလက်ဗွေနှိပ်ပြီး သူများကျတော့
ဝပ်ပါမစ့်ရပြီး ကျွန်တော်/ကျွန်မတို့ကျတော့
ဘာလို့မကျသေးတာလဲမေးတဲ့သူတွေ
ဒီကနေပဲဖြေပေးလိုက်ပါမယ်။

ဘတ်စာရင်းလက်ခံတုန်းက စရံငွေတစ်ဝက်ပဲ
ကောက်ထားပါတယ်ရှင့်။
လက်ဗွေနှိပ်ပြီး ဆေးစစ်စာရွက်တွေ
ပကန်စာရွက်တွေသူဌေးစာရွက်စာတမ်းတွေ
ပြင်ဆင်ပြီးမှ ဝပ်ပါမစ့်သွင်းလို့ရပါတယ်။

လက်ဗွေနှိပ်ပြီး ကျန်ငွေသွင်းတဲ့သူတွေ
တခါထဲ ဝပ်ပါမစ့်ငွေချေပေးပါတယ်
ငွေချေ900 ရကြပါမယ်။

လက်ဗွေနှိပ်ပြီး ကျန်ငွေမသွင်းတဲ့သူတွေက
ကျန်ငွေသွင်းပြီးမှသာလျှင်
ဝပ်ပါမစ့် အပိုင်းကိုဆက်ပြီးလုပ်ပေးပါတယ်။

ဒါကြောင့် ဝပ်ပါမစ့်ကျတာချင်းလဲမတူပါဘူး
တစ်နေ့ထဲ အတူတူဝပ်ပါမစ့်သွင်းထားတဲ့သူတွေတောင် တစ်ရက်ထဲ အတူမကျပါဘူးရှင့်။

ဝပ်ပါမစ်အရင်ကျတဲ့သူတွေက
ဝပ်ပါမစ့်ကဒ်ရိုက်ဖို့ ရက်ချိန်းအရင်ရပါတယ်။ ကုမ္ပဏီဘက်က
ခွဲခြားပြီး ရက်ချိန်းယူပေးလို့မရပါဘူးရှင့်။
တခြားသူတွေက 3 လပိုင်းထဲရတယ်
ကျွန်တော်/ကျွန်မတို့ကျ ဘာလို့သုံးလပိုင်းထဲမရတာလည်း မေးကြတဲ့သူတွေလဲရှိပါတယ်။

ဝပ်ပါမစ့်ကျလို့ Q ရက်ချိန်းယူတဲ့အခါ
ဝက်ဆိုဒ်ထဲက လွတ်နေတဲ့ရက်ကိုပဲယူပေးလို့ရပါတယ်။
ရုံးတိုင်းကလဲ သူ့နဲ့ကိုယ်အပြိုင် ရက်ချိန်းရရင်
ရတဲ့နေ့ကိုအမြန်ယူထားကြရပါတယ်။
Qကိုခွဲခြားပြီးယူပေးလို့လဲမရပါဘူးရှင့်။
ဝက်ဆိုဒ်က အွန်လိုင်းစနစ်ဖြစ်တဲ့အတွက် ရတဲ့ရက်ကို ယူပေးရပါတယ်။

လက်ဗွေနှိပ်ပြီးကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့
ရက်အတွင်းကျန်ငွေမသွင်းရသေးသူတွေ
ကျန်တဲ့ဝပ်ပါမစ့်အပိုင်း တာဝန်မယူပါဘူးရှင်။
လူသစ်ဘတ်သမားက 31.3.2026
နောက်ဆုံးထားပြီး ဝပ်ပါမစ့်သွင်းရမှာ
ဖြစ်ပါတယ်ရှင့်။

31 ရက်နေ့မှငွေသွင်းမယ်ဆိုတဲ့သူတွေ
အတွက်လဲဒီကနေပဲပြောပါရစေရှင့်။
31 ရက်နေ့မှကျန်ငွေသွင်းမယ်ဆို
ကုမ္ပဏီဘက်က ပကန်ကိစ္စတွေ
စာရွက်စာတမ်းပြင်ဆင်ရမယ့်အချိန်လုံးဝမရှိ
တော့ပါဘူးရှင့်။
ဒါကြောင့် အခုချိန်ထိကျန်ငွေမသွင်းတဲ့သူတွေ စာရွက်စာတမ်းမကျခဲ့ရင် လုံးဝ တာဝန်မယူပါဘူးရှင့်။

ကျန်ငွေသွင်းပြီး ဝပ်ပါမစ့်မကျသေးတဲ့
သူတွေက 900 ငွေချေရပြီးရင်
ဝပ်ပါမစ့်ကျဖို့ပဲစောင့်ဖို့လိုပါတယ်။
ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့ရက်အတွင်း
ကျန်ငွေသွင်းပြီး 900 ငွေချေစာရွက်
မရသေးတဲ့သူရှိရင်လဲ ဆက်သွယ်ပြီး
တောင်းယူလို့ရပါတယ်ရှင့်။

29/03/2026

📌 (30.3.2026) ရက်နေ့မှာ ဝေါ့ပါမစ်ကဒ်ထုတ်ရမယ့် ချွန်ပူရီအဖွဲ့ပါနော်။

⏰ မိမိရထားတဲ့ အချိန်အတိုင်း ရောက်အောင်လာပေးကြပါနော်။

📌 သတ်မှတ်ချိန်ထက် နောက်ကျလို့ ဝေါ့ပါမစ်ကဒ်ထုတ်မရခဲ့ရင် နောက်တစ်ကြိမ်အတွက် အာမမခံပါဘူးနော်။

18/03/2026

31.3.2026 အဖွဲ့ သက်တမ်းတိုးမယ့်သူများ စာရင်းလက်မခံတော့ပါဘူးရှင့်

Photos from PMM's post 01/03/2026

31.3.2026 သက်တမ်းကုန်မယ့်သူများ PMMS ရုံးမှာ စာရင်းလက်ခံပေးနေပါပြီဗျို့📢

သက်တမ်းတိုးစျေးနှုန်းများ📋

Passport စာအုပ်ရှိသူများ📕

🔸သူဌေးရှိ ၆၀၀၀
🔸သူဌေးရှိ ပကန်ရှိ ၅၀၀၀
မှတ်ချက် - ဝေါ့ပါမစ်ထဲက သူဌေးဖြစ်ရမည်။

🔸သူဌေးမရှိ ၆၇၀၀ (PMMS ရုံးနဲ့ဘတ်ရိုက်ထားသူများအတွက်သာ)
မှတ်ချက် - PMMS သူဌေးဌားနဲ့မဟုတ်သောသူများ ကျန့်ခေါက်ခ ထပ်ပေါင်းပါမည်။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Passport စာအုပ်မရှိသူများ👇

🔹သူဌေးရှိ ၄၀၀၀ (ဝေါ့ပါမစ်ထဲကသူဌေးဖြစ်ရမည်)
🔹သူဌေးမရှိ ၅၅၀၀ (PMMS ရုံးနဲ့ဘတ်ရိုက်ထားသူများအတွက်သာ)
မှတ်ချက် - PMMS သူဌေးဌားနဲ့မဟုတ်သောသူများ ကျန့်ခေါက်ခ ထပ်ပေါင်းပါမည်။

📌 ဒီနှစ်မှာသက်တမ်းတိုးမယ့်သူများအနေနဲ့ သက်တမ်းတိုးအုပ်စုတွေများတာမလို့ သက်တမ်းတိုးတော့မယ်ဆိုရင် မိမိက ဘယ်အုပ်စုထဲမှာပါနေလည်းဆိုတာ သေချာမေးပြီးမှ သက်တမ်းတိုးကြပါနော် 🤗

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ 📝

🍀 လက်ဗွေနှိပ်Bioတံဆိပ်တုံးပါတဲ့ စာရွက်
🍀 ဝေါ့ပါမစ်စာရွက်
🍀 ငွေချေစာရွက်
🍀 ဓာတ်ပုံ
🍀 ဖုန်းနံပါတ်

📌 သူဌေးရှိတဲ့သူတွေကတော့ သူဌေးစာရွက်စာတမ်းပေးရပါမယ်နော်။

📕စာအုပ်ရှိသူများ Passport မျက်နှာပြင်နဲ့ ဗီဇာမျက်နှာပြင်လေးပါ ပို့ပေးဖို့ မမေ့ပါနဲ့နော်😊

သက်တမ်းတိုးအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်တော့ Page Messenger ကပဲဖြစ်ဖြစ် Viber 📲ကပဲဖြစ်ဖြစ် မေးမြန်းစုံစမ်းလို့ရပါတယ်ရှင့် 👋

📱 စာပြန်ဖို့နောက်ကျနေတယ်ဆိုရင် ရုံးဖုန်းကို ဆက်သွယ်ပြီးလည်း မေးမြန်းနိုင်ပါတယ်နော်😁

☎ 063 376 9399

25/02/2026

လူဟောင်းသက်တမ်းတိုး e-Workpermit အွန်လိုင်းစနစ်လျှောက်ထားမှု အခတ်အခဲဖြစ်သူများအတွက် နောက်ဆုံးရက်အား သုံးလတိုးမြှင့်

▪️အီလက်ထရွန်းနစ်စနစ် အခက်အခဲကြုံပါက ရိုးရာနည်းလမ်းဖြင့် ဆက်လျှောက်ထားနိုင်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က အလုပ်အကိုင်ဌာန၊ နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးဗျူရိုက e-Workpermit အီလက်ထရွန်းနစ်စနစ်သုံး၍ နိုင်ငံခြားသားများ အလုပ်ခန့်ထားမှု လျှောက်လွှာတင်သွင်းရာတွင် အခက်အခဲကြုံတွေ့သူများအတွက် ထည့်သွင်းစင်းစားရန် လမ်းညွှန်ချက်စာ ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။

ပေးပို့သည့် ညွှန်ကြားချက်စာအရ အလုပ်ရှင်များ အလုပ်ဌာနများက
အီလက်ထရွန်းနစ်စနစ် (e-Workpermit) မှ တစ်ဆင့် အလုပ်အကိုင်လျှောက်လွှာများနှင့် အကြောင်းကြားစာများ တင်သွင်းရာတွင် အလုပ်ရှင်နှင့် နိုင်ငံခြားသား လုပ်သားများအား အကြံဉာဏ်နှင့် အကူအညီများပေးပြီးဖြစ်ပြီး လုပ်ငန်းစဉ်မအောင်မြင်ကြောင်း တွေ့ရှိပါက ယခင်မူလနည်း လမ်းအတိုင်း ဆက်လက်ဝန်ဆောင်မှုရယူနိုင်တယ်လို့ သိရပါတယ်။

သို့ရာတွင် စနစ်အသုံးပြုရာမှာ ပြဿနာကြုံတွေ့ကြောင်း သက်သေပြ
အထောက်အထားအဖြစ် လျှောက်လွှာကို မလုပ်ဆောင်နိုင်ခြင်းရဲ့ ဖန်သားပြင်ဓာတ်ပုံများကို သက်သေအဖြင့် မှတ်တမ်းတင် သိမ်းဆည်းပြီး သက်ဆိုင်ရာ နိုင်ငံခြား လုပ်သားများစီမံခန့်ခွဲရေးဗျူရိုကို အကြောင်းကြားရမယ်လို့ ပါရှိပါတယ်။

ယခုဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့အထိ အတည်ပြုထားရာက ယခုအခါ အလုပ်ရှင်များ၊ အလုပ်ဌာနများနှင့် နိုင်ငံခြားသားအလုပ်သမားများအတွက် ယခင်က သတ်မှတ်ထားသည့် အကူးအပြောင်းကာလကို နောက်ထပ် ၃ လ (၂၀၂၆ ဧပြီလ ၂၈ ရက်အထိ) ထပ်မံတိုးမြှင့်ပေးနိုင်ရန် စဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုအ‌ကြောင်းအရာက အရေးကြီးသော e-Workpermit ခွင့်ပြုမိန့် လျှောက်ထားရာတွင် အခတ်အခဲဖြစ်နေသော ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် ဝမ်းသာစရာ အချိန်ကာလ တိုးချဲ့မှုကို အသိပေးခြင်း သတင်းကောင်းဖြစ်ပါတယ်

ာမိတ်အဖွဲ့ ိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး #အေအေစီရဲမင်းဦးဆောင်သည့်mhacမဟာမိတ်အဖွဲ့

24/02/2026

( ၃၁.၃.၂၀၂၆ )သက်တမ်းကုန်မယ့်သူများ
Ci ရိုက်လို့ရပါပြီ📢📢📢

PMMS အကျိုးဆောင်ရုံးမှာ စျေးနှုန်းချိုသာစွာဖြင့် စာရင်းလက်ခံပေးနေပါပြီ🔸🔸🔸

အပြီးအစီးစျေးနှုန်း ➡️ ၆၀၀၀

မှတ်ချက် / ပထမဗီဇာတုံးထုအပြီး♟️

🔺🔸🔺🔸🔺🔻🔸🔺🔸🔺🔻

* Ci စာအုပ်သီးသန့်➡️ ၄၅၀၀ ၊

ဗီဇာပါ အပြီးအစီး ➡️၅၇၀၀

(စာမွတ်ဆာခွန်ခရိုင်) သီးသန့်

လိုအပ်သော စာရွက်စာတမ်းများ👇

1️⃣. ဓာတ်ပုံတစ်ပုံ👤

2️⃣. ဝပ်ပါမစ့် 📄

3️⃣.ငွေချေစာရွက်📄

4️⃣. အိမ်ထောင်စုစာရင်း/မှတ်ပုံတင်
တစ်ခုခုရှိရမည်။

5️⃣. လက်ဗွေနှိပ်ထားသောစာရွက်

🔺🔸🔺🔸🔺🔸🔺🔸🔺🔸🔺🔸

1. စမွတ်စာခွန်

2. ချွန်ဘူရီ

3. စမွတ်ပါကန်

4. ပထုံဌာနီ

5. ချင်းမိုင်

မြို့များကို တာဝန်ယူလုပ်ဆောင်ပေးပါသည်။

မေးမြန်းရန်☎️0633769399

21/02/2026

လူသစ်ဘတ်ရိုက်မယ့်သူများစာရင်းလက်ခံနေပါပြီ။🤗

20/02/2026

လူသစ်များအတွက်
သတင်းကောင်းပါ
31.3.2026 ရက်အထိ
လက်ဗွေနှိပ်ဖို့ရက်ရွှေ့လိုက်ပါပြီ🤗

17/02/2026

လူသစ်သမားများ Ci စာအုပ်ရိုက်လို့ရပါပြီ📢📢📢

စာရင်းလက်ခံနေပါပြီ🔸🔸🔸

အပြီးစီးစျေးနှုန်း 5500 🔶🔶🔶

လိုအပ်သောစာရွက်စာတမ်းများ👇

1️⃣. ဓာတ်ပုံတစ်ပုံ👤

2️⃣. ဝပ်ပါမစ့် 📄

3️⃣.ငွေချေစာရွက်📄

4️⃣. အိမ်ထောင်စုစာရင်း/မှတ်ပုံတင်
တစ်ခုခုရှိရမည်။

5️⃣. လက်ဗွေနှိပ်ထားသောစာရွက်

မှတ်ချက် = ဗီဇာတုံးထုခမပါ

ဆက်သွယ်မေးမြန်းရန်☎️0633769399

09/02/2026

13.02.2025 သက်တမ်းကုန်တဲ့အဖွဲ့များ
PMMရုံးနှင့် သက်တမ်းတိုးထားသူများ
စာအုပ်ဗီဇာထုပြီး အကုန်ရနေပါပြီး
ထိုင်းလဝက(တောမော) ရုံးမှာစာအုပ်တွေ
ဗီဇာထုဖို့ ပို့ထားပါတယ် အကုန်မရသေးပါဘူး
ရတဲ့သူများ ဆက်သွယ်ပြီး
ပို့ပေးနေပါတယ်။…..

02/02/2026

မဲဆောက်အဖွဲ့လက်ဗွေနှိပ်🤗✌️

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Samut Sakhon?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


178/315
Samut Sakhon
74000