Something For You
07/05/2026
ဂျပန်နိုင်ငံမှာ လာလာ (Lala) လို့ခေါ်တဲ့ ပင်ဂွင်းလေး တစ်ကောင်ဟာ တခြားပင်ဂွင်းတွေနဲ့မတူဘဲ လူတွေလိုပဲ အစိမ်းရောင် ကျောပိုးအိတ်လေးတစ်လုံးကို ကိုယ်တိုင်လွယ်ပြီး မြို့ထဲက ငါးဆိုင်ကို နေ့တိုင်း ဈေးဝယ်ထွက်လေ့ ရှိပါတယ်
ဂျပန်နိုင်ငံ၊ ခါဂိုရှီးမား (Kagoshima) မြို့မှာ နေထိုင်တဲ့ Mr. Yukio Nishimoto ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ပင်လယ်ထဲမှာ ငါးဖမ်းပိုက်နဲ့ ငြိပြီး နှုတ်သီးနဲ့ တောင်ပံတွေမှာ ဒဏ်ရာအပြင်းအထန် ရနေခဲ့တဲ့ ပင်ဂွင်းလေးတစ်ကောင်ကို ကယ်တင်ပြီး အိမ်ကိုခေါ်ကာ ဒဏ်ရာတွေပျောက်ကင်းအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်
ဒဏ်ရာတွေ ပျောက်သွားတဲ့အခါ ပင်ဂွင်းလေးကို ပင်လယ်ထဲ ပြန်လွှတ်ခဲ့ပေမယ့် သံယောဇဉ်ကြီးတဲ့ ပင်ဂွင်းလေးဟာ အိမ်ကိုပဲပြန်လာတာကြောင့် သားသမီးတစ်ယောက်လို မွေးစားခဲ့ပြီး လာလာ (Lala) လို့ အမည်ပေးခဲ့ပါတယ်
Mr. Nishimoto ဟာ ငါးသွား၀ယ်တိုင်း လာလာကို ခေါ်သွားတာကြောင့် လမ်းတွေကို မှတ်မိသွားတဲ့ လာလာဟာ သူတို့၀ယ်နေကြ ငါးဆိုင်ကိုသွားပြီး ကိုယ်တိုင်ငါးသွားတောင်းစားခဲ့ပါတယ်။ ငါးဆိုင်ပိုင်ရှင်ကလည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ ပေးလိုက်ပြီး ဒါကိုသိသွားတဲ့ Mr. Nishimoto ဟာ လာလာအတွက် ကျောပိုးအိတ်တစ်လုံးကို ဆင်ပေးခဲ့လိုက်ပါတယ်။ အဲ့ဒီအချိန်ကစလို့ လာလာဟာ ဆိုင်မှာ တစ်ကောင်စား အိမ်ကလူတွေအတွက် ငါးတစ်ကောင်ကို ကျောပိုးအိတ်ထဲထည့်ပြီး ပြန်လာလေ့ရှိတဲ့ ဈေး၀ယ်ပင်ဂွင်းလေးအဖြစ် နာမည်ကြီးသွားခဲ့ပါတယ်
လာလာ ဈေးလာ၀ယ်တိုင်း လာရောက်ကြည့်ရူသူများပြားပြီး ဈေးပိုရောင်းကောင်းတာကြောင့် ငါးဆိုင်ပိုင်ရှင်က လာလာစားဖို့ ငါးအပိုပေးလေ့ရှိပါတယ်။ ဝယ်သမျှ ငါးဖိုးတွေကိုတော့ Mr. Nishimoto က လကုန်တိုင်း ငါးဆိုင်ကို တစ်ခါတည်း ပေါင်းရှင်းပေးလေ့ရှိပါတယ်
လာလာဟာ King Penguin (ပင်ဂွင်းဘုရင်) မျိုးနွယ်ဖြစ်ပြီး ပူအိုက်တဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့အတွက် ပိုင်ရှင်ဖြစ်သူက အိမ်မှာ အအေးခန်းလုပ်ပေးထားကာ သားသမီးလို သေချာ ဂရုစိုက်ပေးခဲ့ပါတယ်။ ကျောပိုးအိတ်နဲ့ ဈေး၀ယ်လေ့ရှိတဲ့ ပင်ဂွင်းလေးလာလာကို ဂျပန်နိုင်ငံကသာမက တစ်ကမ္ဘာလုံးကပါ ဝိုင်းပြီးချစ်ခဲ့ကြပါတယ်
06/05/2026
ဘရာဇီးနိုင်ငံ ဆာအိုပိုလို (Sao Paulo) ပြည်နယ်က Itanhaém ဆိုတဲ့ မြို့လေးမှာ ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်ဟာ သူ့ဆိုင်ထဲက ပေါင်မုန့်ထုပ်တွေ ပုံမှန်ပျောက်နေတာကို သတိထားမိခဲ့ပါတယ်။ အစပိုင်းမှာတော့ လူခိုးတယ်လို့ထင်ပြီး CCTV ကနေ စောင့်ကြည့်ခဲ့ပါတယ်။ သူတွေ့လိုက်ရတာကတော့ အမွေးပွပွ ခွေးမလေးတစ်ကောင်ဟာ ဆိုင်ထဲကို ခိုးဝင်ပြီး ပေါင်မုန့်ကို ပါးစပ်နဲ့ကိုက်ကာ အမြန်ပြေးထွက်သွားတာကို တွေ့လိုက်ရပါတယ်
ဆိုင်ပိုင်ရှင်က ဒေါသထွက်ပြီး နောက်နေ့မှာတော့ ခွေးမလေးနောက်ကို ပြေးလိုက်သွားခဲ့ပေမဲ့ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသတွေဟာ မျက်ရည်အဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ ခွေးလေးဟာ ပေါင်မုန့်ကို လမ်းကြားထဲက ဗိုက်ဆာပြီး ရှာကျွေးမယ့် မိခင်မဲ့နေတဲ့ ကြောင်ပေါက်လေးနှစ်ကောင်ရဲ့ ရှေ့မှာ ချပြီး ကျွေးခဲ့တာဖြစ်ပါတယ်
ခွေးမလေးဟာ သူကိုယ်တိုင်လည်း ဗိုက်ဆာနေတဲ့ လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်ပေမယ့် သူ့ထက် အားနည်းတဲ့ ကြောင်လေးတွေကို ပေါင်မုန့်ကျွေးခဲ့တာဖြစ်ပြီး သူ့အတွက် အစားအစာကိုတော့ တခြားနေရာတွေကပဲ ရှာစားခဲ့တာပဲဖြစ်ပါတယ်
ဆိုင်ပိုင်ရှင်ကို မြင်တဲ့အခါ ခွေးမလေးဟာ တောင်းပန်တဲ့မျက်နှာနဲ့ ကြည့်ခဲ့တာကြောင့် ဆိုင်ပိုင်ရှင်ကသနားသွားပြီး အခုဆိုရင် ဆိုင်ပိုင်ရှင်က ပေါင်မုန့်နဲ့ အသားတွေကို နေ့တိုင်းကျွေးမွေးပေးခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့ ကောင်းမွန်တဲ့စေတနာကြောင့် social media ပေါ်မှာလူသိများသွားပြီး ဈေးဆိုင်ဟာနေ့ခြင်းညခြင်းနာမည်ကြီးသွားကာ ရောင်းအားကလည်း အဆမတန် များပြားသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခွေးမလေးကို Piti လို့ အမည်ပေးခဲ့ပြီး ဆိုင်ပိုင်ရှင်က မွေးစားထားခဲ့ပါတယ်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Ranong
85000