Knowledge About Thailand

Knowledge About Thailand

แชร์

Photos from Knowledge About Thailand's post 27/05/2026

🐉ဘန်ကောက်အနီးရှိ “ဝပ်ဒွန်ယိုင် နာဂဥယျာဉ်ဘုရား” တွင် ၃၁ရက်နေ့ မီးပူဇော်ပွဲ ကျင်းပမည်

Wat Don Yai (วัดดอนใหญ่) တွင် ဗုဒ္ဓနေ့အထိမ်းအမှတ် မီးပူဇော်ပွဲနှင့် ၁၀၉ မီတာအမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော် အုတ်မြစ်ချအခမ်းအနားကို မေလ ၃၁ ရက် တနင်္ဂနွေနေ့ ည ၇ နာရီတွင် ကျင်းပသွားမှာဖြစ်ပါတယ်။

ဘုရားဝင်းအတွင်းရှိ နာဂဥယျာဉ်ဟာ ညဘက်အချိန်မှာ အလွန်လှပပြီး ထိုင်းနိုင်ငံအတွင်း အရှည်လျားဆုံးလို့ဆိုကြတဲ့ “နာဂထုံးတံတား” အောက်ကနေ လမ်းလျှောက်ဆုတောင်းနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ် 🐉🌙

ဒီနှစ်အခမ်းအနားမှာ ၁၀၉ မီတာအမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော် အုတ်မြစ်ချပွဲလည်း ပါဝင်တာကြောင့် ဒေသခံတွေ အများအပြား လာရောက်ကုသိုလ်ယူကြမယ်လို့ ခန့်မှန်းထားပါတယ်။

📌 အခမ်းအနားအစီအစဉ်
🗓️ တနင်္ဂနွေ – May 31, 2026

• နံနက် ၇:၀၀ – စတုဒီသာ ထမင်း၊ အသီးအနှံနဲ့ မုန့်များ လှူဒါန်းခြင်း
• နံနက် ၈:၀၀ – ဆရာတော်များ တရားဒေသနာ ဟောကြားခြင်း
• နံနက် ၉:၄၉ – ဗုဒ္ဓရုပ်ပွားတော် အုတ်မြစ်ချ အခမ်းအနား
• ညနေ ၇:၃၀ – ဘုရားဝင်းအတွင်း ဆီမီးထွန်းညှိကာ မီးပူဇော်ပွဲ ကျင်းပခြင်း

⏰ ဘုရားဖွင့်ချိန် – နေ့စဉ် မနက် ၇:၀၀ မှ ည ၈:၃၀ အထိ

📍 ဘုရားကျောင်းဟာ Pathum Thani ခရိုင် Lam Luk Ka ဒေသမှာ တည်ရှိပြီး Bangkok ကနေ တစ်နာရီဝန်းကျင်သာ သွားရပါတယ်။

ဘန်ကောက်မြို့ထဲကနေ BTS SKY TRAIN စီးပြီး Khu Khot BTS Station ဂိတ်မှာဆင်း၊ ရထားဘူတာကနေ Taxi သို့မဟုတ် Bolt နဲ့ ဆက်သွားလို့ရတာမို့ သွားလာစရိတ်အရမ်းမကုန်ပါဘူးနော်။ 🚕✨


#วัดดอนใหญ่ลำลูกกา

Photos from Knowledge About Thailand's post 23/05/2026

🛳 ဘန်ကောက်ညကို Luxury ဆန်ဆန် ခံစားချင်သူတွေအတွက် Royal Princess Dinner Cruise နေရာများကျန်နေပါသေးတယ်နော်

Royal Princess Dinner Cruise ဟာ Bangkok ရောက်သူတွေကြား နာမည်ကြီးတဲ့ Luxury Dinner Cruise တွေထဲက တစ်စင်းဖြစ်ပြီး Chao Phraya မြစ်ပေါ်မှာ ညစာစားရင်း Bangkok ညအလှကို အေးအေးဆေးဆေး ခံစားနိုင်တဲ့ Dinner Cruise တစ်စီးဖြစ်ပါတယ်။

သင်္ဘောပုံစံက modern luxury style ဖြစ်ပြီး ၃ ထပ် အမိုးဖွင့်ဖြစ်ပါတယ်။

အပေါ်ဆုံးထပ်ကတော့ အမိုးဖွင့် outdoor deck ဖြစ်လို့ လေညင်းခံရင်း မြစ်ရေပြင် view ကို အပြည့်အဝခံစားနိုင်ပါတယ်။

Aircon ကြိုက်သူတွေအတွက်လည်း အောက်ထပ် indoor zone တွေကို အေးအေးဆေးဆေး စီးလို့ရပါတယ်။

Cruise က ည ၇:၃၀ မှာ Asiatique The Riverfront Pier 1 ကနေ စတင်ထွက်ခွာပြီး Wat Arun ၊ Grand Palace ၊ Rama VIII Bridge ၊ ICONSIAM အပါအဝင် Chao Phraya မြစ်တစ်လျှောက်က နာမည်ကြီးနေရာတွေကို ဖြတ်သန်းသွားမှာပါ။ ည ၉:၃၀ မှာ Asiatique ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ် 🌃

အစားအသောက်ပိုင်းမှာ seafood, Thai food, Japanese food, Western menu, desserts နဲ့ drinks မျိုးစုံကို buffet စနစ်နဲ့ စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ် 🍣🍤🥂

Romantic dinner date လုပ်ချင်သူတွေ၊ Birthday party ကျင်းပချင်သူတွေ၊ မိသားစုနဲ့ အေးဆေးညစာစားချင်သူတွေ၊ Bangkok nightlife ကို ဇိမ်ခံခံစားချင်သူတွေအတွက် သင့်တော်တဲ့ activity တစ်ခုလို့ ဆိုနိုင်ပါတယ် 💫

စျေးနှုန်းကလည်း တစ်ယောက်လျှင် ~1,000 ฿ မကျော်တဲ့အတွက် value for money ဘတ်ဂျက်အနေနဲ့ဆိုတကယ်တန်ပါတယ်။

Chao Phraya River ပေါ်က အလှဆုံးညတစ်ညကို Luxury Cruise နဲ့ အတူ အမှတ်တရဖန်တီးဖို့ Knowledge About Thailand 🇹🇭 မှာ ကြိုတင် booking တင်ကြစို့ ✨📣🥳

လက်မှတ်ဈေးနှုန်း လူကြီး – 890ဘတ် ကလေး – 700ဘတ်
၂ နှစ်အောက်ကလေး – အခမဲ့

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการขนส่ง ใน Rangsit?
คลิกที่นี่เพื่อเป็นสมาชิก?

ที่อยู่


Rangsit

เวลาทำการ

09:00 - 17:00