Phuket Real Estate By Rkar
ตำแหน่งใกล้เคียง ตัวแทนและบริการด้านอสังหาริมทรัพย์
124/40 Srisoonthorn (Rd 4025) Surin Hill
20/09/2025
Phuket မှာ Condo ဘာကြောင့် ဝယ်သင့်သလဲ
Phuket ကတော့ ထိုင်းနိုင်ငံတောင်ပိုင်း အလှဆုံး ကမ်းခြေတွေနဲ့အတူ အလှဆုံး ကျွန်းတွေတည်ရှိပြီးတော့ နှစ်စဉ် ခရိီးသွား သန်းနဲ့ချီဝင်ထွက်သွားလာနေတဲ့ မြို့ဖြစ်ပြီးတော့ Retire, Digital Nomads တွေနဲ့ အပန်းဖြေသူတွေအများဆုံးနေတဲ့ ကျွန်းတခုပါ..... Phuket ကို 2024 မှာ ခရီးသွားပေါင်း 8.6 သန်းကျော် လာရောက်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း စစ်တမ်းတွေအရ ထုတ်ပြန်ထားပါတယ်.... ဥရောပ သားတွေ အကြိုက် နေရာလို့ လည်း ပြောလို့ရပါတယ်.... Air Pollution အရည်သွေးကလည်း နှစ်တိုင်း မဆိုးတဲ့ ထိုင်းတောင်ပိုင်းကမြို့တမြို့ပါ.....ရာသီဥတုသာယာမှုကတော့ တွေ့သမျှ ဥရောပသားတွေကို မေးကြည့်တော့ သူတို့ပြောတာကတော့ အမြဲ Holiday လိုရာသိီဥတုပါဘဲ တဲ့....ဗျာ...
ဒီနေ့ တော့ Phuket မှာ ဘာကြောင့် Condo ဝယ်သင့်တာလဲ ဆိုတာလေးကို ရှင်းပြသွားပါမယ်....
ပထမဆုံး Phuket မှာ ကွန်ဒို တွေ ဘယ်လောက်များများရှိသလဲ..... Bangkok တို့ Chiang Mai တို့ က ကိန်းဂဏန်းတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ နည်းပါတယ်... ကမ်းခြေမြို့ ဖြစ်တဲ့အတွက် High Rise ကွန်ဒိုတွေမရှိပါဘူး... လက်ရှိဆို Aparments နဲ့ Conods တော်တော်များများက 2014 က ပြီးထားတဲ့ ကွန်ဒိုတွေများပါတယ်... အသစ်ဆိုတာက ဆယ်ခု မရှိသေးပါဘူး... ဒီတော့ နိုင်ငံခြားသားတွေရဲ့ ရွေးချယ်မှုကလည်း ကွန်ဒို အသစ်တွေဘက်ကိုဘဲ ဦးတည်သွားပါတယ်... ဖူးခက် ကွန်ဒို တော်တော်များများက Resort Style ဘက်ကို ဦးတည်ပြီးသွားပါတယ်.... နိုင်ငံခြားသားအများစုကလည်း ဒီလို ဆောက်ထားတဲ့ ကွန်ဒို တွေကိုဘဲ ဦးစားပေးရွေးချယ်ငှားရမ်းကြပါတယ်...
ဒီတော့ Supply နည်းပြီးတော့ Demand များတဲ့ စျေးကွက် ဖူးခက်မှာရှိနေပါတယ်....
နောက်တခုက ဖူးခက်မှာ လာရောက်ခရီးသွားဦးရေ နဲ့ အခန်းမလောက်တာပါဘဲ …. ခရီးသွားရာသီတွေဖြစ်တဲ့ နိုဝင်ဘာလ ကနေ မေလ အထိကို အခန်းစျေးနှုန်းတွေဟာ ပုံမှန်အချိန်တွေထက် 30% လောက်မြင့်တက်သွားပါတယ်.... ပုံမှန် မိုးတွင်း အငှားစျေးဘဲ ကြည့်မယ်ဆိုရင်တောင် One Bedroom 28SQM ကို 20000 Baht အငှားစျေးရှိပါတယ်... ခရီးသွားရာသီရောက်ရင်တော့ ဒီထက်ပိုပြီးစျေးတက်သွားကြပါတယ်... ဒါကြောင့် Rental Income က တခြားမြို့တွေထက်ပိုရပါတယ်... Bangkok, Chiang Mai တို့ထက်ပိုရတာကိုတွေ့ရပါတယ်...
နောက်တချက် ကွန်ဒိုတွေကို အရေအတွက် နဲ့ ဆောက်လုပ်ရတာကြောင့် ဖူးခက်မြို့ရဲ့ ကွန်ဒိုစျေးနှုန်းတွေဟာ အရမ်းကျသွားခြင်းမရှိဘဲ 2014 မှာ ဆောက်လုပ်ထားတဲ့ Condo ကို ရောင်းစျေး 1.89M Baht မှာဝယ်ထားတဲ့ ကွန်ဒိုတခုကို 2025 မှာ 1.65M Baht နဲ့ရောင်းလို့ရနေပါသေးတယ်... ဒါကိုကြည့်ခြင်းအားဖြင့် Developer တွေကို သေချာ ရွေးချယ်ပြီး ဝယ်မယ်ဆိုရင် Capital Gain ကိုလည်း ခံစားလို့ရမယ့် အခွင့်အရေးက ရှိနေပါသေးတယ်...
နိုင်ငံခြားသားပိုင်ဆိုင်မှုကိုလည်း တကယ့် Sea Views တွေ Mountain Views တွေကို ရောင်းထားပေးပြီးတော့ ကမ်းခြေနီး စျေးနီးကျောင်းနီး အစရှိတဲ့ နေရာတွေနဲ့ အနီးဆုံး Projects တွေကို ဘဲ ရောင်းပေးဖို့ ဦးတည်ထားတာမို့ ဖူးခက်မှာ ကွန်ဒို ဝယ်ယူဖို့အကောင်းဆုံးကတော့ 2025 ပါဘဲ Thailand Top Developers တွေဟာ Design အသစ်တွေ နည်းပညာအသစ်တွေနဲ့ Condos အသစ်တွေကို 2026 အပြီးဆောက်လုပ်နေကြပါတယ်... အားလုံးကလည်း တကယ့် စျေးတက်မယ် အငှားသွက်မယ်ဆိုတဲ့ နေရာတွေ မှာဆောက်လုပ်နေကြတာပါ... Condos ဝယ်ပြီးတာနဲ့ Rental ရော တခါတည်းစီစဉ်ပေးမယ့် Plan ကို ပါရယူဖို့အတွက် ကျနော်နဲ့ အတူ Condos တွေဝယ်လို့ရပါပြီ....
ဘယ်နေရာက ဝယ်သင့်တယ် မဝယ်သင့်ဘူး အားနည်းချက် အားသာချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပေးမှာဖြစ်လို့ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်... Phuket မှာ လက်ရှိ Company ထောင်ပြီးတော့ 2022 တည်းက နေလုပ်ကိုင်နေတာဖြစ်ပြီး ကွန်ဒို ဝယ်ယူခြင်း Villa ဝယ်ယူခြင်းတို့ကို အကောင်းဆုံးဆောင်ရွက်ပေးနေပါပြီ.
အသေးစိတ်ကိုတော့ Viber +66925506497 ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်....
Website - https://htetrkarlwin.info
Email - [email protected]
Phuket မြို့ Yanui Beach ညနေခင်း
15/09/2025
Phuket မြို့ရဲ့ ရွှေတောင်ကြားလို နေရာလို ဘာလို့ပြောရတာလဲ ...... ပတ်ဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှု လမ်းတွေရဲ့ သပ်ရပ်သန့်ရှင်းမှု နဲ့ အတူ ကျယ်ဝန်းပြီး သဲဖြူဖြူတွေရှိပြီး တော့ နေဝင်ချိန်တွေဆို လှနေတတ်တဲ့ Bangtao Beach ဘေးမှာ ရှိတဲ့နေရာမို့လို့ Phuket မြို့ ရဲ့ ရွှေတောင်ကြားလို့ ပြောလိုက်တာပါ....
ပတ်ဝန်းကျင်မှာ Shopping Mall တွေ နဲ့ International School တွေ AirPort တွေနဲ့ လည်း နီးတဲ့အပြင် Golf Club တွေ Resorts တွေ European Restaurants တွေ လည်းရှိတဲ့အပြင် Phuket ရဲ့ အထင်က၇နေရာတွေဖြစ်တဲ့ Patong Beach , Kamala Beach တို့နဲ့လည်းနီးနေပြန်ပါတယ်.....
အားနည်းချက်တခုက Old Town ကို သွားဖို့ နည်းနည်းလေးဝေးနေတာပါဘဲ ... ၃၀ မိနစ်လောက်ဝေးနေတာလေးတခုပေါ့ ....ကျန်တာကတော့ အားလုံး ပြည့်စုံတဲ့နေရာတခုဖြစ်သလို နှစ်စဉ် မြေစျေးတွေလည်း ထိုးတက်နေတဲ့ နေရာတခုဖြစ်ပြန်ပါတယ်...
အဲ့ဒီလိုနေရာမှာ Sansiri ရဲ့ Luxury Project တခုကို ဝယ်ပြီးရင် Invest လုပ်ထားမယ်ဆိုရင် အကောင်းဆုံးပါဘဲခင်ဗျာ.....
Project အသေးစိတ်ကို page ထဲမှာ ဖတ်လို့ရသလို ကျနော့် Website လင့်မှာလည်း ဖတ်နိုင်ပါတယ်....
https://htetrkarlwin.info/canvas-cherngtalay/
ကျနော့်ဆီက ဝယ်ယူတဲ့အခန်းတိုင်းအတွက် Rental ကို အကောင်းဆုံး Manage လုပ်ပေးပါသေးတယ်
အသေးစိတ်ကို တော့ Viber +66925506497 မှာ ဆက်သွယ်စုံစမ်းမေးမြန်ိုင်ပါပြီခင်ဗျာ....
15/09/2025
Sansiri ရဲ့ Luxury Condo Project တခုဖြစ်ပါတယ်… Canvas CherngTalay ကတော့ Luxury Beach ဖြစ်တဲ့ Bangtoo Beach လိုနေရာမှာ တောက်ပအုံးမယ့် Projects တခုပါဘဲ…. Canvas CherngTalay အကြောင်းကို မပြောခင်မှာတော့ Bangtao Beach အကြောင်းကိုအရင်ဆုံး ပြောရပါမယ်….. သူက Phuket Airport အနီးမှာရှိပြီးတော့ သွားရလာလွယ်ကူတယ်ပြောရပါမယ်..နောက်တခုကတော့ ကမ်းခြေရဲ့ အကျယ်နဲ့ သဲဖြူဖြူတွေ ကြည်လင်တဲ့ရေနဲ့အတူ ရှည်လျားလှတဲ့ ကမ်းခြေတခုပါဘဲ….ဘေးမှာ က Villa တွေနဲ့ Luxury Hotels တွေရှိပြီးတော့ အနောက်တိုင်းက ဘီလျံနာတွေလာအချိန်ဖြုးန်ကျတဲ့နေရာလို့ပြောလို့ရပါမယ်…
အနီးနားမှာ အနောက်တိုင်း Restaurants ကောင်းကောင်းတွေရှိသလို Luxury Villa တွေများစွာရှိပြီးတော့ တိတ်ဆိတ်တဲ့ ဝန်းကျင်တခုကိုပိုင်ဆိုင်ထားလို့ Luxury Beach လို့ ဖူးခက်ဒေသခံတွေက တင်စားကြပါတယ်… အနီးနားမှာဆို Kamala Beach နဲ့ Patong Beach လို Party တွေ အမြဲကျင်းပတတ်ပြိးတော့ International Artists တွေပါ လာ Chill တတ်တဲ့ နေရာတခုလို့ပြောလိုံရပါတယ်… ဥရောပ ကလူတွေ အကြိုက်ဆုံး Beach တခုလို့ပြောလို့ရပါတယ်.. Golf ကွင်းတွေနဲ့ လည်းနီးပြီးတော့ EDM လာကျင်းပသွားတဲ့ Boat Lagoon လို နေရာအနီးမှာရှိပြန်ပါတယ်…ဆိုတော့ ပွဲတော်ရက်တွေဆို အငှားကို စိတ်ကြိုက်စျေးခေါ်လို့ကောင်းတဲ့နေရာတွေဖြစ်ပါတယ်…
ကဲဒီတော့ Canvas Cherng Talay အကြောင်းကိုပြောရအောင် ကွန်ဒိုကတော့ Luxury အမျိုးအစားဖြစ်ပြီးတော့ အထဲမှာ Lobby နဲ့ အတူ Lap Pool ကိုခမ်းနားစွာတွေ့ရမှာပါ…ပြီးရင်တော့ အထဲမှာ ဘဲ Coral Lagoon Pool တခုပါ ထပ်တွေ့ရအုံးမယ်ပေါ့ဗျာ…. ပြီးရင်တော့ Garden ကျယ်ကျယ်ကြိုက်သူတွေအတွက်လည်းလုပ်ထားပေးပါသေးတယ်…. နောက်ထပ်ကတော့ Sunset ကြည့်မလား Family Time လုပ်ဖို့အတွက် Sky Rooftop ရှိပါအုံးမယ်… Sky Living Lounge နဲ့ Co-working Space တွေ meeting room တွေလည်းပေးထားပါသေးတယ်…
Golf Simulator Suite လည်းထားပေးထားတာမို့ ထူးခြားချက် တခုပါ… Luxury ဆန်ဆန် နေရတာကြိုက်တဲ့လူတွေအတွက် ကတော့ အဆင်ပြေဆုံးပါဘဲ….ပြီးရင်တော့ Mountain View နဲ့ Fitness ကိုလည်းခံစားလို့ရအုံးမှာပါ….Kid & Family Graden တွေလည်းထည့်ထားပေးပါသေးတယ်.. ကဲ ဘာလိုသေးလဲ ဗျာ…. Project အကြောင်းကိုတော့ပြောပြီးသွားပြီ
အနီးနားမှာ ဘာတွေရှိသေးလဲ …. ဟုတ်ပြီ Robinson Lifestyle , Head Start International School 2 နဲ့ Thalang Hospital တို့ရှိသလို Local Market တွေနဲ့အနီးနားမှာရှိပါတယ်….
Project ကတော့ Ready To Move မဟုတ်ပါဘူး 2026 Q1 မှာ ပြီးပါမယ်ခင်ဗျာ….. စျေးတွေကတော့ 6.8M Thai Baht ကနေစပါတယ်….
အသေးစိတ်ကိုတော့ Viber +66925506497 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်….
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
5/14 Mu8 Chalong Sub-disrtict
Phuket
83000