Knowledge Zone

Knowledge Zone

แชร์

07/06/2026

အချိန်ကို လေထုထဲမှာ ပုံသဏ္ဍာန်အဖြစ် တကယ်မြင်နေရတဲ့ ကမ္ဘာပေါ်က ထူးဆန်းတဲ့ လူသား ၄ ရာခိုင်နှုန်

ခင်ဗျားကော "မနက်ဖြန်" ဆိုတဲ့ အချိန်ကာလကို စိတ်ထဲမှာ ဘယ်လိုပုံစံမျိုး မြင်ယောင်မိလဲ? ကျွန်တော်တို့ အများစုကတော့ မနက်ဖြန် ဒါမှမဟုတ် နောက်အပတ်လို့ စဉ်းစားလိုက်ရင် ဖုန်းမျက်နှာပြင်ပေါ်က ပြက္ခဒိန် ဒါမှမဟုတ် ဂဏန်းလေးတွေကိုပဲ သာမန်မြင်ယောင်မိကြမှာပါ။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းသော လူတွေမှာတော့ အချိန်ကို သာမာန်လိုမဟုတ်ဘဲ လေထုထဲမှာ ပုံသဏ္ဍာန်တစ်ခုအဖြစ် အပြင်မှာ တကယ်ထင်ထင်ရှားရှား မြင်တွေ့နေရတဲ့ ထူးဆန်းတဲ့ ဦးနှောက်ယန္တရားစနစ် တစ်ခု ရှိနေကြပါတယ်။

သိပ္ပံပညာအရ ဒီအခြေအနေကို Synesthesia (အာရုံခံစားမှု ဖြတ်ကျော်ခြင်း) လို့ ခေါ်ပါတယ်။ အချို့လူတွေမှာ စာလုံးတွေကို မြင်ရုံနဲ့ အရောင်တွေပါ ခံစားရတတ်သလို၊ အချို့ကျတော့ ပိုပြီးထူးခြားတဲ့ Time-Space Synesthesia (အချိန်နှင့် နေရာ အာရုံစပ်ခြင်း) ပုံစံမျိုး ရှိကြပါတယ်။

ဒါကြောင့် သူတို့ဟာ အချိန်ကို လေထုထဲမှာ နေရာအကွာအဝေး၊ ပုံသဏ္ဍာန်တစ်ခုအနေနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင် မြင်နေရတာ ဖြစ်ပါတယ်။

ဥပမာပြရရင် အရှေ့လန်ဒန်တက္ကသိုလ် (University of East London) က စိတ်ပညာရှင် ဒေါက်တာ မေရီ စပီလာ (Mary Spiller) ဆိုရင် သူမကိုယ်တိုင် ဒီလိုဖြစ်နေတာကို ဒေါက်တာဘွဲ့ယူနေတုန်းကမှ သတိထားမိခဲ့တာပါ။

သူမဟာ တစ်နှစ်တာရဲ့ လတွေကို စဉ်းစားလိုက်ရင် လေထုထဲမှာ ဘဲဥပုံစံအဝိုင်းကြီးတစ်ခုအနေနဲ့ အမြဲတမ်း မြင်နေရပြီး၊ လွန်ခဲ့တဲ့ရက်ပိုင်းက အကြောင်းအရာတွေကို စဉ်းစားရင်လည်း သူမရဲ့ ညာဘက်ဘေးနားက လွတ်နေတဲ့ ပတ်ဝန်းကျင်နေရာလွတ်မှာ သွားပြီး ခံစားမြင်ယောင်နေရတတ်ပါတယ်။

သတင်းထောက် အမ္မာ ယိုးမန်းစ် (Emma Yeomans) ကလည်း သူမအတွက် အချိန်ဆိုတာ ကလေးတွေ ဆော့တဲ့ ထောင့်ကွက် ကစားနည်းဇယား (Hopscotch) လိုမျိုး ကွက်လပ်သေတ္တာလေးတွေလို မြင်နေရပြီး၊ လက်ရှိရက်စွဲနဲ့ နီးကပ်လာလေလေ အဲ့ဒီသေတ္တာကွက်ကြီးတွေက ပိုပြီး ကြီးမားလာလေလေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ စိတ်ဝေဒနာတစ်ခု ဒါမှမဟုတ် စွမ်းအားရှင် မဟုတ်သလို၊ စုန်းကဝေအတတ်လည်း မဟုတ်ပါဘူး။

မိရှီဂန်တက္ကသိုလ် (University of Michigan) က သုတေသီ ဒေးဗစ် ဘရန်း (David Brang) က ၂၀၁၁ ခုနှစ်မှာ တင်ပြခဲ့ဖူးတာကတော့ ဒီလိုလူတွေရဲ့ ဦးနှောက်ထဲမှာ အာရုံခံအမျှင်တန်းလေးတွေဟာ သာမန်လူတွေထက် ပိုမိုများပြားပြီး ချိတ်ဆက်နေတာကြောင့် အာရုံခံစနစ်တွေ တစ်ခုနဲ့တစ်ခု သတင်းအချက်အလက် ကျော်ဖြတ်ပေးပို့မိကြတာ ဖြစ်ပါတယ်။

ဒီအချက်ကို ၂၀၂၅ ခုနှစ် အနီးကပ်ဆုံး သုတေသနအသစ်ကပါ MRI စနစ်နဲ့ အတည်ပြုပေးနိုင်ခဲ့ပါတယ်။

တစ်ခြားသူ ပြောတဲ့စကားသံကို မျက်စိထဲမှာ စာတန်းထိုး အလိုအလျောက် မြင်နေရသူတွေ ရဲ့ ဦးနှောက်ကို စစ်ဆေးကြည့်တဲ့အခါ အသံနဲ့ အမြင်အာရုံကို ချိတ်ဆက်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်း (White matter) ကွန်ရက်တွေဟာ ပုံမှန်ထက် ပိုမိုထူထပ်စွာ ဆက်သွယ်နေတာ (Over-connectivity) ကို တွေ့ရှိခဲ့ရပါတယ်။

ဒီလို ထူးခြားတဲ့ ဦးနှောက်ချိက်ဆက်မှုဟာ ခန္ဓာကိုယ်အတွက် ဘာဆိုးကျိုးမှ မရှိပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှု ဗီဇက ဒီအစွမ်းကို တမင်သက်သက် ထိန်းသိမ်းထားတာ ဖြစ်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုလူတွေဟာ ပုံမှန်လူတွေထက် ဖန်တီးနိုင်စွမ်း ပိုမိုမြင့်မားတတ်ကြပြီး၊ စိတ်ကူးပုံဖော်နိုင်စွမ်း အလွန်ကောင်းမွန်တဲ့အပြင် အချိန်စီမံခန့်ခွဲမှုပိုင်းမှာပါ ပိုမိုထူးချွန် ထိရောက်တတ်ကြလို့ပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့ကော အချိန်ကို စဉ်းစားလိုက်ရင် မျက်စိထဲမှာ ဒါမှမဟုတ် လေထုထဲမှာ ပုံသဏ္ဍာန်တွေ၊ အရောင်တွေနဲ့ တကယ် မြင်ယောင် ခံစားရဖူးလား?

အောက်က Comment မှာ ဝင် ရောက်ဆွေးနွေးပေးသွား လို့ရပါတယ်👇

#ဦးနှောက် #စိတ်ပညာ #ဗဟုသုတ

06/06/2026

နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာနဲ့ အလင်းနှစ် ၁၀၀ခန့် အကွာ (Draco ကြယ်စုတန်းထဲ) မှာတည်ရှိနေတဲ့ အံ့ဩစရာကောင်းတဲ့ ဂြိုဟ်အသစ်တစ်စင်းကို ရှာဖွေတွေ့ရှိထားပါတယ်။

အဲ့ဒီဂြိုဟ်ရဲ့ နာမည်ကတော့ TOI-1452 b လို့ အမည်ရပြီး ကမ္ဘာထက် ၁.၆၇ ဆ ပိုကျယ်ဝန်းကာ ၅ ဆနီးပါး ပိုမိုထုထည်ကြီးမားတဲ့အတွက် ပညာရှင်တွေက သူ့ကို Super-Earth (စူပါကမ္ဘာမြေ)လို့ ခေါ်ကြပါတယ်။

ဒါပေမဲ့ သူ့ရဲ့ တကယ့်စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်ချက်ကတော့ သူ့ရဲ့ သိပ်သည်းဆ (Density) မှာ ရှိနေတာပါ။ ဒီဂြိုဟ်ဟာ ကျွန်တော်တို့ သိထားတဲ့ သာမန်ကျောက်ဆောင်ဂြိုဟ်တွေနဲ့ မတူပါဘူး။

သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ ၎င်းဂြိုဟ်ရဲ့ အတွင်းပိုင်းမှာ ကျောက်ဆောင်အနှစ်core ရှိနိုင်ပြီး၊ အပြင်ဘက်မှာတော့ ဧရာမ သမုဒ္ဒရာကြီး တစ်ခုလုံးက ဝိုင်းရံထားနိုင်တယ်လို့ ဆိုပါတယ်။

၎င်းမှာ ရှိနိုင်တဲ့ ရေပမာဏဟာ ကျွန်တော်တို့ ကမ္ဘာပေါ်က ရေပမာဏထက် အဆပေါင်းများစွာ ပိုမိုများပြားနိုင်ပါတယ်။

နှိုင်းယှဉ်ပြရရင် ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရေထုပမာဏဟာ ကမ္ဘာ့စုစုပေါင်းထုထည်ရဲ့ ၁ ရာခိုင်နှုန်း (1%) အောက်မှာပဲ ရှိတာပါ။

ဒါပေမဲ့ TOI-1452 b ရဲ့ ဖွဲ့စည်းပုံမှာတော့ ရေထုပမာဏဟာ အဆမတန် သာလွန်များပြားနေတာကြောင့် လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိသမျှထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး (Water World) ရေကမ္ဘာ အဖြစ် သတ်မှတ်ထားကြပါတယ်။

သေချာတာတစ်ခုကတော့ အာကာသပညာရှင်တွေဟာ ဒီဂြိုဟ်ရဲ့ မျက်နှာပြင်ကို တိုက်ရိုက်မျက်မြင်မတွေ့ရသေးတာကြောင့် ကုန်းမြေ လုံးဝမရှိဘူးလို့တော့ အပိုင်ပြောလို့မရသေးပါဘူး။

ဒါပေမဲ့ TESS အာကာသတယ်လီစကုပ်နဲ့ နောက်ဆက်တွဲလေ့လာချက်တွေအရ ဒီဂြိုဟ်ဟာ ဂျိမ်းစ်ဝက်ဘ် (JWST) လို အစွမ်းထက်တယ်လီစကုပ်ကြီးတွေနဲ့ ဆက်လက်သုတေသနလုပ်ဖို့ အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါပြီ။

အကယ်၍သာ ဒီအချက်ကို အတည်ပြုနိုင်ခဲ့ရင် ကျွန်တော်တို့ စိတ်ကူးထဲမှာတောင် မှန်းဆလို့မရနိုင်လောက်အောင် တစ်ဂြိုဟ်လုံး အဆုံးအစမရှိ သမုဒ္ဒရာရေပြင်ကြီးတွေနဲ့ပဲ ဖုံးလွှမ်းနေတဲ့ လုံးဝဥဿုံ ကွဲပြားခြားနားတဲ့ ကမ္ဘာသစ်ကြီး တစ်ခုကို ကျွန်တော်တို့လူသားတွေ တွေ့ရှိသွားရတော့မှာ ဖြစ်ပါတယ်။

ခင်ဗျားတို့ကော... တစ်ဂြိုဟ်လုံး ရေတွေချည်းပဲ ရှိနေမယ့် ဒီလို ရေဂြိဟ်ကြီးတစ်ခုထဲမှာ သက်ရှိတွေ ရှိနေနိုင်မယ်လို့ ထင်လား?

သင့်အမြင်ကို အောက်က Comment ထဲမှာ ရေးသွားပေးလို့ရပါတယ်။👇

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Nonthaburi?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Nonthaburi
11150