Chaw’s Stories

Chaw’s Stories

แชร์

25/03/2024

FYI

(Suranaree University of Technology)

Master Degree program in English Language Studies
Doctoral Degree program in English Language Studies

Study at Suranaree University of Technology, Thailand

https://interadmission.sut.ac.th/how-to-apply-2/

Application open in April 2024

Photos from Chaw’s Stories's post 14/03/2024

“ တစ်ယောက်တည်းလည်း ဖူးခက်သွားလို့ ရပါတယ်🏝️🌺”

🤍 February လထဲမှာ ဖူးခက်ကို ရောက်တုန်းရောက်ခိုက် အရင်ထဲက ကြားဖူးနေတဲ့ Phi Phi Islandsကို ရောက်အောင်သွားမယ်ဆိုပြီး ရှာရင်း စျေးနှုန်းအသင့်အတင့်နဲ့ activityတွေ အများကြီးပါတဲ့ “PhiPhi + Maya + Khai Islands by Catamaran” tour packageကို တွေ့ခဲ့ပါတယ်။

🤍 ထိုင်းမှာ ပထမဆုံးသွားမဲ့ solo trip ဖြစ်တဲ့အပြင် ပထမဆုံး Catamaran စီးရမှာမို့ တကယ်ကို စိတ်လှုပ်ရှားခဲ့ရတာ။ ဒါပေမဲ့ BOBO in Phuket - Tour & Transportation ကြောင့် ခရီးစဉ်အစအဆုံး အဆင်ပြေတဲ့အပြင် လှိုင်းမူးတာနဲ့ တန်အောင် ပျော်ပြီး ပုံတွေလည်း အများကြီးရိုက်ခဲ့ရပါတယ်။ ><

🤍 ခရီးစဉ် တစ်လျှောက်မှာ Maya Bay, Phileh Lagoon, Viking Cave, PhiPhi Don Island, Monkey Beach, Khai Nai Islandတွေအပြင် ရေမကူးတတ်ဘဲနဲ့လည်း PhiPhi Lay Island မှာ 🤿 Snorkeling လုပ်ခဲ့ပါသေးတယ်။ ပင်လယ်ရေက ပြာလဲ့နေပြီး ရေအောက်မှာလည်း Ariel ကားထဲ ရောက်သွားသလို သန္တာကျောက်တန်းတွေ၊ ငါးရောင်စုံတွေ မြင်ခဲ့ရတဲ့အပြင် Andaman sea ထဲ ရေငုပ်ဖူးတဲ့ အတွေ့အကြုံပါ ရလိုက်တာမို့ တကယ်ကို တန်တဲ့ ခရီးစဉ်ပါပဲ။

🤍 လမ်းတစ်လျှောက်မှာလည်း မနက်စာ မုန့်၊ buffet lunch၊ အသီးအနှံ၊ အအေး နဲ့ ရေသန့်တွေ ပေးပြီး life jacket အပြင် Chinese & English speaking guide တွေနဲ့ ရေငုပ်ရေကူး ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေပါတာမို့ စိတ်ချလက်ချ ပင်လယ်ပြင်ကြီးကို တဝကြီး ခံစားကြည့်ရှုနိုင်ပါတယ်။

🤍 ချော ပုံတွေ တဝကြီးရိုက်ခဲ့တဲ့ နေရာကတော့ Pileh Lagoon နဲ့ Khai island ပါ။ Long-tailed boat ကို 300 Baht နဲ့ ထပ်bookပြီး vlogတွေထဲ တွေ့ရသလို ပုံတွေ အများကြီးရိုက်ခဲ့ပါတယ်။ Staffတွေကလည်း လိုလေသေးမရှိ ကူညီကြလို့ တကယ်ကို စိတ်ချမ်းသာပြီး ပျော်ရွှင်ခဲ့ရတဲ့ တစ်နေ့တာ ခရီးစဉ်ပါပဲ။

🤍 သိလိုသမျှ စိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့ BoBo in Phuket - Tour and Transportation ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။

10/08/2023

“An Unforgettable Experience at Kuala Lumpur International Airport”

ဒီနှစ် July ကမှ သွားခဲ့တဲ့ ချောရဲ့ ထိုင်း-မလေးရှား-အင်ဒိုနီးရှား ခရီးစဉ်မှာ မေ့မရတဲ့ အတွေ့အကြုံတစ်ခုကို ပြောပြချင်ပါတယ်။

Myanmar passport holderမို့ မလေးရှားကို transitအနေနဲ့ ဝင်တာတောင်မှ Entry Visa လျှောက်ရပါတယ်။ (terminal တူတာတောင်မှ လျှောက်ရတာပါ ကိုယ်တိုင် အစအဆုံးလျှောက်ခဲ့တာမို့ တကယ်လို့ Malaysia Entry Visa Processကို သိချင်ရင် လာမေးလို့ရပါတယ်)

Bangkok-Kuala Lumpur အတွက်က အခက်အခဲမရှိပေမဲ့ Kuala Lumpur-Surabaya အတွက် immigrationဖြတ်တဲ့နေရာကစပြီး လေယာဉ်ပေါ်မရောက်ခင်အထိ ဘယ်လေဆိပ်မှ မကြုံဖူးတာမျိုး ကြုံလိုက်ရပါတယ်။

Campအတွက် သွားတဲ့ခရီးမို့ LOA (Letter of Admission)အပြင် Insurance ကအစ Entry Visa ကိုပါ သေချာပြင်ဆင်သွားပါတယ်။ ဒါပေမဲ့ Kuala Lumpur Airport Immigration ကို ဖြတ်တဲ့အချိန်မှာ Immigration Police ရဲ့ အကြည့်ကအစ ကြောက်ဖို့ကောင်းတာဆိုတာ document အပြည့်အစုံ ပြထားတာတောင် မဖတ်ဘဲ စာရွက်တွေကို လှန်လှောပြီး 5မိနစ်ကျော် 10 မိနစ်နီးပါး ကြာအောင် မေးခွန်းတွေ မေးပါတယ်။ (Where’re you going? Why’re you going? Where’re you staying? You travel alone? Why’d you need to go to Surabaya? Will you stay there? Why are you going there? When will you comeback? ပုံမှန်မေးနေကျ မေးခွန်းတွေအပြင်ကို တခြား မမှတ်မိတော့တဲ့ မေးခွန်းတွေကိုပါ မျက်လုံးအကြည့်စူးစူးနဲ့ မေးတာပါ) ဒါပေမဲ့ ဒါကတော့ ပုံမှန်အနေအထားလို့ ပြောလို့ရပါတယ်။ တခြားလေဆိပ်တွေမှာလည်း ရစ်တာမျိုးရှိတော့။

မထင်ထားတာက Departure Gateမှာ အစစ်ခံရတာပါပဲ။ ပုံမှန် airline staffက ကိုယ့် boarding passကိုစစ်ပြီးတာနဲ့ လေယာဉ်ပေါ် တန်းတက်ရုံပါပဲ (အမြဲ ဒီလိုပဲ သွားနေကျမို့ ဒီလိုလို့ပဲ သိထားတာပါ)။ ကိုယ့်ပုံစံကလည်း လေဆိပ်မှာပဲ ညအိပ်ထားတော့ ပင်ပန်းနေတာ ဘယ်လိုပုံစံပေါက်နေလို့လဲတော့မသိဘူး (the photo is me sitting on the floor before the immigration cuz of the crowded people)

Departure gateမှာ airline staffက ချောရဲ့ boarding passနဲ့ Passportကို စစ်ပြီးတာနဲ့ ဘေးက handcuffsတွေ ခါးမှာချိတ်ထားတဲ့ Policeကို Myanmar ဆိုပြီး လှမ်းပြောပါတယ်။ ပြီးတာနဲ့ အဲ့ရဲက ချောဆီ ရောက်လာပြီး ထောင့်တစ်နေရာကို ခေါ်သွားပြီး immigrationမှာ မေးခံလာရတဲ့ မေးခွန်းတွေ အပြင် 10မိနစ်ကျော်လောက် တခြားမေးခွန်းတွေပါ မေးပါတော့တယ်။ ပိုဆိုးတာက လက်ထိပ်တွေကို မြင်ပြီး ကိုယ်သွားမဲ့ မြို့နေရာကိုပါ မေ့သွားတာ။ (He even greeted me like “Mingalabar”)

Campအကြောင်းတွေပါ မေးသေးတာ သူက။ ဘာလုပ်ရမှာလဲတို့၊ ဘယ်သွားရမှာလဲတို့၊ ဘယ်နေ့ပြန်လာမှာလဲတို့။ Surabayaအတွက် Hotel Bookingပါတဲ့အတွက် အရမ်းကြီးတော့ မဆိုးပေမဲ့ I nearly got heart attack:(

ကြောက်ကြောက်နဲ့ပဲ Hotel receptionist တစ်ယောက်လို မျက်နှာကို ပြုံးပြီး တက်တက်ကြွကြွနဲ့ ပြန်ဖြေမှ သူတို့လက်က လွတ်လာပါတယ်။ လေယာဉ်စထွက်မှပဲ သက်ပြင်းချနိုင်တဲ့အထိပါ။

ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေပါတယ်။ နောက်လည်း မလေးရှားကို transitမဝင်ဖြစ်လောက်တော့ပါဘူး။ ထပ်သွားဖြစ်ရင်လည်း ဒီအတွေ့အကြုံကြောင့် ဒီံထက်ဆိုးတာတော့ မကြုံလောက်ဘူးလို့ပဲ မျှော်လင့်ရပါတယ်။

ဒါကတော့ ချောရဲ့ Kuala Lumpur Airportမှာ ကြုံခဲ့တဲ့ ဖြစ်ရပ်လေးပါ။ Air Tickets or Visa Processအတွက် သိချင်တာရှိရင် လာမေးလို့ရပါတယ်။

28/07/2023

“Bromo Day”

Camp တစ်လျှောက်လုံးမှာ အပင်ပန်းဆုံးက ဒါဖြစ်မယ်ထင်တယ် Jeepစီးပြီး သွားရတာဆိုတော့ ဖုန်တလုံးလုံးနဲ့ဆိုပေမဲ့ တကယ်အမှတ်တရပဲ





Disclaimer - I don’t own the copyright of the music in this video. I give fully credits to the original song owner.

Photos from Chaw’s Stories's post 14/07/2023

Road to “UM iCamp 2023”

Myanmar >> Thailand >> Malaysia >> Indonesia

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Nakhon Ratchasima?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Nakhon Ratchasima
30000