Light Learning Center
04/07/2026
Congratulations to Nan Chit Chit Khaing! 🏆
"ဖြူဖြူ နဲ့ HIV" စာအုပ်လေးရဲ့ ပုံဆွဲဖန်တီးသူအဖြစ် HIV ပညာပေး ကျောင်းတွင်းပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် Light Learning Center မှ အဆောင်ကျောင်းသူလေး၊ CDC ကျောင်း Grade-12 မှ "Nan Chit Chit Khaing!" အား ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။
ရှေ့ဆက်ပြီးလည်း စိတ်ကူးသစ်တွေနဲ့ ပိုမိုလှပတဲ့ အနာဂတ်ကို ဖန်တီးနိုင်ပါစေလို့ Light Learning Center မိသားစုဝင်များမှ ဆုတောင်းပေးလိုက်ရပါတယ်သမီးရေ.......။
✨ YL သင်ကြားရေးမှာ Group Activity ဘာကြောင့် လိုအပ်တာလဲ။
Real Communication: စာအုပ်ထဲကစာကို အလွတ်ကျက်တာထက် သူငယ်ချင်းအချင်းချင်း ပေါင်းစပ်လုပ်ကိုင်ရင်း ဘာသာစကားကို သဘာဝကျကျ ပိုပြောဖြစ်စေတယ်။
Social Skills: မိမိအလှည့်ကို စောင့်ဆိုင်းခြင်း၊ မျှဝေခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့ အလေ့အထကောင်းတွေ ငယ်စဉ်ကတည်းက ရရှိစေတယ်။
Peer Learning: ကလေးတစ်ဦးစီရဲ့ အားသာချက်ချင်း မတူတာကြောင့် အဖွဲ့လိုက်လုပ်တဲ့အခါ တစ်ယောက်ဆီကတစ်ယောက် ပိုမြန်မြန် သင်ယူနိုင်ကြတယ်။
High Engagement: ကလေးတွေရဲ့ အာရုံစိုက်နိုင်စွမ်း (Attention Span) က တိုတာကြောင့် ငြီးငွေ့မသွားဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုမှတ်မိစေတယ်။
Confidence Building: တစ်ယောက်တည်းဆို ရှက်တတ်၊ ကြောက်တတ်တဲ့ ကလေးတွေဟာ အဖွဲ့နဲ့လုပ်ရတဲ့အခါ ပိုမိုရဲတင်းပြီး ယုံကြည်မှု ရှိလာစေတယ်။
💡 တစ်ချက်တည်းနဲ့ အနှစ်ချုပ်ရရင် - ဘာသာစကားအပြင် အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ 21st Century Skills (4Cs - Communication, Collaboration, Creativity, Critical Thinking) ကို တစ်ပြိုင်နက်တည်း ပျိုးထောင်ပေးနိုင်လို့ ဖြစ်ပါတယ်။
ဆရာမတို့ရော စာသင်ခန်းထဲမှာ ဘယ်လို Group Activity လေးတွေ အသုံးများလဲရှင်? ကလေးတွေ ဘယ်လောက်တောင် ပျော်ပျော်ရွှင်ရွှင် သင်ယူကြလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော် 👇
26/06/2026
ယနေ့ Light Learning Center ရှိ အဆောင်နေကျောင်းသားကျောင်းသူလေးများအတွက် ဟင်းသီးဟင်းရွက်
များ လာရောက်လှူဒါန်းပေးပါသော Blossom Future Foundation ကို အထူးပင်ကျေးဇူးတင်ရှိပါသည်ရှင့်။
ယခုထက်မက ပိုမို၍လှူဒါန်းနိုင်ပါစေလို့ light Learning Center မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင့်။
YL သင်ကြားရေးအတွက် အလွန်အရေးပါတဲ့ "TPR Method" ဆိုတာ ဘာလဲ??
Light Learning Center မှာ YL လေးတွေကို TPR method သုံးပြီး ဘယ်လိုလေးတွေသင်ကြားပေးနေသလဲ???
24/06/2026
Teaching & Learning Thai Language
Grade-1
Teaching & Learning Thai Language.
Grade-1
Happy reading activities! 😀
Love Learning Center နဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ
ရိုးရိုး Speaking practice တစ်ခု မဟုတ်ပါဘူး။ ဆရာနဲ့ တပြည့်ကြားက ရင်းနှီးနွေးထွေးမှု တွေ၊ အတန်းဖော်တွေကြားထဲက ဖေးမ မှုတွေပါပါတယ်။
18/06/2026
Light Learning Center ရဲ့ (2026-2027) ပညာသင်နှစ်ကို ဦးဆောင်မည့် ဆရာ၊ ဆရာမများအား မိတ်ဆက်ခြင်း 🌟
ကလေးငယ်တို့ရဲ့ ပညာရေးခရီးလမ်း ဖြောင့်ဖြူးသာယာပြီး အဖိုးတန်တဲ့ ဗဟုသုတတွေ၊ အရည်အချင်းတွေ တိုးတက်လာစေဖို့အတွက် စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ဆရာ၊ ဆရာမများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ 🎓✨
ကလေးငယ်တစ်ဦးချင်းစီရဲ့ အလင်းရောင်တောက်ပတဲ့ အနာဂတ်ကို ဖန်တီးပေးဖို့ ဆရာ၊ ဆရာမများအားလုံးက မိဘသဖွယ် မေတ္တာအပြည့်နဲ့ အကောင်းဆုံး သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။
16/06/2026
🎓 Vocational and Skills Development Training Program Course Completion Ceremony 🎓
BEAM RISE Center နှင့် Technical College Mae Sot တို့ ပူးပေါင်းသင်ကြားပို့ချခဲ့တဲ့ "Vocational and Skills Development Training Program" ရဲ့ သင်တန်းပြီးမြောက်ကြောင်း ဂုဏ်ပြုလွှာချီးမြှင့်သည့် အခမ်းအနားကို Light Learning Center မှ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါတယ်။
✨ဒီသင်တန်းက နေရရှိခဲ့တဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ လက်မှတ်တွေကို အခြေခံပြီး မိမိတို့ရဲ့ ဘဝခရီးလမ်းမှာ ပိုမိုတောက်ပတဲ့ အနာဂတ်တွေကို ဖော်ဆောင် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 💡🌟
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Moo 10 , Mae Pa
Mae Sot
63110