Unofficial: moderm herbage

Unofficial: moderm herbage

แชร์

03/06/2023

တိုင်းရင်းသား(၁၃၅)မျိုး

၁။ ဗမာ - ၉မျိုး
၂။ ကချင် - ၁၂မျိုး
၃။ ကယား - ၉မျိုး
၄။ ကရင် - ၁၁မျိုး
၅၊ ချင်း - ၅၃မျိုး
၆။ မွန် - ၁မျိုး
၇။ ရခိုင် - ၇မျိုး
၈။ ရှမ်း - ၃၃မျိုး
စုစုပေါင်း - ၁၃၅မျိုး

ဗမာ - ၉မျိုး
**********
၁။ ဗမာစု - ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊
ရဘိန်း၊ ကဒူး (ခုံးကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)။

ကချင် - ၁၂မျိုး
*************
၂။ ကချင်စု - လူမျိုး(၁၂) မျိုးမှာ ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော၊ဂေါ်ရစ်၊ခခု၊ဒုရင်၊မရု(လော်ဂေါ်)၊ ရဝမ်၊ လရှီ(လာချစ်)၊ အဇီး၊ လီဆူးတို့မှာ အဓိကချင်မျိုးဖြစ်သည်။ ထို့ပြင်ဖခင်ကြီးဝချက်ဝဆိုသူ၏ညီ အငယ်(၇) ဦးမှ ဆင်းသက်ပေါက်ဖွားလာသူများလည်းရှိသည်။

ကယား - ၉မျိုး
*************
၃။ ကယားစု - ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ဂေခို၊ ဂေဘား၊ပရဲ(ကယော)၊မနူမနော်၊ ယင်းတလဲ၊ ယင်းတော်။

ကရင် - ၁၁မျိုး
**************
၄။ ကရင်စု - ကရင်၊ ကရင်ဖြူ၊ ပလေကီး (ပလေချီ) ၊ မွန်ကရင်၊ စကော(ကရင်)၊တလှေပွာ၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)။

ချင်း - ၅၃မျိုး
************
၅။ ချင်းစု - ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊အောဝခမီ၊ခေါနှိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်းမ်၊ ခွန်လီ (ခေဧ) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်ထန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်(ဇန်နိယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇန်၊တိုင်ချွန်း၊တာ့ ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊လေးမြို၊ လင်တဲ့၊ လောက်ထူ၊ လိုင်၊လိုင်ဇို၊ ပါကင်းမ်(ခေါ်)မရို၊ အနူး၊ အနန်၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု။

မွန် - ၁မျိုး
*********
၆။ မွန်စု - မွန်။

ရခိုင် - ၇မျိုး
**********
၇။ ရခိုင်စု - ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်။

ရှမ်း - ၃၃မျိုး
***********
၈။ ရှမ်း - ရှမ်း၊ ယွန်း (လအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအိ
ကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်း
ကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ့် (တောင်သူ)၊ တိုင်းလွယ်၊တိုင်း
လျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း။


#ဗဟုသုတအဖြာဖြာရွှေမြိုင်မှာရှာပါ

15/01/2023

ရှီးပဒီး (𝐂𝐨𝐫𝐝𝐲𝐜𝐞𝐩𝐬) နှင့် သုံးစွဲနိုင်သောရောဂါများ (၂)

ကင်ဆာရောဂါအမျိုးမျိုး
================
ရှီးပဒီးတွင်ပါဝင်သော ကော်ဒီဆက်ပင် (𝗖𝗼𝗿𝗱𝘆𝗰𝗲𝗽𝗶𝗻) များကြောင့် ကင်ဆာဆဲလ်များ ပွားများမှုကို ထိန်းချုပ်ပေးပါသည်။ အထူးသဖြင့် သွေးကင်ဆာတစ်မျိုးဖြစ်သည့် လူကီးမီးယား (Leukaemia) ရောဂါကိုကုသရာ၌ များစွာအထောက်အကူပြုပါသည်။ အခြားကင်ဆာများဖြစ်သည့်လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အရေပြားကင်ဆာတို့တွင်လည်း ထိရောက်မှုရှိပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
===========================
သလိပ်ကိုပျော်စေပြီး ချွဲများအဖြစ်သို့ အလွယ်တကူထွက်စေရန်
လှုံ့ဆော်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် ပန်းနာရင်ကျပ်လူနာများ၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရမ်းသောရောဂါများ (Chronic bronchitis) ပုံမှန်သောက်သုံးပါက များစွာအကျိုးရှိပါသည်။

ခန္ဓာကိုယ်ခုခံအားကျဆင်းနေသူများ
=======================
ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်သောအာနိသင်ရှိပြီး အင်တာဖရွန် (𝗜𝗻𝘁𝗲𝗿𝗳𝗲𝗿𝗼𝗻) ထွက်ရှိအောင်ဆောင်ရွက်ပေးသည်။ သွေးဖြူဥများ၏ ဘတ်တီးရီးယားကို တိုက်ခိုက်ဖျက်ဆီးနိုင်မှုကို တိုးတက်မြင့်မားစေသည်။ ထို့ကြောင့် ခုခံအားကျဆင်းနေသူများ၊ မကြာခဏဖျားနာလေ့ရှိသူများအတွက် အထူးသင့်လျော်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များ
===================
ရှီးပဒီးသည် သွေးတွင်းရှိ ဂလူးကို့စ်ကို ကျဆင်းစေသဖြင့် ဆီးချိုသွေးချိုရောဂါသည်များသောက်သုံးပါက များစွာအကျိုးရှိပါသည်။ ယင်း၏လုပ်ငန်းဆောင်ရွက်မှုမှာ မက်ဖော်မင် (𝗠𝗲𝘁𝗳𝗼𝗿𝗺𝗶𝗻) ဆေးနှင့်အာနိသင်တူသဖြင့် ကျောက်ကပ်မကောင်းသည့်သူများတွင် မက်ဖော်မင်အစား သောက်သုံးနိုင်ပါသည်။

နာလန်ထစလူမမာများ
===============
ရှီးပဒီးသည် ခွန်အားကိုဖြစ်စေသဖြင့် အသက်ကြီးသူများ၊ နာလန်ထစလူမမာများအတွက် အထူးသင့်လျော်သည်။ အားကစားသမားများ စားသုံးပါက အမောခံနိုင်ပြီး သက်လုံကောင်းစေသောကြောင့် စံချိန်များတက်စေရန် အထောက်အကူပြုပါသည်။

သွေးတွင်းအဆီများခြင်း
================
သွေးတွင်းကိုလက်စထရော များနေသူများ၊ မကောင်းသောအဆီဓာတ် (LDL) များနေသူများသုံးပါက ထိရောက်စွာ ကျဆင်းစေသည့်အပြင် ကောင်းသောအဆီဓာတ်ဖြစ်သည့် HDL များ တစ်ခဏချင်းမြင့်တက်လာသည်ကို တွေ့ရပါသည်။

15/01/2023

#အသဲခြောက်ပြီး ရေဖျဉ်းဆွဲ ရောဂါအတွက် ဆေးကောင်းတခွက်

#ရွှေနွယ်ကြီး (ဆေးရွှေနွယ်)

ယခင်ကလည်း ရွှေနွယ်ပင်အကြောင်း ရေးခဲ့ဖူးပါတယ်။ အဲဒီရွှေနွယ်က ပင်ပျော့လေးတွေမှာ တွေ့ရတဲ့ အပင်ပါ။ သူက ပိန်းပင်၊ ကနဖော့၊ ဝက်ကြိမ်၊ ကန်စွန်းနွယ်စတဲ့ အပင်ပြော့ပြော့လေးတွေအပေါ် ဖုံးအုပ်ပြီး နေတတ်တယ်။ အရွယ်အစားက သေးသေးသွယ်သွယ် မျှင်မျှင်လေးတွေဖြစ်တယ်။

အခုအပင်ကတော့ ထူးထူးခြားခြား ဇီးပင်တပင်လုံးကို ဖုံးအုပ်နွယ်တက်နေတာဖြစ်တယ်။ သစ်မာပင်ကြီးတွေကိုရွေးပြီး ကပ်ပါးပြုလေ့ရှိသော ရွှေနွယ်ဖြစ်တယ်။ အလုံးပတ်ကလည်းကြီးတယ်။ ဒါ့ကြောင့် ရွှေနွယ်ကြီး giant dodder လို့ အမည်ပေးထားတာဖြစ်တယ်။ တခါတလေ ပင်စည်က 2.0 mm ပမာဏလောက် အချင်းဝက်ရှိပါတယ်။ အဝါရောင် တောက်တောက်ထက် တခါတရံ စိမ်းဝါရောင် သန်းနေတတ်တယ်။ မာလည်းမာတယ်။

#ရွှေနွယ်(သို့)ဆေးရွှေနွယ်(သို့)ရွှေနွယ်ရိုး ( Cuscuta reflexa )အပင်အကြောင်းနှင့် ရောဂါအလိုက် အသုံးပြုပုံများ-

အသည်းနဲ့ သက်ဆိုင်တဲ့သူများအတွက် အထူးစိတ်ဝင်စားစရာ ကောင်းတဲ့ နွယ်ပင်ပါ။ အညွှန့်၊ အရွက်အနုတို့စား ရင်တောင် အရွယ်တင် နုပျိုစေတယ်လို့လည်း ဆိုထားပါတယ်။ ရွှေနွယ်ပင် တွယ်ကပ်ပေါက်ရာ အပင်၏ ရသမှာလည်း ရွှေနွယ်ပင်အပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။

ရွှေနွယ် (သို့)ဆေးရွှေနွယ်လို့ အရှင်နာဂသိန်မှာ ဖော်ပြထားပေမယ့် ယခုအများခေါ်ဆိုနေကြတာ သိထားမိတာက ရွှေနွယ်ရိုးပင်လို့ သိသူများပါတယ်။ google မှာတော့ မျိုးကွဲတွေ အများကြီးတွေ့ရပါတယ်။ အပင်ပေါက်ရောက်ရာ ဒေသအနေအထားကြောင့် မျိုးကွဲများပေမယ့် ဆေးအာနိသင်နဲ့ ဆေးအသုံးကတော့ မကွာဘူးလို့သိရပါတယ်။

သို့ပါသော်လည်း ရှင်နာဂသိန် ပုံပြဆေးအဘိဓာန်တွင် ရွှေနွယ်နှင့် ရွှေနွယ်အငယ်မျိုးဟု ဆေးအသုံးပြုပုံကို ခွဲရေးထားသည်ကို တွေ့ရသည်။ ရွှေနွယ်အငယ်မျိုးဟု ဆေးအသုံး ခွဲခြားပြသထားသော်လည်း အပင်မှာ ရွှေနွယ်အကြီးသည် ကုန်းမြင့် ရေနှင့်ဝေးသော အရပ်ဒေသတွင် ပေါက်ပြီး ရွှေနွယ်အငယ်သည် ရေနှင့်နီးစပ်ရာ မြစ်ချောင်းကမ်းပါးနား အပေါက်များသည်ကလွဲပြီး ကျန်သည့် အရောင်အဆင်းအပင်တို့မှာ ကွဲပြားမှုမရှိပါ။ အပင်အကြီး အသေးသာ ကွာခြားမှုရှိသည်ဟု ရေးထားပါသည်။ ဆေးအသုံးအတွက် မိတ်ဆွေများ နှစ်သက်သလို ယူဆသုံးစွဲနိုင်ပါသည်။ ကျွန်တော်အမြင်အရ အပင်ချင်းအတူတူဖြစ်သဖြင့် ဆေးအသုံးလည်း အတူတူသုံးလျှင် အဆင်ပြေမည်ဟု ယူဆပါသည်။ သို့သော် စာအုပ်ထဲတွင် ခွဲခြားဖော်ပြထားသည့်အတိုင်း ခွဲခြားပြီး ရေးသား ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

#ရောဂါအလိုက်အသုံးပြုပုံ

အသည်းရောင်ခြင်း၊ အသည်းကြီးခြင်း၊ အသည်းမာကြော ကြမ်းတမ်းခြင်းတို့အတွက် ၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။

အသည်းအားနည်း၊ အားပျော့ခြင်းအတွက် ၎င်းရွှေနွယ်ကို ပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကိုလည်းကောင်း။ အခြားဆေးဘက်များနှင့်သော်လည်းကောင်း သောက်မူ အသည်းကို များစွာအားပေး၏

#သွေးဖောက်ပြန်ရောဂါ

၎င်းဆေးရွှေနွယ် ၅-ကျပ်၊ တွင်းနက်ကတိုးမြစ် ၅-ကျပ်၊ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၎င်းဆေးတွင် ပျားရည် သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။

#ဝမ်းရောင် ဝမ်းကြောတင်းရောဂါ

ဝမ်းရောင်၊ ဝမ်းကြောတင်း၊ အစာမကြေ၊ လေချဉ်တက်ခြင်းဖြစ်မူ ၎င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။

#မကျက်နိုင်သော အနာဟောင်းများ

ဆေးရွှေနွယ်မှုန့်၊ ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူ အသားနုများတက်၍ အနာများ အကျက်မြန်လိမ့်မည်။

#ယားနာမျိုးစုံ

၎င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။

#အရေပြားလိမ်းဆေး

အရေပြားရောဂါများ အခြားအတွင်းဆေးများ စားသော်၎င်း။ မစားသော်၎င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

#ရေငတ်ရောဂါ

အဖျားအားကြီး၍ ရေငတ်ခြင်း၊ ကျောက်၊ ဝက်သက်စသောရောဂါ၊ ဝမ်းရောဂါဖြစ်၍၎င်း ရိုးရိုးရေငတ်ရောဂါများကို၎င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။

#သွေးဆိုးပွားရောဂါ

သွေးသားမစင်ကြယ်ခြင်း၊ ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။

#ဝမ်းဗိုက်ထိုးကျင်ခြင်း

အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

အပေါ်မှဖော်ပြခဲ့သည်များမှာ ကုန်းတွင်းပိုင်းတွေ့ရသော ရွှေနွယ်အကြီးမျိုး ဆေးအသုံးပြုပုံ ဖြစ်ပြီး ယခုအောက်တွင်ဆက်လက်ဖော်ပြမည်များမှာ မြစ်ချောင်းကမ်းပါအနီး၌ တွေ့ရသော ရွှေနွယ်အငယ်မျိုး၏ ဆေးအသုံးပြုပုံဖြစ်ပါတယ်ခင်ဗျာ။

#အနာအိုအနာဟောင်းများ

မကျက်နိုင်သော အနာအိုအနာဟောင်းများကို ရွှေနွယ်အကြီးပြထားသည့်အတိုင်း ပြုလုပ်ရန်ဖြစ်ပါတယ်။

#ဆံပင်သန်စွမ်းစေသောနည်း

ရွှေနွယ်မှုန့်ကို နှမ်းဆီစစ်စစ်ဖြင့်ရော၍ ခေါင်းကို လိမ်းပေးမူ ဆံပင် ကျွတ်ခြင်း၊ ပြတ်ခြင်းကင်း၍ ဆံပင်များသန်စွမ်းလာပါလိမ့်မည်။

#ကလေးသူငယ်များ မျိုးစုံကာကွယ်ရန် အဆောင် ယတြာ

ကလေးသူငယ်များ မကြာခဏ တက်ခြင်း၊ အကြောဆွဲခြင်း၊ စောင်းရွှဲ့ခြင်း၊ အမျိုးမျိုးအဖုံဖုံဖြစ်တတ်သော သူငယ်နာများကို ၎င်းရွှေနွယ်ကိုကပ်၍ လည်ပင်းနှင့် ညာလက်တွင် စီးပေးထားမူ သူငယ်နာရောဂါများမှ ကင်းဝေစေ၏။

#ရေဖျဉ်းရောဂါ

ရွှေနွယ်ကို ပြုတ်၍ချွေးထုတ်မူ ရေဖျဉ်းရောဂါများအတွက် များစွာ အကျိုးရှိ၏။

#မှတ်ချက်

၎င်းရွှေနွယ် အကြီး/အငယ် နှစ်မျိုးစလုံးပင် ၎င်းသက်သက် အခြားဆေးများနှင့်မရောဘဲ ၉-ပဲမျှ မှ ၁၂-ပဲမျှထိသာ သောက်နိုင်၏။ ပြုတ်ရည်/ကျိုရည် အခြားသောဆေးများနှင့် စပ်မူ ဆေးဘက်တွင်နားလည်တတ်ကျွမ်းသူ ဆရာများ၏ လမ်းညွှန်မှုအတိုင်း သောက်ပါ။

#အာရောဂျံ ပရမံ လာဘံ။

Thura_Htayaung ၁၁ ၄ ၂၀၁၈

စာကိုး အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်(တတိယတွဲ)၊ မြန်မာအာယုဗေဒ ဆေးသိပ္ပံ ဆရာတော် အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ)

ခရက်ဒစ်...

======l======y======p=============

#ရွှေနွယ်ပင် -en:Cuscuta europaea on en:Sambucus ebulus

မျိုးရိုးခွဲခြားခြင်း

PlantaeClade:AngiospermsClade:EudicotsClade:Asteridsမျိုးစဉ်:Solanalesမျိုးရင်း:Convolvulaceaeမျိုးဇာတ်:Cuscuteaeမျိုးစု:Cuscuta
L.Species

See list

ပုံသဏ္ဌာန် : အပင် - အခြား သစ်မာ ပင်ကြီးမျိုး ကို မှီတွယ် ၍ အစာ ရေစာ စုပ်ယူ ရှင်သန် ရသော အရွက်မဲ့ ကပ်ပါး နွယ်ပင် မျိုး ဖြစ်သည်။ အကြီး အငယ် ၂ မျိုး ရှိ၏။

အသားထူသည် ။ ပင်စည် ရှည်လျား ပြီး ကိုင်းဖြာ သည်။ ရွှေဝါ ရောင် ရှိ၏ ။ မှီတွယ် ပင်အား အုံလိုက် အုပ်ဆိုင်း ထားသည်။ အပွင့် - ပွင့် တည်း သို့မဟုတ် စုပြုံ ပွင့်သည်။ ပွင့်ညှာ တို၍ ကောက်နေ သည်။ ပွင့်ခံ ရွက်သေးငယ် သည် ။ အသား ထူ သည်။ အပွင့် အဖြူရောင် ရှိ၍ သုံးမြှောင့် ပုံဖြစ်သည်။ အသီး - လုံးဝိုင်းပြီး ထိပ်ဘက် ချွန်သည် ။ ၂ စေ့ မှ ၄ စေ့ ထိ ရှိသည်။

# အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ :

ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အထက်ပိုင်း ပြင်ဦးလွင် နှင့် အထက် ချင်းတွင်း နယ်များ တွင် တွေ့ရသည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ : အာနိသင် -မြန်မာ ဆေးကျမ်း များ အလိုအရ ဆေးရွှေနွယ် သည် ချို၏ ၊ ထက်မြက်၏ ၊ သည်းခြေနှင့် စပ်လျဉ်း သော ရောဂါ များကို နိုင်၏။ ခွန်အားကို တိုးစေ၏။ သုက်ကို ပွားစေ၏ ။ အသက်ကို ရှည်စေ နိုင်၏။

#အသုံးပြုပုံ- ပဉ္စငါးပါး

၁။ ဆေးရွှေနွယ် သည် အသက်ရှည် စေတတ်သော အပင်မျိုး တွင် အပါအဝင် ဖြစ်၏ ။ အသည်းရောင် ၊ အသည်းကြီး ၊ အသည်း မာကျော ကြမ်းတမ်း ခြင်း အတွက် ၎င်းဆေးရွှေနွယ် ကိုပြုတ်၍ သောက်ခြင်း ၊ ဝမ်းဗိုက် ကို လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း စေနိုင်၏။

၂။ ဝမ်းကြောတင်း ခြင်း ၊ ဝမ်းရောင် ခြင်း ၊ အစာမကြေ လေချဉ်တက် ခြင်း ၊ ဝမ်းဗိုက်နာ ခြင်း များ အတွက် ဆေးရွှေနွယ် ကို ကျတ်ကျတ် ကျို ၍ ဝမ်းဗိုက် တွင် လိမ်းပေးပြီး အဝတ်ဖြင့် ပတ်ထား ပါက အောက်သို့ လေစုန်ကာ ပျောက်ကင်း၏။

၃။ ဆေးရွှေနွယ် မှုန့် ၊ ချင်းခြောက်မှုန့် ဆတူ ရော၍ ထောပတ်နှင့် ဖျော်ပြီး အနာဆွေး၊ အနာဟောင်း များကို လိမ်းပေးသော် အနာများ အသားနု တက်၍ အမြန်ကျက်သည်။

၄။ ဆေးရွှေနွယ် ကို ညက်အောင် ကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်ပြီး ယားနာ များကို လိမ်းပေးသော် ပျောက်ကင်း၏။

၅။ ဆေးရွှေနွယ် ကို တို့စရာ အဖြစ် ဖြစ်စေ ၊ ၎င်းချည်း သက်သက် ဖြစ်စေ နေ့စဉ် စားသုံးပေး ပါက ဆံမဖြူ သွားမကျိုး ပါးရေ မတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာ စေ၏ ။

၆။ ဆေးရွှေနွယ် ကို သွေးဖောက်ပြန် သော ရောဂါ အတွက် လည်း သုံး၏။

၇။ ဆေးရွှေနွယ် ဖြင့် ခေါင်း လျှော် လျှင် ခေါင်းအေး ၍ ဦးနှောက် ကြည်လင် စေပြီး ဗောက်နှင့် သန်းများကို ပျောက်စေသည်။ ။

Credit... Wiki

========l=====y=====p=========
နွယ်မြတ်သစ်ပင်ဆေးဖက်ဝင် ၏ ဆရာဝန်တွေလက်လျှော့နေရတဲ့ရေဖျဉ်းရောဂါတင်မက ရောဂါတော်တော်များများပျောက်ကင်းစေတဲ့ ရွှေနွယ်ရိုး

ဒီ အပင်ကိုရှာနေတာ ၃နှစ်၃ မိုးရှိပါပေါ့ဇီးပင်ပေါ်မှာသာပေါက်တဲ့ ရွှေနွယ်ရိုးပင်လေး ထခုန်မိပါသေးအပင်ကို၃ ခွက်၁ ခွက်တင်ကျိူသောက်ရင် ဗိုက်ကြီးပူပြီးရေတွေစုတ်ထုတ်နေရတဲ့တနေ့တစ်သိန်းလောက်ကုန်ပြီးဆရာဝန်တွေလက်လျှော့နေရတဲ့ ရောဂါရေဖျဉ်းရောဂါပျောက်ပါတယ်။

ဆီးချိူသွေးချိူနဲ့ကင်ဆာရောဂါပျောက်ပါတယ်။ အားလုးံကျန်း မာချမ်းသာကြပါစေဂုဏ်နှင့်စွမ်းရည်၎င်းဆေးရွှေနွယ်သည်ချို၏။ထက်မြက်၏။သည်း ခြေနှင့်စပ်လျဉ်းသောရောဂါများကို နိုင်နင်း၏။

၁။ ရောဂါအလိုက်အသုံးပြုပုံ -အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက် ၎င်း ဆေးရွှေနွယ်ကို ပြုတ်၍သောက်ခြင်း။ ဝမ်းဗိုက်ကိုလိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါ များပျောက်ကင်း၏။

အသည်းအားနည်း/အားပျော့ခြင်းအတွက် ၎င်းရွှေနွယ်ကိုပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကို၎င်း။အခြားဆေးဘက်များနှင့်၎င်းသောက်မူအသည်းကို များစွာအားပေး၏။

၂။ သွေးဖောက်ပြန်ရောဂါအတွက် ၎င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင်ကျို၍ ၎င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများပျောက်ကင်း၏။

ဝမ်းရောင် ဝမ်းကြောတင်းရောဂါအတွက် ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေလေချဉ်တက်ခြင်းဖြစ်မူ ၎င်းဆေးရွှေနွယ်ကို ကျက် ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူဖော်ပြပါရောဂါများနှင့်တကွဝမ်းဗိုက်နာကျင်ခြင်းများပျောက်ကင်း၏။

မကျက်နိုင်သောအနာဟောင်းများအတွက် -ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူအသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

ယားနာမျိုးစုံအတွက်-၎င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲဖျော်၍ ယားနာများကို လိမ်းပေး မူမြန်စွာပျောက်ကင်း၏။အရေပြားလိမ်းဆေး-အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၎င်း မစားသော်၎င်း အဆိုပါရွှေ နွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း။လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

ရေငတ်ရောဂါအတွက်-အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၎င်း ရိုးရိုး ရေ ငတ်ရောဂါများကို၎င်း ရွှေနွယ်ကို ပြုတ်၍ရေသဘောသောက်မူရေငတ်ရောဂါများ ပျောက်ကင်း၏။

သွေးဆိုးပွားရောဂါ သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင် ကြယ်စေ၏။

ဝမ်းဗိုက်ထိုးကျင်ခြင်း အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Mae Sot