Daw Ei Ei Pyone
11/12/2025
ကမ္ဘာကြီး က
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ သတ်မှတ်ပြီး လူ့အခွင့်အရေး တွေ တိုးတက်ဖို့ ကြိုးစားနေချိန်
လူ့အခွင့်အရေး ရဲ့ အခြေခံ ရပိုင်ခွင့်တောင် ဆုံးရှူံး နေတဲ့
ဒို့မြန်မာ ပြည်သူ တွေ ရဲ့ အခြေနေ .....
😪😪😪
10/12/2025
ဘဝ က ခဲတံ တစ်ခုလို သင်ယူ မှတ်သားစရာတိုင်း ကို
အများကြီး မှတ်ခွင့် ရပေမယ့် ....
အမှား ကို ဖျက်ခွင့် က ခဲဖျက်သေးသေး ပဲ ပေးထား လို့
ဘဝ မှာ အမှားတွေ အများကြီး လုပ်လို့ မရဘူး
ဆိုလား ....
မှတ်သားဖူးတယ် လေ ....
အာ့ ကြောင့် မိမိ က ခဲဖျက် တစ်တုံး ဝယ်ဆောင် ထား လိုက်ရင် ကော
အဆင်ပြေလား ဟေ့ ....😂
စတာဘာ ....
စတာဘာ ......
အလုပ် လုပ်ခါနီး ဝေ့ဝိုက်နေတာ .....😂
02/11/2025
#ထီမပေါက်သောစိတ်ကူး
အိမ်း ..... မနေ့ က ထိုင်းထီ ထွက်တော့
ကိုယ့် အတွက် ထီက အခုမပေါက် ပဲ အသက်တွေ
တအားကြီး မှ ထီပေါက် မှာ လား တွေးလိုက် မိပြီး ...🤔
ဘုရားရေ .... အသက်တွေ တအားကြီး မှ ပေါက်ခဲ့ရင်
သူများ တွေ လို အိုစာ မင်းစာ တွေ ကျုပ် က မသိဘူး တော် ....
အာ့ ချိန်မှ ဆို ကဲ လို အဆင်မပြေလောက်တော့ ဘူး .....
အာ့ ချိန်မှ ဆို .... ထီ ပေါက် တာကြီး ကို မလိုချင်ပါဘူး တော် ....
( ဘာကောင်တွေ မှန်း မသိ
ကိုယ့် အနား ရစ်သီ ရစ်သီ နဲ့ လာလုပ်ကြံရင်
ဒိုးခ ......😂 )
ထီနော် ပေါက် ချင် ရင် .... အခု ပေါက် ....
အခု က ကဲ လို့ ရတဲ့ ချိန် ပေါက် ....😂
အသက်ကြီး မှ လာ မပေါက် နဲ့ ....😡
ဟုဒယ် .....
စိတ်တိုတယ် ..... ဂယ်ပဲ ....😂😂😂
မိတ်ဆွေ ......
ထီ က လေ
မထွက်ခင် လဲ စိတ်ကူးယဉ် လို့ ရ .....
ထီ ထွက် ပြီး လဲ စိတ်ကူးယဉ် လို့ ရ .....
မိုက်စ် တယ် ကွ ..... 😂😂😂
ထောက်ပို့ထီ ဆို ..... ထိုးပြီး တာ နဲ့
ရော်ဘဲတွေ အတွက် ရိက္ခာ ပံပိုး နိုင်တယ် ဆို တဲ့ မုဒိတာ လေး ပါ ထပ်ရ သေးတယ် ...
ထောက်ပို့ ထီ ဆုကြီး ပေါက် ခဲ့ ရင် ထပ်ပြီး ထောက်ပို့ ပလိုက် မယ် ဆိုပြီး
ကွကိုယ် မဟာ ထောက်ပို့ ဟီးရိုး ကြီးလို ခံစားလို့ ပါ ထပ်ရလို့
ပိုတောင် တန်သကွ .... 😂😂😂
အာ့ လာပြောပြတာ နော် .....😍😍😍
คลิกที่นี่เพื่อเป็นสมาชิก?
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Mae Sot
63110