Aung Aung
22/04/2022
"အကျိုးမရှိတဲ့စကားတွေကိုဥပေက္ခာပြုလိုက်ပါ"
➖➖➖➖➖➖➖➖➖➖➖➖➖➖
ဘဝမှာကြားသမျှ စကားလုံးတိုင်းကို
တုံ့ပြန်ဖို့ မလိုသလို
ငုံ့ခံနေဖို့လည်း မဟုတ်ပါဘူး.....
တစ်ချို့သူတွေရဲ့စကားလုံးတွေဟာ
တုံ့ပြန်စရာမလိုဘဲ
သူ့အလိုလိုပြီးသွားတာတွေရှိတယ်
တုံ့ပြန်လိုက်မှ ပိုရှုပ်သွားတာတွေ
ဖြစ်တတ်တယ်.......
စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး
ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲလိုတယ်.....
အလုပ်မှန်ရင် တုံ့ပြန်စရာမလိုဘဲ
အလုပ်က ဖြေရှင်းသွားလိမ့်မယ်.....
မတုံ့ပြန်တာဟာ ငုံ့ခံနေတာ မဟုတ်ဘူး
အပင်ပန်းခံပြီး မခံစားတဲ့သဘောပဲ....
တစ်ချို့စကားတွေကျတော့
ပြန်ဖြေရှင်းဖို့လိုတယ်....
ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး.
ဖြေရှင်းမှသာ အမှန်ကိုသိသွားမယ်။
နှစ်ဦးနှစ်ဖက် အကျိုးယုတ်မှုတွေ
မဖြစ်တော့ဘူး.......
နားလည်မှုတွေရှိသွားမယ် ဆိုရင်
ဒါမျိုးကျတော့ပြန်တုံ့ပြန်ရမယ်.....
ဒေါသနဲ့တုံ့ပြန်မှုမျိုး မဟုတ်ဘဲ
ကျိုးကြောင်းဆင်ခြင်ဥာဏ်ရယ်၊
အကျိုးလိုလားတဲ့ မေတ္တာတရားရယ်ကို
အခြေခံပြီး ပြန်ဖြေရှင်းရမယ်.....
အဓိက ကေတာ့
ဘယ်လို
စကားလုံးပဲလာလာ
လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ
လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး
ခံနိုင်ရည်ရှိလာတာ.....
ကြားသမျှအသံတွေအပေါ်မှာ
ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး
အကျိုးများတဲ့ စကားကို လက်ခံ၊
အကျိုးမရှိတဲ့ စကားလုံးကို
ခေါင်းထဲက ထုတ်ပစ်ဖို့ပါပဲ.
အကျိူး မရှိတဲ့စကားလုံးတွေနဲ့
ခေါင်းလေးမနေဖို့ အဓိကပါပဲ.....
လောကသဘာဝ ဘယ်လောက်ပဲ
ကောင်းအောင် လုပ်လုပ်
စကားလုံးယုတ်တွေ ရောက်လာတတ်သလို၊
မကောင်းတဲ့သူတွေမှာလည်း
စကားလုံး အလှလေးတွေက
တွဲနေတတ်တာပဲ မဟုတ်လား....
စကားလုံးတွေကို လိုက်ခံစားနေတာကိုက
ကိုယ့်အမှားပဲလေ...။
Credit
19/04/2022
''ဘယ်တော့မှမလုပ်ပါနဲ့''
၁။ သူတစ်ပါးဝမ်းနည်းမှ ကိုယ်ပျော်ရွှင်ရမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
၂။ သူတစ်ပါးငိုမှ ကိုယ်ရယ်ရမယ့်
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
၃။ သူတစ်ပါးကျရှုံးမှ ကိုယ်အောင်မြင်ရမယ့်
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
၄။ သူတစ်ပါးကိုချနင်းပြီးမှ ကိုယ်အထက်ရောက်မဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
၅။ သူတစ်ပါးပျက်စီးမှ ကိုယ်ကောင်းစားမယ့်
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
၆။ သူတစ်ပါးစိတ်ဆင်းရဲပြီးမှ ကိုယ်အဆင်ပြေမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
၇။ ကိုယ့်အပြစ်တွေကို သူတစ်ပါးအား
ပုံချတာမျိုးကို ဘယ်တော့မှမလုပ်ပါနဲ့...။
၈။ သူတစ်ပါးအားနည်းချက်ကို ထောက်ပြီး
အနိုင်ယူတတ်တဲ့ အလုပ်မျိုး
ဘယ်တော့မှမလုပ်ပါနဲ့...။
၉။ သူတစ်ပါးအခက်အခဲကို
အခွင့်ကောင်းယူပြီး
အနိုင်ယူတဲ့ အလုပ်မျိုး
ဘယ်တော့မှမလုပ်ပါနဲ့...။
၁၀။ သူတစ်ပါးအောင်မြင်မှု့ကို ပိတ်ပင်တဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။
သူတစ်ပါး ပျက်စီး ဝမ်းနည်းပြီး
ပေးဆပ်လိုက်မှ ကိုယ် အောင်မြင် ပျော်ရွှင်
အဆင်ပြေ သွားရတယ်ဆိုကတည်းက
အောင်မြင်မှု ပျော်ရွှင်မှု
အဆင်ပြေမှုတွေအားလုံးက
လိပ်ပြာမသန့်တဲ့
အမဲရောင် ရလဒ်တွေပါ...။
လေးစားစွာဖြင့် credit
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Mae Sot
63110