The Space

The Space

แชร์

08/04/2026

📢💦သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း💦📢

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် (၂၀၂၆) ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ မှ (၁၇)ရက်နေ့များထိ The Space ၏ ရုံးလုပ်ငန်းများ နှင့် Youth Learning Center ၏ စာကြည့်တိုက်ဝန်ဆောင်မှု အစီအစဉ်များကိုလည်း ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးလုပ်ငန်းများ နှင့် စာကြည့်တိုက်ဝန်ဆောင်မှုများကို ဧပြီလ (၂၀) ရက်၊ တနင်္လာနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း မိတ်ဆွေပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်နှလုံးကျန်းမာရွှင်လန်းကြပါစေကြောင်း The Space မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။💛✨

Photos from The Space 's post 08/03/2026

🌐👩ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ The Space အနေနဲ့ "𝐒𝐡𝐚𝐫𝐞𝐝 𝐏𝐨𝐰𝐞𝐫, 𝐄𝐪𝐮𝐚𝐥 𝐅𝐮𝐭𝐮𝐫𝐞" ဆိုတဲ့ ခံယူချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ 💜

ဒီနေ့ပွဲရဲ့ အနှစ်သာရတွေကတော့ -

𝐒𝐡𝐚𝐫𝐞𝐝 𝐏𝐨𝐰𝐞𝐫: အမျိုးသမီးတွေ ခေါင်းဆောင်မှုကဏ္ဍမှာ ပိုမိုပါဝင်လာစေဖို့ အမျိုးသားတွေရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးပုံကို Show Debate မှာ အမြင်သစ်တွေနဲ့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

𝐄𝐪𝐮𝐚𝐥 𝐅𝐮𝐭𝐮𝐫𝐞: တန်းတူညီမျှတဲ့ အနာဂတ်ဆီကို လှမ်းတက်ဖို့ဆိုတာ တစ်ယောက်တည်း ရုန်းကန်ရမယ့် ခရီးမဟုတ်ဘဲ ခိုင်မာတဲ့ Support System တွေ တည်ဆောက်ပြီး အတူတကွ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။

𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐯𝐞 𝐀𝐜𝐭𝐢𝐨𝐧: ပွဲကို တက်ရောက်လာကြသူအားလုံးရဲ့ ပါဝင်မှု နဲ့ အချင်းချင်း ဝန်းရံပံ့ပိုးမှုတွေဟာ ကျွန်ုပ်တို့ မျှော်မှန်းထားတဲ့ စုပေါင်းအင်အားတွေပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ Shared Power နဲ့အတူ ပိုမိုတောက်ပတဲ့ Equal Future ကို ဆက်လက်ပုံဖော်သွားကြပါစို့။ 🤝✨

08/03/2026

"အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာမှာ ပိုမိုပါဝင်လာစေဖို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်များတွင် အမျိုးသားတွေ တကယ်ပူပေါင်းပါဝင်ဖို့က အရေးကြီးသလား"

07/03/2026

မနက်ဖြန် မတ်လ (၈) ရက်နေ့မှာ ကျင်းပမယ့် International Women’s Day အခမ်းအနားရဲ့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အစီအစဉ်တစ်ခုဖြစ်တဲ့ "Show Debate" အတွက် Speaker တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။✨

ဒီ Debate မှာ လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေနဲ့ ကျောင်းသားများမှ "အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာမှာ ပိုပါဝင်လာစေဖို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်များတွင် အမျိုးသားတွေ တကယ်ပူးပေါင်းပါဝင်ဖို့က အရေးကြီးသလား" ဆိုတဲ့အပေါ် မတူညီတဲ့ ရှုထောင့်အသီးသီးကနေ အကြိတ်အနယ် ဆွေးနွေးသွားကြမှာပါ။

📍 Event Details:
📅 Date: 8 MAR 2026
⏰ Time: 1:40 PM – 3:40 PM (The Space Facebook Live)

ကျွန်ုပ်တို့ လူမှုအသိုက်အဝန်းအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုနှင့် ပံ့ပိုးမှုတွေအကြောင်းကို ဒီ Debate မှာ အားရပါးရ နားဆင်နိုင်မှာဖြစ်လို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤝💜

The Space page မှလည်း Live လွှင့်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

04/03/2026

📢 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭: 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲 𝐄𝐯𝐞𝐧𝐭 𝟐𝟎𝟐𝟔

✨𝑮𝒊𝒗𝒆 𝑻𝒐 𝑮𝒂𝒊𝒏: 𝑨 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝒐𝒇 𝑮𝒆𝒏𝒆𝒓𝒐𝒔𝒊𝒕𝒚, 𝑪𝒐𝒍𝒍𝒂𝒃𝒐𝒓𝒂𝒕𝒊𝒐𝒏, 𝒂𝒏𝒅 𝑺𝒉𝒂𝒓𝒆𝒅 𝑷𝒓𝒐𝒈𝒓𝒆𝒔𝒔✨

၂၀၂၆ ခုနှစ် မတ်လ (၈) ရက်နေ့ - 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆 ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်ုပ်တို့ 𝗧𝗵𝗲 𝗦𝗽𝗮𝗰𝗲 အဖွဲ့အစည်းမှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာ Campaign Movement ပွဲတစ်ခုကို ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်ရည် နဲ့ ခေါင်းဆောင်နိုင်မှု ဆိုတာ တစ်ဦးတည်းစွမ်းရည်အပေါ် မူတည်နေတာမဟုတ်ဘဲ ခိုင်မာတဲ့ ကူညီပံ့ပိုးမှုစနစ်၊ ကျောထောက်နောက်ခံ အင်အားစု စတဲ့ Support System ရှိနေဖို့က အဓိကကျပါတယ်။ ခေါင်းဆောင်မှုဆိုတာ ရာထူးနေရာတစ်ခု မဟုတ်ဘဲ အချင်းချင်း ဝိုင်းဝန်းတွန်းအားပေးခြင်း (Collective Action) နဲ့ အတူတကွ ရှေ့ဆက်ခြင်း (Shared Leadership) ပဲ ဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။

ယခု ပြုလုပ်သွားမယ့် Campaign ပွဲမှာ - ပံ့ပိုးမှုတွေက အမျိုးသမီးတွေရဲ့ ဘဝကို ဘယ်လို ပြောင်းလဲစေသလဲ? အချင်းချင်း လက်တွဲပြီး ဘယ်လို ခေါင်းဆောင်မှုမျိုးကို ဖန်တီးမလဲ? စတဲ့ အကြောင်းအရာတွေကို အသိပညာ၊ အနုပညာ ပြသမှုများ နှင့် အတူတကွ ဆွေးနွေးဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ဒီ Campaign ပွဲမှာ ပါဝင်မယ့် အဓိကအစီအစဉ်တွေကတော့…

💠𝗛𝗶𝘀𝘁𝗼𝗿𝘆 & 𝗞𝗲𝘆 𝗠𝗲𝘀𝘀𝗮𝗴𝗲: IWD သမိုင်းကြောင်းနှင့် "Give To Gain" ခံယူချက်များ မျှဝေခြင်း။
💠𝗗𝗲𝗯𝗮𝘁𝗲 𝗦𝗲𝘀𝘀𝗶𝗼𝗻: "အမျိုးသမီးခေါင်းဆောင်မှုတွင် အမျိုးသားများ၏ ပံ့ပိုးမှု လိုအပ်သလား?" ဆွေးနွေးပွဲ။
💠 𝗔𝗿𝘁 𝗘𝘅𝗵𝗶𝗯𝗶𝘁𝗶𝗼𝗻: အမျိုးသမီးထု၏ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ကို ဖော်ကျူးသည့် အနုပညာပြပွဲ။
💠𝗖𝘂𝗹𝘁𝘂𝗿𝗲 & 𝗔𝗿𝘁𝘀: ထမီသပိတ်၊ သံချပ် နှင့် Mini Theatre (Documentary) ပြသခြင်း။
💠𝗠𝘂𝘀𝗶𝗰 & 𝗬𝗼𝘂𝘁𝗵: Unplugged ဖျော်ဖြေရေးနှင့် Station Game အစီအစဉ်များ။

📅 Event Date: 8 March 2026 (Sunday)
📍 Location: The Space Youth Learning Center (No.989, Moo 7, Ning Bua, Mae Pa Subdistrict, Mae Sot.)
🕚 Time: 11:00 AM - 6:00 PM

ဒီလှုပ်ရှားမှုမှာ အားလုံးအတူတကွ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photos from The Space 's post 28/01/2026

📢 𝙒𝙚’𝙧𝙚 𝙃𝙞𝙧𝙞𝙣𝙜: 𝙁𝙞𝙣𝙖𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧 (𝙐𝙧𝙜𝙚𝙣𝙩)

We’re urgently looking for responsible and detail-oriented Finance Officers to join our team. Applications will be reviewed on a rolling basis, and the position may be filled before the deadline.

For more information: https://sites.google.com/view/thespace-vacancy-announcement/home

📌 Position: Finance Officer (2 posts)
📌 Reporting to: Finance Manager
📍 Location: Mae Sot, Thailand

📩 How to Apply
Please send your CV to 📧 [email protected]

𝘿𝙚𝙖𝙙𝙡𝙞𝙣𝙚: 28 𝙁𝙚𝙗𝙧𝙪𝙖𝙧𝙮 2026

✨ Women and youth applicants are encouraged to apply ✨

ต้องการให้ธุรกิจของคุณ องค์กร ขึ้นเป็นอันดับหนึ่ง องค์กรไม่แสวงหาผลกำไร ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Mae Sot
63110