The Hobby Book Store
07/07/2026
📖စပွတ်နစ်ချစ်သည်း...............................
✍️ဒီနိုဗို..................................
Murakami ရဲ့ ဝတ္ထုအများစုဟာ အမျိုးသားဇာတ်ကောင်တွေရဲ့ အမြင်၊ အမျိုးသားနဲ့ အမျိုးသမီးကြားက ဆက်ဆံရေးကိုပဲ အဓိကပုံဖော်လေ့ရှိတယ်။ ဒါပေမဲ့ ဒီဝတ္ထုမှာတော့ မိန်းကလေးအချင်းချင်းကြားက သံယောဇဉ်နဲ့ ဆွဲဆောင်မှုကို ဗဟိုပြုပြီး ရေးဖွဲ့ထားတယ်။ဒါဟာ Murakami ရဲ့ စာပေလောကမှာ အလွန်ထူးခြားတဲ့ ခွဲထွက်မှုတစ်ခုပါပဲ ။ LGBT+ Theme ကို သူ ဘယ်လောက်နက်နက်နဲနဲနဲ့ လှလှပပ ပုံဖော်နိုင်လဲဆိုတာ ပြသခဲ့တဲ့ လက်ရာပေါ့ ။
ဆူမီရီ ဟာ သူမထက် အသက်ကြီးပြီး ရင့်ကျက်တည်ငြိမ်တဲ့ မီယူကို တွေ့တဲ့အခါမှာတော့တစ်ခါမှ မကြုံဖူးတဲ့ ပြင်းပြတဲ့ အချစ်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆူမီရီက မီယူ့ကို "Sputnik Sweetheart" လို့ တင်စားခေါ်ဝေါ်ခဲ့ရာကနေ ဝတ္ထုရဲ့ နာမည် ဖြစ်လာတာပါ။ မီယူ က ဆူမီရီ ကို သူမရဲ့ လက်ထောက်အဖြစ် ခေါ်ယူပြီး ဂရိကျွန်းတစ်ခုကို အလုပ်ကိစ္စနဲ့ အတူတူ ခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကျွန်းကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတော့တယ် ။
ဂရိကျွန်းကို K လိုက်သွားတဲ့အခါမှာတော့ မီယူရဲ့ အတိတ်က ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုနဲ့ ဆူမီရီ ဘယ်လိုဆက်စပ်နေလဲဆိုတာကို စတင် သိရှိလာရပါတယ်။ စာအုပ်ထဲမှာ သုံးသွားတဲ့ မေတ္တာတရားနဲ့ အထီးကျန်မှုအပေါ် တင်စားချက်ဟာ အင်မတန် အားကောင်းပါတယ်။
"ငါတို့ဟာ အာကာသထဲမှာ တစ်ယောက်တည်း ပျံသန်းနေကြတဲ့ သတ္တုတုံးလေးတွေပေါ့။ ဘယ်လောက်ပဲ လှပတဲ့ လမ်းကြောင်းမှာ တူတူသွားနေပါစေ၊ တကယ်တမ်းကျတော့ သီးခြားစီ အထီးကျန်နေကြတာ..." Haruki Murakami ရဲ့ Sputnik Sweetheart ဟာ အချစ်၊ အလွမ်းနဲ့ လူသားတွေရဲ့ အထီးကျန်ဆန်မှုကို အဓိကထား ရေးဖွဲ့ထားတဲ့ လှပဆန်းကြယ်တဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ ။
------------------------------------
❣️စာအုပ်လေးတွေဟာလှပတဲ့ကမ္ဘာသစ်လေးကိုငေးမောကြည့်နိုင်မဲ့ပြတင်းတံခါးလေးတွေပါ ကျန်းမာရေးဂရုစိုက်ပါ🤍
နှလုံးသားပိုနုဖို့ စာဖတ်ပါ 💟
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်သလို
🍀စာကြည့်တိုက်ကဒ်လုပ်ပြီး စာအုပ်ငှားဖတ်ချင်တာပဲဖြစ်ဖြစ် ကျွန်တော်တိုဆီလာခဲ့ပါ။
🏚
ဗီးနပ်ကုန်တိုက်ရှေ့၊ဗလီလမ်းမကြီး၊မဲဆောက်မြို။
Google map မှာလဲ The Hobby Book Store လိုရိုက်ရှာပြီး လာခဲ့လိုရပါတယ်။
☎️ : 0991193360
#မဲဆောက်
#ဘန်ကောက်
#စာအုပ်
#စာပေ
#သတ
#ရသ
#စာအုပ်ဆိုင
#စာကြည့်တိုက်
#မြန်မာစာအုပ်
#ကဗျာ
#ကာတွန်း
#စပွတ်နစ်ချစ်သည်း
#ဒီနိုဗို
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
27/29
Mae Sot
63110
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |
| อาทิตย์ | 09:00 - 17:00 |