Black Roster Burma\

Black Roster Burma\

แชร์

04/09/2025

👉ပြန်စိမ်း( ကြက်စိမ်းတစ်ကောင်၏)ကြက်ကျွတ်ခြင်းအကြောင်းတရားများနှင့် ကြက်မြည်တွန်သံများ👈

အချို့ချို့သောကြက်တွေဟာလူလောက်သိပြီးအချို့ချို့သောကြက်တွေဟာ တိရိစ္ဆာန်စိတ်ပဲရှိတယ်ဆိုတာ ညီအကိုများလက်ခံနိုင်ပါ့မလား
လူနီးပါးသိတဲ့ကြက်တွေအချို့ဟာ တိုက်ဝိုင်းအတွင်းမှာနာရင် စောင်တိမ်းတိမ်းတတ်တာ(အလိမ္မာတိမ်းတိမ်းတတ်တာ)သတိထားမိမှာပါ အဲ့ဒီအချိန်မှာလူကအသိတရားမရှိလို့မကောက်ရင်ကြက်စိမ်းသွားပြီးဦးလည်တတ်ပါတယ် အဲ့ဒါကိုအလိမ္မာတိမ်းတိမ်းတယ်လို့ခေါ်ပါတယ်
အချို့ကြက်တွေဟာ ဟန်မဆောင်တတ်ပေမယ့်အကြောင်းအမျိုးမျိုးလဲရှိတတ်ပြန်ပါတယ် ငယ်မွှေးကြောက်ရှိခြင်း ကြက်နိူင်များခြင်း လူခြောက်လှန့်ထားခြင်း အကြောင်းအမျိုးမျိုးပါပဲ
သူတို့တကယ်ကြောက်ပြီဆိုစူးရှစွာအော်ဟစ်တတ်ပါတယ်
ကြက်တွေမှာအသံကိုနားထောင်ရင်ပဲ ဘာဖြစ်တာလဲလို့အများဆုံးသိရှိနိူင်ပါတယ်
စူးရှစွာအော်ခြင်း
တကွတ်ကွတ်မြည်ခြင်း
ဆက်တိုက်တကောက်ကော်အော်မြည်ခြင်း
လည်ပင်းထောင်၍စူးရှစွာအော်ခြင်း
လည်ပင်းထောင်၍ တကွတ်ကွတ်အော်မြည်ခြင်း
စူးစမ်းစွာကြည့်၍အော်မြည်ခြင်း
ကြက်ဖတစ်ကောင်ဟာတကော်ကော်ဆွေးမြွေ့စွာအော်မြည်ခြင်း
ကြက်မမြုံကျင်းအဆင်းတွင်အော်မြည်ခြင်း
မြုံကျင်းရှာရာအတက်တွင်အော်မြည်ခြင်း
အစာကောက်ရာတွင်ကြက်ဖမှမြူဆွယ်ခေါ်ယူသံ
ကြက်မမှအစာရှာစားရာတွင်အစာတွေ့ရှိသံ
ကြက်မှကြက်ကလေးများကိုအစာခေါ်ယူကျွေးမွေးသံ
အစာအတွက်လုယက်သံ
ကြက်ဖမှကြက်မလိုက်သံ
ကြက်မမှချစ်တင်းနှောနေကြကြက်ဖမဟုတ်ပဲ အခြားကြက်ဖမှမိတ်လိုက်သည့်အခါအော်ဟစ်ပျံလွှားသံ
ကြက်ဖတစ်ကောင်၏ မာန်ရှိသည့်အသံ
ကြောက်ရွံသံ
အချက်ပေးသံ(ငှက်သို့တည်းမဟုတ်အန္တရာယ်ပြုနိုင်သည့်သတ္တဝါအပေါ်မှပြန်သန်းသည့်အခါတွင်
ဘေးပါတ်ဝန့်းကျင်ရှိကြက်ငယ်များနှင့်အခြားအမျိုးတူသတ္တဝါများနားလည်စေနိုင်သည့်ဝမ်းခေါင်းခြစ်သံမျိုးဖြင့်
ကြက်ဖ/ကြက်မကြီးတို့က စူးရှစွာအော်ဟစ်တတ်သည်)
ညဦး ယံ သန်းခေါင်ယံ လင်းအာရုံတွန်သံတွေဟာ
ကြက်ဖတစ်ကောင်ရဲ့နယ်မြေပိုင်နက်ကိုအခြားကြက်ဖများသိရှိစေရန်ကြေငြာခြင်း
ငါရှိတယ်ဒီနယ်မြေမှာမင်းတို့မလာနဲ့လို့ကြွေးကြော်သံတွေသါဖြစ်တယ်
ကြက်ဖတစ်ကောင်ရဲ့တွန်ကြူးသံဟာ သူ့ရဲ့အားနဲ့မာနကိုပြသတာဖြစ်တယ်
အချိန်နဲ့တွန်ကြူးသံအကြောင်းဆက်လက်ရှင်းပြပေးပါမည်
ကြက်တွေစိမ်းသွားခြင်းမှာနှစ်မျိုးပဲရှိတယ်
လူနဲ့တအားရင်းနှီးပြီး လူလောက်သိတဲ့ကြက်ဟာ ချုပ်နှောင်ခံရမူ့ကိုမကြိုက်ဘူး လှောင်ထားတာတွေအခြားကြက်ဖတွေကြားမှာသခင်ရဲ့ဦးစားပေးမခံရမူ့ကိုမကြိုက်ဘူး
တိုက်ပြီးသားကြက်တွေကိုတောစိတ်ဝင်အောင်ပစ်ထားပြီးမှပြန်လည်ဖမ်းစည်းတဲ့အခါခြောက်လှန့်ကြောက်ရွံမူ့တွေကြောင့်အရိုင်းစိတ်ဝင်ပြီး ပြန်စိမ်းဖြစ်ခါကြောက်တတ်ခြင်း
တောနေသတ္တဝါလိုဖြစ်ပြီးမှ ပြန်လည်ရှင်သန်လူနဲ့ရင်းနှီးမူ့ကိုမကျွမ်းဝင်အချိန်ထိ မခွတ်ခြင်းမျိုးတွေကြုံတွေ့ရတတ်ပါတယ်
ကြိုးစိမ်းခြင်း
ခြင်းစိမ်းခြင်း
ခြံကြောက်ခြင်း
လူကြောက်ခြင်း
သခင်အသစ်ကိုလက်မခံနိူင်သေးခြင်းစတာတွေဟာ
ကြက်တစ်ကောင်ရဲ့မူလဗီဇတောစိတ်ကြောင့်ဖြစ်တတ်ခြင်းနဲ့ အသိစိတ်ကောင်းမွန်မူ့ကြောင့်လဲဖြစ်တတ်တယ်ဆိုလက်ခံနိူင်ပါ့မလားပဲ
အချို့ချို့သောကြက်တွေဟာနေထိုင်ရာ ပါတ်ဝန်းကျင်ပြောင်းလဲမူ့ကိုအနည်မထိုင်ခင်ထိခွတ်စိတ်မဝင်တတ်ဘူးဆိုတာကိုသိရှိနားလည်ပေးနိူင်ရမယ်
ကျွန်တော့်ဝယ်ကြက်တစ်ကောင်ဟာ ကြက်ရိုးကြက်သက်ကောင်း ပြီး ကျွန်တော့်လက်ထဲမှာ6လကျော်7လကြာမှ ခွတ်တယ်ဆိုယုံနိူင်ပါ့မလားဒါဟာကြက်တွေရဲ့စိတ်နေသဘောထားခန့်မှန်းတွက်ဆနိူင်မူ့နဲ့ စိတ်ရှည်စွာစောင့်စားနိူင်မူ့ပဲဖြစ်တယ်
ဒါဟါအရိုးမာသောကြက်နူ ကြက်ရင့်နဲ့မဆိုင်ပဲ မျိုးရိုးဗီဇနဲ့ ကြက်တစ်ကောင်ရဲ့သဘာဝအနေအထားကိုခန့်မှန်းနိူင်မူ့ပဲဖြစ်တယ်
အရာအားလုံးကိုပုံသေတွက်ချက်ထားတဲ့ ကြက်လောင်းကစားလုပ်သူတွေနဲ့ကျွန်တော့်ရဲ့ကွာဟချက်တွေပဲဖြစ်တယ်
ငယ်စဉ်ကဝိုင်းမှာရှုံးကြက်တွေကို တမွှေးထိုးထိမွေးပြီးဝိုင်းထဲမှာအသေခွတ်အောင်မွေးပြီးတိုက်နိူင်သူအဖြစ် ကျွန်တော့်နယ်မှာတော့ သတိထားအလေးထားကြရအောင်စွမ်းဆောင်ပြနိူင်ခဲ့တယ်
ဒါတွေဟာ ကြက်တွေကိုစိတ်ဝင်စားမူ့နဲ့သဘာဝအခြေအနေအချိန်အခါနားလည်မူ့ကြောင့်လိုဆိုခဲ့ရင်ညီအကိုများလက်ခံနိူင်ကြပါ့မလားပဲ
လူတွေရဲ့မတူညီသေါတုန့်ပြန်ချက်တွေကိုစိတ်ဝင်စားမှာမဟုတ်ပဲကျွန်တော်ချစ်ခင်ယုံကြည်ရာ ကြက်ကလေးတွေကိုစိတ်ဝင်စားစွာဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်
အဲ့ဒါကြောင့် ကြက်ကိုတိုက်ဖို့ပြင်ဆင်နေတဲ့ညီအကိုတွေဟာ ကြက်ရဲ့သဘာဝနဲ့သူ့တို့ရဲ့စိတ်တွေကိုခန့်မှန်းမှန်းဆတတ်ဖို့လိုအပ်သလို မျိုးရိုး ဗီဇ နဲ့မျိုးစိတ်တွေကိုလည်းနားလည်ရမယ်
အသစ်အသစ်သောမျိုးစိတ်တွေထွက်ပေါ်နေမူ့ဟာ ဗီဇပြောင်းလဲခြင်းတရားဖြစ်တယ်ဆိုတာကိုနားလည်လက်ခံနိူင်ရပါမယ်
ဒါမှသာနိူင်ငံတကာရဲ့ကြက်မျိုးစိတ်အသစ်တွေ မြန်မာ့ကြက်မျိုးရိုးဗီဇပြောင်းလဲမူ့သဘောတရားတွေကိုနားလည်လက်ခံနိူင်လာပြီး နိူင်ငံတကာမှာမြန်မာ့ကြက်မျိုးစိတ်တွေနေရာယူ စျေးကွက်ဝင်လာမှာဖြစ်တယ်
ကြက်တွေဟာငယ်စဉ်ကတည်းကပုံစံခွက်နဲ့နေလာသူ ယိုးဒယားနဲ့အခြားကြက်မျိုးစိတ်တွေဟာ လူနဲ့ရင်းနှီးလွယ်ပြီး အကိုင်အကျွေးအမွေးမှာအလွယ်တကူရင်နှီးကျွမ်းဝင်လေ့ရှိတတ်ပြီး မြန်မာ့ရေမြေသဘာဝပါတ်ဝန်းကျင်အတိုင်းမွေးမြူသောအချို့သောကြက်မျိုးစိတ်တွေဟာ အနည်ထိုင်ခွတ်စိတ်ဝင်ဖို့အတွက်တစ်ခါတစ်ရံကြန့်ကြာလေ့ရှိတတ်တာကိုသတိထားမိကြရင်သိနိူင်ပါတယ်
စိတ်မရှည်သူလက်ထဲရောက်သွားတဲ့ကြက်တစ်ကောင်ရဲ့အဆုံးသတ်ဟာ ကံမကောင်းခြင်းတွေနဲ့အဆုံးသတ်ရလေ့ရှိတတ်ပါတယ်
ဒါဟာ ကြက်တွေရဲ့ဗီဇသဘာဝအနေအထားတွေကိုနားမလည်နိူင်မူ့တွေကြောင့်ပဲဖြစ်ပါတယ်
ဒါတွေကိုသိရှိဖို့ရာအတွက် လေ့လာလိုအပ်မူ့(အချိန်နဲ့ငွေ)ကြက်တွေအပေါ်စိတ်ဝင်စားရင်းနှီးချစ်ခင်မူ့တွေလည်းလိုအပ်ပါတယ်
ချစ်ညီအကိုများအားလုံး ကြက်ဖကြက်မလေးတွေရဲ့စကားမပြောနိုင်မူ့တွေအပေါ်မှာ နားလည်လက်ခံပြီး
ကြက်ချစ်သူညီအကိုများအဖြစ် ရပ်တည်မွေးမြူနိူင်ကြပါစေကြောင်း
စေတနာဖြင့်

29/08/2025

🛑ကြက်ဟိုက်ခြင်းရဲ့ အကျိုးအပစ်🛑
ကြက်ဟိုက်တယ်ဆိုတာဘာလဲလို့ သိချင်ကြလိမ့်မယ်။
လူလိုဆိုရင်အားနဲပြီး မောဟိုက်ဟာနေတာမျိုးပါ။
ကျွန်တော့်အတွေ့အကြုံအရ ကြက်ဟိုက်ခြင်းကနေ
ရလာတဲ့အကျိုးအပစ်တွေကိုပြောပြပေးသွားမှာပါ။
ကြက်တွေ အားနဲလာတဲ့အခါမျိုးမှာ အသားအားမမျှတမူတွေဖြစ်ပြီး ကြက် ဟာလာပါတယ်။
အဲ့လိုကြက်ကို နေပူမှာ မနက်စာမကျွေးပဲ ဝိုင်းချတိုက်မိတာမျိုး ခွပ်လတ်ချမိတဲ့အခါမျိုးမှာ ပုံမှန်ခြေထုတ်မခွပ်နိူင်တဲ့အပြင် ကြာလာရင် အမောပိုလာပြီး ကြက်ဟိုက်ခါ ဝပ်လဲတာမျိုး ကြက်ခွပ်ပျော့တာ နေရာမတိကျတာ နူတ်မမြဲတာ
နူတ်မခွပ်ချင်တော့တာ ဒူးတွေ တဆတ်ဆတ်တုန်လာတာမျိုး နူတ်ငမ်းတာမျိုး ခေါင်းထိုးခံတာမျိုး အတောင်ကြားခေါင်းဝင် အိပ်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
ဒါပေမဲ့ အဲ့လို ဟိုက်တဲ့ကြက်တွေ နောက်ရက်မှချကြည့်ရင်
ကိုယ်မြင်ထားတာနဲ့ မတူအောင်ခနတာတော့ ခွပ်ပြတတ်ပြန်တယ်။
ဘာကြောင့်လဲ=?
အရင်ရက်က အသက်ရှုဖို့မမှန်တာကြောင့် မောဟိုက်ပြီးမခွပ်ပေမဲ့ နောက်ရက်မှာ အမောထုတ်ပြီးသားမျိုးဖြစ်ပြီး ခြေထုတ်ခွပ်တတ်တာပါ။
ကြက်ဟိုက်ခြင်းမျိုးမဖြစ်အောင် နေအရမ်းပူနေရင်အတောင် ရင်စိုင် ဒူး မျက်နာတွေကို ရေမွှားပြီးမှတိုက်တာမျိုး ခွပ်လတ်ချတာမျိုးလုပ်ပေးသင့်ပါတယ်။
နောက် တိုက်မဲ့ကြက်ကို အစာသိုလှောင်တဲ့ ဇလုပ်ထဲကို မလျော့မတင်း ဆန်အနည်းငယ်နဲ့ အစာပျော့ပျော့ကျွေးထားသင့်တယ်။
အဲ့လိုကျွေးထားတာကြောင့် ကြက်အမောမလုံခြင်း ကြက်ဟိုက်ခြင်းတွေကို နဲပါးစေပါတယ်။
တိုက်ဝိုင်းမသွားခင်အရင်ရက်ညမှာ အားဆေးကျွေး မနက်အစာကျွေးပေးထားခဲ့ရင် ကြက်ဟိုက်ခြင်းမဖြစ်ပဲ အမောလုံပြီးခြေ ထုတ်ခွပ်နိူင်ပါလိမ့်မယ်။
ကြက်ပေါက်တွေ သက်လုံကွဲအောင် ခွပ်လတ်ချခြင်းကလည်း ကြက်တွေတကယ့်ဝိုင်းမှာ ခြေထုတ်မခွပ်နိုင်ပဲ ကြက်ကောင်းတွေ ပျက်ဆီးတတ်ပါတယ်။
ကြက်ဟိုက်ခြင်းကြောင့်အဓိက အဖြစ်အများဆုံးပြဿနာက အမောဖောက်ခြင်း၊ ပုံမှန်ခြေစွမ်းမရှိခြင်း၊နူတ်မမြဲခြင်း၊
ဒူးတွေတုန်လာခြင်းတွေ အဖြစ်အများဆုံးမို့ တိုက်ဝိုင်းသွားခါနီး မနက်မှာ အစာအမာအနည်းငယ်လေးနဲ့ အစာပျော့ ပျော့ကို ကျွေးပေးခြင်း၊ အရင်ရက် ကြိုတင် အမောထုတ်ခြင်းတွေက ကြက်ဟိုက်ခြင်းပြဿနာကို ဖြေရှင်းပေးနိူင်ပါတယ်။
စေတနာဖြင့်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการอาหารและเครื่องดื่ม ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Mae Sot