OEDC - Olive Educational Development Center

OEDC - Olive Educational Development Center

แชร์

05/12/2025

"ဆာဝါဒီခ" - ထိုင်းရဲများနှင့် စစ်ဆေးရေးဂိတ်တွင် လေးစားစွာ ပြောဆိုဆက်ဆံနည်း

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ဒါမှမဟုတ် ခရီးသွားရင်း ရဲ (Police) တွေ၊ ယာဉ်ထိန်းရဲတွေ ဒါမှမဟုတ် စစ်ဆေးရေးဂိတ် (Check Point) တွေနဲ့ ရင်ဆိုင်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး! ယဉ်ကျေးပြီး လေးစားမှုရှိတဲ့ စကားပြောဆိုမှုအတွက် သိထားသင့်တာတွေကို အချိန်နည်းနည်းအတွင်း သင်ယူလိုက်ရအောင်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

28/11/2025

"ဆာဝါဒီခ" - ထိုင်းဆေးရုံ၊ ဆေးခန်းသွားရာတွင် သိထားသင့်သည့် စကားများ

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) နိုင်ငံခြားမှာ နေထိုင်တဲ့အခါ ကျန်းမာရေးကိစ္စတွေက အရေးကြီးဆုံးပါပဲ။ ထိုင်းမှာ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ ကိုယ်ခံစားရတာကို ထိုင်းလို ဘယ်လိုပြောပြမလဲ၊ ဆေးဝယ်တဲ့အခါ ဘယ်လိုမေးမလဲဆိုတာကို အတူလေ့လာကြရအောင်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

02/11/2025

📢 OEDC မှ သင်တန်းသား ခေါ်ယူခြင်း
📢 အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံရိုက်ကူး တင်ဆက်ခြင်း (၂ လ အချိန်ပြည့် သင်တန်း)

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသော လူငယ်များနှင့် တိုင်းရင်းသားဒေသမှ လူငယ်များအတွက် သတင်းများ တင်ဆက်ရေးသားနိုင်ရန်၊ သတင်းရုပ်သံများ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး Olive Educational Development Center (OEDC) အနေဖြင့် အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံ ရိုက်ကူးထုတ်လုပ်တင်ဆက်သည့် ပညာရပ်ကို သင်ကြားပေးမည့် သင်တန်းအစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ 🎙️📹

မှတ်ချက် - ယခုသင်တန်းသည် ၂၀၂၆ ခုနှစ်အတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေသော သတင်းစာပညာဒီပလိုမာသင်တန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည်ဖြစ်ပါသည်။
သတင်းစာပညာရပ်အား စုံလင်စွာလေ့လာလိုသူများအနေဖြင့် တစ်နှစ်တာအတွင်း ယခုသင်တန်းအပါအဝင် သတင်းစာပညာနှင့်သက်ဆိုင်သော ဘာသာရပ် ၈ခုအား တက်ရောက်ပြီးဆုံးပါက ဒီပလိုမာလက်မှတ်ပေးနိုင်ရန် OEDC အနေဖြင့် ပြင်ဆင်လျက်ရှိသည်။

📚 ယခုသင်တန်းတွင် ဘာတွေ သင်ယူရရှိမလဲ?

အောက်ပါ အဓိကကဏ္ဍများကို စာတွေ့၊ လက်တွေ့ (Hands-on) သင်ယူရရှိပြီး၊ လက်တွေ့ထုတ်လုပ်ခြင်းများ အဓိက ပါဝင်မည် ဖြစ်သည်-

📝 Basic Journalism

💻 Online News Packaging

📸 Photo Journalism

✍️ Script Writing

🎤 Camera, Lighting and Sound

🎬 Visual Storytelling

🧑‍💻 Stand Reporting

🗓️ သင်တန်းကာလနှင့် အချိန်

သင်တန်းကာလ: ၂ လ (အချိန်ပြည့်)

သင်တန်းစတင်မည့်ရက်: နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၅

အချိန်: တစ်ပတ်လျှင် ၅ ရက် (တနင်္လာ - သောကြာ)

ပုံစံ: လူတွေ့ (In-person) သင်ကြားမည်။

🎯 ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ။

ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။

သင်တန်းကာလ (၂) လကို ပျက်ရက်မရှိ (အချိန်ပြည့်) တက်ရောက်နိုင်သူ။

သင်ခန်းစာ Assignment များကို လိုက်ပါ လုပ်ဆောင်နိုင်သူ။

အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီး၊ ပူးပေါင်းလုပ်ဆောင် သင်ယူနိုင်သူ။

🚺 အမျိုးသမီးများအား အထူးဦးစားပေး လျှောက်ထားနိုင်ပါသည်။

👉 အထူးမှတ်ချက်: လျှောက်ထားသူများထဲမှ (၁၂) ဦးကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယခုတစ်ခေါက် ရွေးချယ်မခံရသူများအား နောက်ဖွင့်လှစ်မည့် သင်တန်းများတွင် ဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားပေးသွားမည် ဖြစ်သည်။

💰 သင်တန်းကြေးနှင့် ပညာသင်ဆု

သင်တန်းကြေး: ဘတ် ၅,၀၀၀ (နှစ်လစာအတွက်)

ပညာသင်ဆု (Scholarship): အမှန်တကယ် ပညာသင်ယူလိုစိတ် ပြင်းပြပြီး၊ ငွေကြေးအခက်အခဲရှိသူဖြစ်ကြောင်း ခိုင်လုံပါက ပညာသင်ဆု (Full/Partial) လျှောက်ထားနိုင်ပါသည်။

ကိုယ်တိုင်ကျခံရမည့် စရိတ်များ: သင်တန်းသို့ သွား/ပြန်စရိတ်နှင့် သင်တန်းကာလအတွင်း နေ့လည်စာ/စားသောက်စရိတ်များကို သင်တန်းသား/သူ ကိုယ်တိုင် ကျခံရမည် ဖြစ်သည်။

📬 မေးမြန်းစုံစမ်းရန် သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OEDC သင်တန်းကျောင်း Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

‼️ လျှောက်လွှာ ပိတ်ရက်: နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၅ (ညနေ ၅ နာရီ)

➡️ သင်တန်းလျှောက်ထားရန် လင့်ခ်

https://forms.gle/Kz3TC7t8bcPjsCv68

Basic Journalism and Video Journalism Internship

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Unnamed Road, 133/24 สองแคว2หลังเทสโกโลตัส Mae Sot District, Tak
Mae Sot
63110