December Group
သက်ကြီးဗီဇာ(Retirement visa)
မနက်ဘဏ်ကဒ်ဖွင့်
နေ့လည်ဗီဇာထည့်
နေ့ချင်းပီးဆောင်ရွက်ပေးပါသည်
ဘတ်အသစ်သမားများသူဌေးပြောင်းလျှင်လုံးဝဘိုင်ကျန့်အော်မလိုပါ
08/05/2025
ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းအလုပ်သမားများအား
အလုပ်ခေါ်ကာ လိမ်လည်လှည့်ဖြား၍ စမက်ကြေး
(သို့) အခကြေးငွေများယူပြီး အလုပ်မပေးခြင်းသည်
"ထိုင်းဥပဒေအရ" ပြစ်မှုတစ်ရပ်ဖြစ်ပြီး အောက်ပါ
ဥပဒေပုဒ်မများနှင့်အညီ တိုင်ကြားနိုင်ကြောင်း
မြန်မာအလုပ်သမားရေး ကူညီပေးနေသူထံက
သိရသည်။
1️⃣၁။ ပြစ်မှုဆိုင်ရာ ဥပဒေ ရာဇသတ်ကြီး၊
(ပုဒ်မ ၃၄၁)"အရအလုပ်အကိုင်လှည့်ဖြားမှု
(Cheating and Fraud) - လူတစ်ဦးအား
လှည့်ဖြား၍ ငွေကြေးသို့မဟုတ် အကျိုးအမြတ်
ရယူပါက ထောင်ဒဏ်( ၃ )နှစ်အထိ (သို့) ငွေဒဏ်
ချမှတ်ခံရနိုင်သည်။ - အကယ်၍ လိမ်လည်မှုကို
စနစ်တကျပြုလုပ်ပါက (ပုဒ်မ ၃၄၂) အရ ပြစ်ဒဏ်
ပိုမိုချမှတ်နိုင်ကြောင်း သိရသည်။
2️⃣ ၂။ အလုပ်သမားဥပဒေ (Labour Protection
Act) - "အလုပ်ခန့်ထားမှုဆိုင်ရာ လှည့်ဖြားခြင်း"
အလုပ်ရှင်သည် အလုပ်သမားအား အာမခံချက်များ
ဖြင့် လှည့်ဖြား ပါက ထောင်ဒဏ် ၆ လမှ ၁ နှစ်အထိ
(သို့) "ငွေဒဏ်" ကျခံရနိုင်သည်။
3️⃣ ၃။ "လူဝင်မှုကြီးကြပ်ရေးဥပဒေ
(Immigration Act)အရ-ရွေ့ပြောင်းအလုပ်သမား
များအား ဥပဒေမဲ့ အမြတ်ထုတ်ခြင်း အလုပ်အကိုင်
အတုဖြင့် ရွေ့ပြောင်းအလုပ်သမားများအား ငွေညှစ်
ယူပါက "ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိ" ချမှတ်ခံ
ရနိုင်ပြီး "ငွေဒဏ်လည်း" ထပ်မံကျခံရနိုင်ကြောင်း
သိရသည်။
ရွေ့ပြောင်းအလုပ်သမားတွေအနေဖြင့်
အထက်ပါဖော်ပြခဲ့သည့်အတိုင်း အလုပ်ရှာဖွေစဉ်
လိမ်လည်ခံရပါက (သက်ဆိုင်ရာ တိုင်ကြားရမည့်
နေရာများ)ကို ဖော်ပြပေးလိုက်ပါတယ် ။
🔻သက်ဆိုင်ရာ တိုင်ကြားရမည့်နေရာဌာနများ🔺
------------------------------------------------------
🔸- ထိုင်းရဲစခန်း (Royal Thai Police) – ပြစ်မှု
ဆိုင်ရာ တိုင်ကြားနိုင်သည်။
🔸- အလုပ်သမားရေးရာဌာန (Department of
Labour Protection and Welfare)–အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအတွက် တိုင်ကြားနိုင်သည်။
🔸- ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးအဖွဲ့
များကတစ်ဆင့်
– ရွေ့ပြောင်းအလုပ်သမားများအတွက်
အခမဲ့ဥပဒေအကူအညီရနိုင်သည်။
🔻 အရေးယူမှုအတွက် အထောက်အထား
အချက်အလက်များ🔺
----------------------------------------------------------------------
- ငွေပေးချေမှုအား သက်သေပြနိုင်သော
ငွေလွှဲချက်စလစ်များ ၊ စာချုပ်များ၊ SMS/Message
များ အသံဖိုင် Video မှတ်တမ်းများ ၊
မျက်မြင်- သက်သေများ၏ ထွက်ဆိုချက်များ
စသည်တို့ဖြင့် သက်သေအချက်လက်များဖြင့်
တိုင်ကြားနိုင်ပါတယ်။
ဤသို့လိမ်လည်မှုများသည် ထိုင်းနိုင်ငံတွင်
ပြင်းထန်စွာအရေးယူခံရပြီး နစ်နာသူများအနေဖြင့်
ဥပဒေအကူအညီကို အပြည့်အဝရယူနိုင်ကြောင်း
သိရှိရသောကြောင့် ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ သိ့ရှိထားနိင်ရန် ဖော်ပြ
ပေးလိုက်ခြင်းဖြစ်သည်။
Crd Zaw Oo
#ထိုင်းနိုင်ငံ #အလုပ်သမားအခွင့်အရေး
VIP လူသစ်ဘတ်
လုံးဝ လုပ်မရသေးပါ ။
ကြိုတင်ငွေပေးမိခြင်း ၊ စာရွက်စာတမ်းအတုဖြစ်နေခြင်းပြသနာများ ဖြစ်နိုင်
ထိုင်း🇹🇭နိုင်ငံတွင်အလုပ်ရှာရန်အဆင်ပြေသောwebsitesများ
1.JobsDB Thailand
2.Indeed Thailand
3.LinkedIn
4.Glassdoor
5.Ajarn.Com
6.Thaivisa jobs
7.What Jobs
💵💸💰
07/05/2025
လူဟောင်းတွေအတွက်သတင်းကောင်းပါ☺️
15ရက်နေ့ပန်းရောင်ကဒ်
ရိုက်မည်
နေရာ🚘ချွန်ဘူရီ
ကားအကြိုအပို့အခမဲ့ပါ
လူဟောင်းတွေတွက်သတင်းကောင်းပါ
မကြာခင်သူဌေးပြောင်းခွင့်ရတော့မည်☺️
အခုဘတ်ရိုက် ခဏခဏ သတိပေးနေရတာက အချိန်က
နည်းလွန်တာကြောင့် တခုခုအမှားဖြစ်တယ်ဆို ထွက်ပေါက်က
မရှိတာဖြစ်လို့ ငွေကုန်တဲ့အပြင်အထောက်ထားမဲ့အဖြစ်နဲ့ပဲ
ဆက်နေရရင်မလွယ်တာကြောင့် အထူးသတိထားပါ။
မနှစ်က Name အတု ထိသူတွေ၊ ဘိုင်အနုမတ်ကို အတုလုပ်
(ဓာတ်ပုံကပ်) ပြီး လုပ်ပေးလို့ အလုပ်သမားတွေအခက်ခဲဖြစ်သွား
တာ ကျနော်မှာ ဘိုင်အနုမတ်အတုစာရွက်တွေနဲ့လာတိုင်းတာ
အခုထိရှိတယ်။
အလိမ်ခံရသူတွေက အထောက်ထားမဲ့ဖြစ်နေလို့ သူတို့က
ပြန်လျော့လိုက်ရတယ်၊ အဲသလိုမဟုတ်ဘဲ ဘာဖြစ်ဖြစ်
ရင်ဆိုင်မယ်ဆို သက်သေတွေနဲ့ DSI ထိ ခေါ်သွားမို့
ရည်ရွယ်ထားတာ
လူလိမ်တွေက အလုပ်သမားတွေက အထောက်ထားမဲ့ဖြစ်လို့
ငါတို့ကို တိုင်းလို့မရဘူးဆိုပြီး လုပ်နေကြတာ။
ဒါကြောင့် အစစအရာရာ ဂရုစိုက်ကြပါ။
Crt
29/11/2024
💦မနေ့ကထိုင်းဝန်ကြီးလက်မှတ်ထိုးထုတ်ပြန်တဲ့
💦ဘုရင့်ပြန်တမ်းအရအထောက်ထားမဲ့တွေ
💦ဒီဇင်ဘာ၃၀ရက်ထိထိုင်းနိုင်ငံမာfreeနေထိုင်ခွင့်ပြုမယ်
💦မှတ်ချက်အလုပ်လုပ်ခွင့်တော့မရှိပါ
28/11/2024
်တမ်းတိုးခြင်း
ဝတ်ပါမေ့သက်တမ်းတိုးလို့ရပါပြီ 13.2.2025 မတိုင်ခင်ရအောင်တိုးပါ
လုပ်ဆောင်ချက်
1.ကျတ်ဟာငန်းရုံးအွန်လိုင်းဝဘ်ဆိုဒ်မှတစ်ဆင့် အခမဲ့နာမည်စာရင်းသွင်းပါ(စာရွက်ကျလာလိမ့်မည်)
2.ကျတ်ဟာငန်းကစာရွက်ယူပြီး ချင်းမိုင်မှာရှိတဲ့မြန်မာသံရုံးကို နင်းလစ်တင်ပါ အခွန်ဆောင်ပါ
3.သံရုံးကရလာတဲ့စာရွက်ကိုကိုင်ဆောင်ပြီး မိမိနေထိုင်သောကျတ်ဟာငန်းရုံးကိုပြန်လာ၍ ဝတ်ပါမေ့ဖိုး1900နှင့်ပကန်ကျေး1000 သွင်းရပါမည်(သွေးစစ်လက်မှတ် ဆေးရုံကတ်အထောက်ထား )
4.ငွေရှင်းပြီးငွေရှင်းဘောင်ရှာနှင့်မယ်ဆိုင်သောမောရုံးကို ဘီစာသွားတိုးပါ
5.ဘီစာတိုးပြီးတာနဲ့ကျတ်ဟာငန်းရုံးကို ဘီစာစာမျက်နှာလာတင်ပါ ဘိုင်းအနုမတ်စာရွက်ရလာပါလိမ့်မယ်
လူသစ်တွေ 16/12/2024တွင်စပြီးအမည်စရင်းတင်လို့ရပါမည်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Pattaya
Chon Buri
20150