Shwe Theint

Shwe Theint

แชร์

10/06/2024

သိပ်ကောင်းတဲ့ ဥပမာ 💁

မတန်ဘူးထင်ရင်မပြိုင်နဲ့..

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့ တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား? " ၊
ကျားငယ်ခေါင်းခါပါတယ်!
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? "
ကျားငယ်က ခေါင်းခါပြန်တယ်!
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား။
သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

အရမ်းကြိုက်တဲ့ ဥပမာလေးပါ

crd

25/05/2024

Relationship ပဲဖြစ်ဖြစ်
Friendship ပဲဖြစ်ဖြစ်

Level မတူရင် ဘယ်ဆက်ဆံရေးမှ
ကြာရှည်မခံဘူးဆိုတာ နောက်နေတာမဟုတ်ဘူးနော်

Brain Level,thinking level နဲ့
Behavior levelတို့ပေါ့

ပညာတတ်တာ မတတ်တာချည်းကိုပဲ ပြောတာမဟုတ်၊

ကိုယ်တွေးသလို သူပြန်တွေးပေးမလား၊
သူပြောလိုက်တဲ့စကား သူရော ပြန်အပြောခံနိုင်လား၊

ကိုယ်ချင်းစာစိတ်နဲ့ သည်းခံစိတ်ကရော
ဘယ်levelရှိမလဲ အဲလိုတွေပေါ့

Credit

21/05/2024

မင်္ဂလာပါရှင့် နေ့တစ်နေ့ကိုအကောင်းဆုံးပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင့်အလုပ်အကိုင်တွေလည်း
အဆင်ပြေကြပါစေရှင့် 🥰🥰🥰🥰အရမ်းချစ်စရာကောင်းသောဆရာမနဲ့

19/05/2024

မင်္ဂလာပါရှင့် အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ အပူပင်သောကတွေဝေးပြီးသာယာပျော်ရွှင်အေးချမ်းတဲ့မိသားစုစုံစုံလင်လင်ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင့်

Photos from Shwe Theint's post 12/05/2024

Droprich ရုံးခန်းရောက်နေပါတယ်ပညာလာသင်ယူနေပါတယ်ရှင့်ပျော်စရာကြီး

11/05/2024

တနှစ်အတွင်း မိမိကိုယ်ကို ဘယ်လိုပြောင်းလဲမလဲ?

လက်ရှိအလေ့အကျင့်တွေ၊ စိတ်ဓာတ်အနေအထားတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ဘယ်လိုမှ အပြောင်းအလဲတခုကို ဖန်တီးလို့မရဘူး

မလိုအပ်တာတွေကို ထားခဲ့ရမယ်၊ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲရမယ် လုပ်သင့်တာတွေကို လုပ်ရမယ်

လူတယောက်အနေနဲ့ မိမိကိုယ်ကိုပြောင်းလဲတော့မယ်ဆိုရင် ချက်ချင်းကြီးပြောင်းလဲလို့မရဘူး ပြီးရင် ဒီလိုပြောင်းလဲတဲ့အခါမှာ စိတ်ရှည်ရတယ်၊ စည်းကမ်းရှိဖို့လည်း လိုပါတယ်

ဒီနေ့မှာ တနှစ်အတွင်း လူတွေမမှတ်မိနိုင်လောက်အောင် တိုး တတ်ပြောင်းလဲသွားတဲ့လူတယောက်ဖြစ်ဖို့ လိုက်နာရမယ့် အကြောင်းအရာတွေကို TopTenကနေ ပြောပြပေးသွားမှာပါ ကြည့်ကြရအောင်

စာဖတ်ပါ

လူတယောက်ရဲ့ ဘဝအောင်မြင်မှု၊ တိုးတတ်မှုအပိုင်းမှာ စာ ဖတ်ခြင်းဟာ အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ် ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်ဖို့လိုတယ် ကိုယ့်လုပ်ငန်း ကိုယ်အသက်မွေးဝမ်းကြောင်း လုပ်ငန်း အတွက် အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်ရမယ်

စာအုပ်တအုပ်မှာ စာမျက်နှာ ၃၀၀ ပါတယ်ဆိုပါစို့။ ခုမှစဖတ် မယ့်သူအတွက် အများကြီးဘဲ

စာအုပ်တအုပ်မှာ စာမျက်နှာ ၃၀၀ ပါတယ်ဆိုပါစို့။ ခုမှစဖတ် မယ့်သူအတွက် အများကြီးဘဲ သို့သော် တနေ့ကို စာမျက်နှာ ၂၀ဘဲ ဖတ်မယ်ဆိုရင် ရက်၂ဝပြည့်တာနဲ့ စာအုပ်တအုပ် ဖတ်ပြီးပြီ

ဒါကြောင့် နေ့စဉ် စာဖတ်တဲ့အကျင့်ကို မွေးမြူပါ

အပြုသဘောဆောင်တတ်တဲ့စိတ်ဓာတ်ကို လေ့ကျင့်မွေးမြူ ပါ

လူတိုင်းမှာ အခက်အခဲဆိုတာရှိတယ်၊ ပြဿနာဆိုတာရှိတယ် အခက်အခဲတခုခုတွေ့တိုင်း စိတ်ရှုပ်တတ်တဲ့အကျင့်ကို ဖျောက်ပြီး ဟုတ်ပြီ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆို တဲ့စိတ်မွေးဖို့လိုတယ်

နောက်တချက်က Facebookတို့ YouTube တို့မှာရှိတဲ့ လူတွေ ကို စိတ်ခွန်အားပေးတဲ့ ဗီဒီယိုတွေကို ကြည့်ရှုနားဆင်သင့် တယ်

အပေါင်းအသင်းရွေးပါ

လူတယောက်ရဲ့ အောင်မြင်ခြင်း တိုးတတ်ခြင်းဟာ သူ ရွေးချယ်တဲ့ အပေါင်းအသင်းတွေပေါ်မှာ အများကြီးမူတည် တယ်

အမြဲသောက်စားနေတဲ့သူတွေနဲ့ပေါင်းရင် ခင်ဗျားလည်း တဖြည်းဖြည်း သောက်စားတတ်လာမယ် စီးပွါးရေးသမားတွေနဲ့ပေါင်းရင် ခင်ဗျားလည်း စီးပွါးရေး သမားဖြစ်လာမှာဘဲ

လူဆိုတာ တူရာစုတဲ့သဘောရှိပါတယ်။ ဒီတော့ ကိုယ်တိုင်ကလည်း အပေါင်းအသင်းကောင်းတ ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်

ပျော်ရွှင်စေမယ့် အရာတွေကိုလုပ်ပါ

ဒီလိုပြောလို့ အရက်တွေဆေးလိပ်တွေ သောက်မနေနဲ့ဦး တယောက်ထဲရှိတဲ့အချိန် ဘယ်အရာတွေက ငါ့ကိုပျော်စေ လဲဆိုတဲ့ မေးခွန်းကို မေးပါ

ခရီးတွေထွက်ချင်လား? ခရီးထွက်လိုက် ဂီတာတီးသင်တန်း တတ်ချင်လား? တတ်လိုက်

အခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ? ဘယ်လိုတွေးမ လဲ? ဆိုတာတွေကို ခေါင်းထဲက ထုတ်ထားလိုက် ကိုယ်ပျော်စေမယ့်အရာတွေကို စလုပ်ပါ

အလေ့အကျင့်ဆိုးတွေကို ဖျောက်ပါ

မိမိကိုယ်ကို ပြောင်းလဲတော့မယ်ဆိုရင် အရင်က အလေ့အကျင့်ဆိုးတွေကို ထားခဲ့ရတော့မယ် အချိန်ဆွဲတတ်တယ်ဆိုရင် လုပ်စရာပေါ်လာတဲ့အခါ ချက်ချင်း ထလုပ်လိုက်ပါ

အိပ်ရာစောစောမထဘူးဆိုရင် ညကို စောစောအိပ်ပြီး အိပ်ရာ စောစောထနိုင်အောင် လေ့ကျင့်ပါ လမ်းဘေးစာတွေ ဆီကြော်စာတွေ အမြဲစားနေတယ်ဆိုရင် အဲ့ အစား အသီးအရွက် များများပြောင်းစားပါ အားကစားလုပ်ရမှာ ပျင်းတယ်ဆိုရင် Gym မှာသွားကစား တာဖြစ်ဖြစ်၊ လမ်းလျောက်တာဖြစ်ဖြစ် စလုပ်ပါ

ကျန်းမာရေးကို ဦးစားပေးပါ

လူတယောက်ရဲ့ ကျန်းမာရေးဟာ သူစားတဲ့အစားအသောက် အပေါ်မှာ အများကြီးမူတည်ပါတယ် ဒီတော့ ဆီကြော်စာတွေ လမ်းဘေးစာတွေစားမယ့်အစား အသီးအရွက်များများစားပေးပါ

လူတယောက်ရဲ့ ကျန်းမာရေးဟာ သူစားတဲ့အစားအသောက် အပေါ်မှာ အများကြီးမူတည်ပါတယ် ဒီတော့ ဆီကြော်စာတွေ လမ်းဘေးစာတွေစားမယ့်အစား အသီးအရွက်များများစားပါ

အားကစားလုပ်ပါ

တနေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀ ပြည့်အောင် လျောက်ပါ အိပ်ရေးဝဝအိပ်ပါ

အရာရာကို ရင်ဘတ်ကြီးနဲ့ မခံစားနဲ့

ခင်ဗျားယုံကြည်ရပါတယ်ဆိုတဲ့သူတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးတာတွေ ခံရမယ် ချစ်ရသူနဲ့ စွန့်ပြစ်ခြင်းကိုလည်း ခင်ဗျား ခံရမယ်

ဘာတွေဘဲဖြစ်ဖြစ် ရင်ဘတ်ကြီးနဲ့ မခံစားပါနဲ့ ဟုတ်ပြီ သူလုပ်ရက်သေးတာဘဲ သူ့ထိုက်နဲ့သူ့ကံပေါ့ ဒီလိုတွေးပြီး မကောင်းတဲ့သူတွေကို ထဲကဲနေ ထုတ်ပစ်လိုက်ပါ ဘဝ

Skill အသစ်အသစ်တွေကို အမြဲသင်ယူပါ

ခင်ဗျားမှာ မရှိသေးတဲ့ ဈေးကွက်မှာ လိုအပ်နေတဲ့ Skill တွေ ကို သင်ယူပါ

Video editing ပညာရပ်တွေ မတတ်သေးဘူးလား? သင်ယူ လိုက်ပါ

ပြီးရင် လုပ်ငန်းခွင်မှာ ပြန်အသုံးချ

ဒါဟာ ခင်ဗျားဘဝ ခင်ဗျားဝင်ငွေကို တိုးတတ်စေမယ့် အကောင်းဆုံးနည်းဘဲ

တရားထိုင်ပါ

တနေ့ကို အနည်းဆုံး ၅မိနစ် တရားထိုင်ပါ

တရားထိုင်းခြင်းအားဖြင့် စိတ်ဖိအားတွေ လျော့လာမယ် စိတ်ကျရောဂါကို ကာကွယ်ပြီးသားဖြစ်မယ် အာရုံစူးစိုက်မှု ပိုကောင်းလာမယ် စိတ်ခံစားချက်တွေ ပိုတည်ငြိမ်လာမယ် မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်နိုင်လာမယ်

Crd

423

11/05/2024

ကျ ရူံး ပြီး တဲ့ အ ခါ တိုင်း အ ကောင်း ဆုံး
ပြန် ပြီး ရပ် တည် နိုင် ရ မယ် .. .
စိတ် ဓာတ် ကျ ပြီး တဲ့ အ ခါ တိုင်း ပို ပြီး
သန် မာ တတ် ရ မယ် .. .

တစ် ခါ လဲ ကျ တိုင်း တစ် ခါ
သင် ခန်း စာ ယူ တတ် ရ မယ် . . .
ကိုယ့် ရဲ့ ဘ ၀ အ စ ကို
ဘယ် သော အ ခါ မှ မ မေ့ နဲ့ ... . !

ကိုယ့် ရဲ့ တန် ဖိုး ကို နား မ လည် တဲ့
သူ တစ် ချို့ နဲ့ ထပ် ပြီး မ ပတ် သက်
ဖြစ် တော့ အောင် ရှောင် ပါ . . .

ကျော ခိုင်း သင့် တဲ့ အ ရာ တွေ ကို
ပြတ် ပြတ် သား သား ပဲ ကျော ခိုင်း ပစ် ပါ . . .
ပြတ် သား ရဲ တဲ့ သ တ္တိ ရှိ ရင်
အ ရာ ရာ ပြန် ရ ပါ တယ် . . .

ဆုံး ရူံး သွား တဲ့ အ ရာ တွေ အ တွက် လည်း
ပူ ဆွေး သော က ရောက် မ နေ ပါ နဲ့ ... . !

အ တိတ် တွေ ထဲ မှာ ပိတ် လှောင်
ပြီး မ နေ ထိုင် ပါ နဲ့ . . .
လက် ရှိ အ ချိန် ကို တန် ဖိုး ထား ပြီး
အ ကောင်း ဆုံး ရှင် သန် ပါ . . . '

အ ရမ်း မွန်း ကြပ် လာ တဲ့ အ ခါ မျိုး မှာ လည်း
အား ရ ပါး ရ သာ ငို ချ လိုက် ပါ . . .
ပြီး ရင် အ ပြုံး လှ လှ လေး တွေ နဲ့
အ တောက် ပ ဆုံး ပြုံး နိုင် ရ မယ် . . .

လူ တွေ ရှေ့ မှာ
မျက် ရည် ကျ နေ ခဲ့ ရင် တောင်
အ ပြုံး မ ပျက် ပါ စေ နဲ့ . . .

ကိုယ့် ဘ ၀ က ခက် ခဲ တိုင်း လော က ကြီး ကို
အ ပြစ် ထိုင် တင် မ နေ ပါ နဲ့ . . . !
အ မြင့် ဆုံး ရောက် အောင်
အ စွမ်း ကုန် ကြိုး စား ရ မယ် . . .

လွယ် လွယ် နဲ့ အ ရူံး မ ပေး ပါ နဲ့ . . .
ကြိုး စား နိုင် သ မျှ အ စွမ်း ကုန် ကြိုး စား ပါ . . .

အ ချိန် တွေ ကို တန် ဖိုး ထား ပါ
နောက် တ ခါ ပြန် မ ရ နိုင် ပါ ဘူး . . .

မိ ဘ တွေ ကို ပစ် ပယ် မ ထား ပါ နဲ့
အ တတ် နိုင် ဆုံး အ ချိန် ပေး ပါ . . .
မိ သား စု တွေ ကို ချစ် ပါ . . .
တန် ဖိုး ထား ပေး ပါ . . .

အ ခက် အ ခဲ ဖြစ် နေ တဲ့ သူ တိုင်း ကို
မျက် ကွယ် ပြု မ ထား ပါ နဲ့ ကိုယ်
တတ် နိုင် တဲ့ ဘက် က ကူ ညီ ပေး ပါ . . .
ပြို လဲ နေ တဲ့ သူ တိုင်း ကို မ ရူံ့ ချ ပါ နဲ့
ကိုယ် တတ် နိုင် တဲ့ ဘက် က ဖေး မ ပေး ပါ . . .
အား ငယ် နေ တဲ့ သူ တိုင်း ကို အ ပြစ် မ တင် ပါ နဲ့
နွေး ထွေး မှု ပေး ပြီး ကြင် နာ ယု ယ ပေး ပါ . . .

အ ကောင်း မြင် စိတ် ကို မွေး မြူ ပါ . . .

ရှင် သန် နေ တဲ့ အ ချိန် မှာ
အ ဓိ ပ္ပါယ် ရှိ ရှိ ရှင် သန် နေ ထိုင် ပါ . . .
ပျော် ရွှင် မှု ကို ဖန် တီး ယူ ပါ . . .

စိတ် ညစ် စ ရာ တွေ ကို မေ့ ထား ပြီး
နေ့ ရက် တိုင်း ကို အ ကောင်း ဆုံး ရှင် သန် ပါ . . .
နေ တတ် ရင် အ ရာ ရာ က အေး ချမ်း ပါ တယ် . . . ❤️

Cred



#အချိန်ပိုင်းစီပွားရေးအခွင်လမ်း

08/05/2024

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့
စိတ်ဓာတ် မွေးဖို့လိုတယ်။

လောကမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။

လူအများစုက လိုက်လုပ်နိုင်ကြမှာ မဟုတ်တဲ့အတွက်၊ နေ့စဉ် စိတ်ပါပါ၊ မပါပါ တိုးတက်နိုင်တာက ကိုယ့်ရဲ့ Superpower ဖြစ်လာလိမ့်မယ်။

ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူး၊ လူအထင်ကြီးလောက်အောင် လုပ်ပြစရာ မလိုဘူး။

အရေးကြီးတာ ဆင်ခြေတွေ ပေးမနေဘဲ အချိန်မှန်မှန်ပေါ်လာဖို့

ပင်ပန်းနေရင်တောင်၊ စိတ်ပျက်နေရင်တောင်၊ ဘယ်သူ့မှ ကိုယ့်ကို မချီးကျူးရင်တောင်၊ လောကကြီးကို နာကျည်းနေရင်တောင်

နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက် အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။

ခိုင်မာတဲ့ အုတ်မြစ်‌ချပြီးရင် အမြင့်ဆုံးရောက်ဖို့ အရမ်းလွယ်တယ်၊ တစ်ခုခုကို စတင်လိုက်ရင် ရှေ့ဆက်တိုးတက်ဖို့ အရှိန်စရလာတယ်။

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်နိုင်တဲ့အခါ
ကိုယ့်ကိုလည်း သူ့ အိပ်မက်တွေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်စေပါလိမ့်မယ်။

08/05/2024

အိုးဟိုးး မသွားရသေးဘူးရင်တွေခုန်နေပြီကွယ် ဘဝကိုတိုးတက်ပြောင်းလဲချင်ရင် ကိုယ်မလုပ်ဖူးတဲ့အလုပ်တွေ
မသွားဖူးတဲ့နေရာတွေကို စွန့်စားပြီးလုပ်ကြည့်ရတယ် ဘာမှမလုပ်ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး ဒါ့ကြောင့်စွန့်စား
ရမှာကိုမကြောက်နဲ့နော် အားလုံး ဖိုက်တင်းးးး

Photos from Shwe Theint's post 07/05/2024

တနေ့တနေ့အိမ်မှာခလေးထိန်းရင်ဝင်ငွေရတာဘာအလုပ်လဲကွယ်ပစ္စည်းတွေမရင်းနှီးရ မထုတ်ရ မပို့ရ မသိုလှောင်ရဘူးကိုယ့်မှာဖုန်းတစ်လုံးနဲ့ လေ့လာသင်ယူချင်စိတ်
ကြိုးစားချင်စိတ်ရှိရင်ရပြီ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Wiang Mueang
Chiang Rai
NO