Future Focus

Future Focus

แชร์

Photos from Future Focus's post 03/04/2026

Be nice but learn to say No!

Photos from Future Focus's post 06/02/2026

Phobias (အကြောက်ရောဂါများ) အကြောင်း သိကောင်းစရာ

လူတိုင်းမှာ ကြောက်ရွံ့စရာအရာများ ရှိတတ်ကြ‌သော်လည်း အချို့လူများအတွက် အချို့အရာများကို ကြောက်ရွံ့မှုကတော့ သာမန်အဆင့်ကို ကျော်လွန်ပြီး နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သည့်အထိ ပြင်းထန်လာနိုင်ပါတယ်။

ထိုသို့ အမှန်တကယ် အန္တရာယ်မရှိသော်လည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာအခြေအနေကို “Phobia” ဟု ခေါ်ပါတယ်။

MSD Manual အရ အမည်ပေးထားသော Phobia များသည် ၅၀၀ ကျော်ရှိပြီး အများစုက ရှားပါးကြပါတယ်။

Phobia များတွင် လူအများကြား တွေ့ရများသည့် အမျိုးအစားများကတော့
⛰️ Acrophobia (အမြင့်ကြောက်ခြင်း)၊ 🙅Claustrophobia (နေရာကျဉ်းကြပ်မှုကို ကြောက်ခြင်း)၊
🕷️ Arachnophobia (ပိုးမွှားကြောက်ခြင်း)၊
🐍Ophidiophobia (မြွေကြောက်ခြင်း) နှင့်
💉Trypanophobia (ဆေးထိုးကြောက်ခြင်း) တို့ ဖြစ်ပါတယ်။

ထို့အပြင်
✈️Aviophobia (လေယာဉ်စီးကြောက်ခြင်း)၊
⚡Astraphobia (မိုးကြိုးမိုးလင်းကြောက်ခြင်း) နှင့်
🐶Cynophobia (ခွေးကြောက်ခြင်း) တို့ကိုတော့ လူသိများပါတယ်။

🧑‍🎤လူမှုရေးပိုင်းနှင့် ဆက်နွယ်တဲ့ Social Phobia (သို့) Social Anxiety Disorderကတော့ လူအများ ရှေ့မှာ စကားပြောခြင်း (သို့) ဖျော်ဖြေတင်ဆက်ခြင်းကို အလွန်ကြောက်ရွံ့ခြင်းဖြစ်ပြီး‌

🏃Agoraphobia ကတော့ လူထူထပ်သောနေရာများ သို့မဟုတ် ထွက်ပြေးရန်ခက်ခဲသောနေရာများကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ဥပမာ
ထို့ပြင် ရှားပါးပြီး သီးသန့်သတ်မှတ်ထားသော Phobia များလည်း ရှိသည်။ ဥပမာ
🏬 စျေးဝယ်စင်တာများ
🚌 ဘတ်စ်ကား၊ ရထား စတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်များ
👥 လူထူထပ်တဲ့နေရာများ
🏠 အိမ်ပြင်ပကို တစ်ယောက်တည်း ထွက်ခြင်း

📄Papyrophobia (စက္ကူကြောက်ခြင်း)၊
❤️Philophobia (အချစ်ကို ကြောက်ခြင်း)၊
😄Geliophobia (ရယ်မောသံကို ကြောက်ခြင်း)၊
💜 Porphyrophobia (ခရမ်းရောင်ကို ကြောက်ခြင်း) နှင့်
🤵👰Gamophobia (အိမ်ထောင်ပြုခြင်းကို ကြောက်ခြင်း) စသည့် ကြောက်ရွံ့ခြင်းများလည်း ရှိပါသေးတယ်။

ဒီအရာတွေက ထူးခြားတယ်ထင်ရ‌ပေမယ့်လည်း တချို့လူများအတွက်ကတော့ တကယ့်ကို စိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေနိုင်တဲ့အရာ‌ တွေပါ။

Phobia ဖြစ်ပေါ်သည့်အခါ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်တုန်ခြင်း၊ အသက်ရှူမဝခြင်း စသည့် လက္ခဏာများ တွေ့ရနိုင်ပြီး တချို့အခြေအနေများတွင် Panic Attack လည်း ဖြစ်နိုင်ပါတယ်။

အ‌ကြောက်ရောဂါကိုဖြစ်စေတဲ့ အကြောင်းရင်းများကတော့ ကလေးဘဝမှာ အတွေ့အကြုံဆိုးများကြုံခဲ့ရခြင်း၊ စိတ်ဖိစီးမှုများခြင်း နှင့် မျိုးရိုးဆိုင်ရာအချက်အလက်များ ပါဝင်နိုင်တယ်လို့ သုတေသနများက ဖော်ပြထားကြပါတယ်။

Phobia များသည် ကုသနိုင်သော စိတ်ကျန်းမာရေးအခြေအနေများဖြစ်သည့်အလျောက် Cognitive Behavioral Therapy (CBT)၊ Exposure Therapy နှင့် လိုအပ်ပါက ဆေးဝါးကုသမှုတို့မှတဆင့် သက်သာလာနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ မိမိမှာ သို့မဟုတ် အခြားသူတစ်ဦးဦးမှာ ထိုကဲ့သို့ အလွန်ပြင်းထန်သော ကြောက်ရွံ့မှုများ ရှိနေပါက ကျွမ်းကျင်သော စိတ်ကျန်းမာရေးပညာရှင်၊ဆရာဝန်များထံ ဆက်သွယ်၍ အကူအညီ ရယူ ကုသမှုခံယူခြင်းပဲ ဖြစ်ပါတယ်။

အကျဉ်းချုပ်အားဖြင့် Phobia သည် သာမန်ကြောက်ရွံ့မှုထက် ကျော်လွန်သော စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပြီး ဘဝအရည်အသွေးကို ထိခိုက်စေနိုင်သော်လည်း နားလည်သဘောပေါက်ခြင်းနှင့် မှန်ကန်သော ကုသမှုများဖြင့် ထိန်းချုပ်နိုင်သော အခြေအနေတစ်ခုလည်း ဖြစ်သည်။

Photos from Future Focus's post 05/09/2025

AI ကို ခုမှ စအသုံးပြုမယ့်သူလေးတွေ သိထားသင့်တဲ့applicationလေးတွေ

Canva
Gemini
Chat GPT
Luma AI
Copy Ai

Photo

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Chiang Mai Outer Ring Road
Chiang Mai
50210