Note By Hnin

Note By Hnin

แชร์

08/11/2025

06/11/2025

Thudongkasathan Lanna မှာ Yi Peng Festival ကို Ticket တစ်စောင် ၅၀၀၀ ကျော်နဲ့ ရောင်းပြီး ဘာလုပ်ရလဲဆို တရားထိုင်ရပါတယ်
ဤတိပိသောဘဂဝါနဲ့ ဖွင့်ပွဲကိုစပြီး ၁ နာရီနီးပါးတရားထိုင်ခိုင်းပါတယ် တရားမှတ်နည်းကို Japanese , Chinese , English , Thai ဘာသာ ၄ မျိုးနဲ့ကို ရှင်းပြပါတယ်
ည 8:00 PM မှ မီးပုံးတွေကို တပြိုင်တည်း လွတ်တင်စေတာ
သူများတွေ ပွဲတော်ကို ငွေယူပြီး လုပ်စားတတ်ရုံမဟုတ်ဘဲ ငါတို့ ဘာသာ က ဘယ်လိုပါဆိုတာကိုပါ ချပြသွားတာ ပြောပါတယ်

Photos from Note By Hnin's post 15/09/2025

ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံးတောင် Doi Luang Chiang Dao⛰️

Doi Luang Chiang Daoက Wildlife Sanctuary Area ဖြစ်ပြီးတောင်တက်လမ်းက အမြဲမဖွင့်တတ်ပါဘူး ဘယ်အချိန်တွေ ပိတ်တတ်လဲ သေချာမသိပေမဲ့ ဒီတခါ ပထမဆုံး သွားတာ ပထမဆုံး တက်လို့ရခဲ့ပါတယ်

၁နာရီခွဲလောက် ဆိုင်ကယ်မောင်းပြီး Chiang Dao မြို့ကို ရောက်ပါပြီ မြို့ထဲက ထိုင်းဆိုင်လေးမှာ မနက်စာကို khao soi စားကြတာ အသားနဲ့မှ ၂၀ ဘတ် portion နည်းပေမဲ့ အရသာလေးနဲ့ ၂၀ ဘတ်ကတော့ တန်တယ် ပြောရမယ်

တောင်ပေါ်မတက်ခင် နာမည်ကြီး Giant Trees Alley မှာ ခနနားဆက်တက်ခဲ့ပါတယ်
တောင်ပေါ် တက်ခါနီးမှာ ဂိတ်တခုရှိပါတယ် ရှေ့က သူငယ်ချင်းက တစ်ယောက်ထဲ ဆိုင်ကယ် တစ်စီးနဲ့ တက်သွားတာကို မတားပေမဲ့ ကိုယ်တွေ ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကိုတော့ တားပါတယ် ဘယ်သွားမှာလဲ view point လို့ပြောတော့ register လုပ်ပါဆိုပြီး form တခုပေးပါတယ် မရေးခင် ဘယ်က လာလဲ မေးတော့ မြန်မာ လို့ပြောလိုက်တော့ Foreigner ဆို တစ်ယောက်၂၀၀ - ၂ ယောက် ၄၀၀ တောင်းပါတယ် ကိုယ်သိထားတာ သူငယ်ချင်းက ပြီးခဲ့တဲ့ လက သွားထားတာ free ခုလည်းသူရှေ့ကနေ တက်သွားတာ မတားဘူးဆိုတော့ ကိုယ်လည်း I think , ..free ဆိုပြီးပြောတော့ သူက ဆိုင်းဘုတ် တခုကို လက်ညှိုးထိုးပြပါတယ် အဲ့မှာလည်း Foreigner fee, Local fee တွေရေးထားပါတယ် အဲဒီအချိန် ထိုင်း ၂ ယောက်ဆိုင်ကယ်ကိုလည်း တားပါတယ် တစ်ယောက် ၄၅ ဘတ်စီ တောင်းပါတယ် ကိုယ်တွေမှာ cash က မပါသွားတော့ scan နဲ့ အဲ့ဲဒီ ထိုင်း ၂ယောက်စီ cash လဲဖို့လုပ်တော့ wildlife sanctuary မို့ no signal ဖြစ်နေတာနဲ့ တောင်ပေါ် coffee ဆိုင်က cash လဲပြီး အပြန်မှ ဝင်ပေးဖို့ပြောပြီး လွှတ်ပေးလိုက်ပါတယ် တခါတရံ ဒီလို ဝင်ကြေး တောင်းတတ်တာကိုလည်း သတိထားဖို့ပါ
တောင်က အနည်းငယ် မတ်ပြီး လမ်းလည်းကျဥ်းပါတယ် တချို့နေရာမှာ လမ်းပြင်နေပြီး မိုးရွာတော့ တောင်ကျရေ အနည်းငယ်ကိုလည်း တွေ့ရပါတယ်
တောင်ပေါ်မှာလည်း Internet လိုင်းက QR scan ဖတ်ရရုံသာ ရပါတယ်

Homestay နေချင်သူတွေအတွက် Homestay များစွာလည်း ရှိပါတယ် ကိုယ်တွေတော့ မနေဖြစ်လို့ ဈေးမမေးခဲ့ပါဘူး တောင်ပေါ် coffe သောက် အကြာကြီးထိုင် photo ရိုက်ပြီး ပြန်ဆင်းလာပါတယ်
တောင်အောက်ပြန်ရောက်တော့ ညနေ 3:30 လောက်ပါ Local ထမင်းဆိုင်လေးတွေ တော်တော်များများ ပိတ်နေပါပြီ coffee ဆိုင်လေးတွေတော့ ဖွင့်ပါသေးတယ် ဒါပေမဲ့ ကိုယ်တွေက မနက်ထဲက ထမင်းမစားရသေးတော့ ထမင်းစားချင်ကြတာနဲ့ လိုက်ရှာရင်း Moohao Restaurant ကိုရောက်သွားတယ် Menu တွေက ၁၀၀ အထက်မှာချည်းဆိုတော့ a little ဈေးများတယ် ထင်ရပေမဲ့ portion များပြီး အရသာလည်း အတော်လေးရှိတာမို့ တန်တယ်လို့ပြောလို့ရပါတယ် ပုဇွန်ထုပ်နဲ့အသီးရွက် အရည်သောက်ဆိုလည်း ပုဇွန်ထုပ်၄ ကောင်တောင်ပါပြီး ၁၅၀ ပဲ ပေးရပါတယ် စားလို့လည်း အရသာကောင်းလို့ အများကြီးတန်ပါတယ် စောင့်ရတာ ကြာတာလေးတော့ စိတ်ရှည်ပါ စားသောက်ပြီး ချင်းမိုင် ပြန်ပါပြီ ဘိုင့်✌️

28/01/2025

ချင်းရိုင်က အာခါ တိုင်းရင်းသားတွေ ဖွင့်ထားတဲ့ ဆိုင်လေး 💕
ချင်းရိုင်ဘက် ရောက်ရင် အာခါ တိုင်းရင်းသားစာ နဲ့ coffee သွားသောက်သင့်တဲ့ ဆိုင်လေး အရမ်းလည်းအရသာရှိတယ်
ကိုယ်တွေသွားတဲ့အချိန် ရာသီဥတုကလည်း 14° လောက်ထိ အေးနေလို့ သူတို့နဲ့အတူ မီးလည်း အတူလှုံခဲ့ရတာ အမှတ်တရပါပဲ အစ်မ တစ်ယောက်က မြန်မာလိုလည်း ပြောတတ်တယ် အရမ်းသဘောကောင်းတဲ့ တိုင်းရင်းသားတွေပါ



Location - https://maps.app.goo.gl/96Y4dEkzp783kWU16

Photos from Note By Hnin's post 13/01/2025

ချင်းမိုင်မြို့က စံပယ်ပန်းဘုရားလို့ လူသိများတဲ့ Wat Phra That Doi Khan

စံပယ်ပန်းကပ်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးလို့ လူအများအပြား လာရောက်ကြတဲ့ ချင်းမိုင်က နာမည်ကြီးဘုရား

Location - https://maps.app.goo.gl/nMykV6Fw2fW5LHhx8

#ချင်းမိုင် #စံပယ်ပန်းဘုရား

Photos from Note By Hnin's post 29/12/2024

🌸 ချင်းမိုင်က ပန်းပွဲတော်

ချင်းမိုင်မှာ ရောက်နေတယ် Charming Chiang Mai Flower Festival ကို မရောက်သေးဘူးဆိုရင်တော့ Jan 5 ထိ ရှိသေးတာမို့ သွားလည်လို့ရသေးတယ်နော်

ဝင်ကြေးကလည်း အခမဲ့ပါ

နေ့ဘက်ဆို ပန်းတွေနဲ့ ဓာတ်ပုံရိုက်လို့ရပြီးတော့ ညဘက်ဆို မီးရောင်စုံလေးတွေနဲ့ လည်း ဓာတ်ပုံရိုက်လို့လှတယ်နော် ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ကောင်မလေးတွေ သွားလည်ကြည့်ပေါ့နော်🥰

မုန့်ဈေးတန်းလည်းရှိ ၊ မင်မင်ကတော့ စတော်ဘယ်ရီလေးတွေ ဈေးချိုလို့ အကြိုက်တွေ့ခဲ့ပါတယ်😋

Location => https://maps.app.goo.gl/bUja2juTnd3j5usM8

Photos from Note By Hnin's post 10/12/2024

ဒီပုံလေးတွေ မတင်ရသေးလို့ 🥰 NCU ရှေ့က coffee ဆိုင်လေး လူရှင်းတယ် တိတ်ဆိတ်တယ် photo ရိုက်လို့လည်း လှတဲ့ ဆိုင်လေး

Photos from Note By Hnin's post 25/11/2024

ချင်းမိုင်မြို့ကနေ နာရီဝက်လောက် ကားမောင်းသွားရင် ရောက်မဲ့ သဘာဝ ရေတံခွန် Mae Sa Waterfall

အားလပ်ရက်မှာ အေးဆေးတဲ့ နေရာလေး သွားမယ်ဆိုပြီး ရောက်ဖြစ်ခဲ့တဲ့ ရေတံခွန်လေးပေါ့ အဆင့် ၁၀ ဆင့်ရှိပြီး ၃ ဆင့်ထိ ဆိုင်ကယ် / ကား နဲ့ သွားလို့ရပါတယ်
ဝင်ကြေးက တစ်ယောက် ဘတ် ၁၀၀ ပေးရပြီး မင်မင်တို့က ဆိုင်ကယ်နဲ့ သွားတော့ ဆိုင်ကယ် ဝင်ကြေးက တစ်စီး ၂၀ ပေးရတယ်ပေါ့နော်
၃ ဆင့်မြောက်မှာ ကား/ဆိုင်ကယ် parking နဲ့ စားသောက်ဆိုင်လေးတွေလည်း ရှိလို့ အနားယူ စားသောက်လို့ရပါတယ် စားသောက်ဆိုင်လေးတွေကနေ ဖျာငှားပြီး ရေတံခွန်ဘေးမှာ စားသောက် အပန်းဖြေလို့ရလို့ နီးနီးနားနား relax လုပ်ဖို့ ကောင်းတဲ့ နေရာလေးပါ
အဝတ်လဲခန်းလေးတွေလည်း ရှိတော့ ရေတံခွန်ထဲ ဆင်းပြီး ရေချိုးလို့လည်း အဆင်ပြေတယ်
၃ ဆင့်ကနေ ၁၀ ဆင့်ထိကိုတော့ ခြေလျှင် တက်ရပြီး small hiking လိုမျိုး vibe လေးရတယ်ပေါ့နော် hiking လည်း တက်ချင်တယ် ပေါ့ပေ့ါပါးပါး relax လည်း လုပ်ချင်တယ်ဆိုရင်တော့ သွားသင့်တဲ့ နေရာလေးပါပဲ

Location
https://maps.app.goo.gl/Q9YkmTzoMbnTqsi49

Photos from Note By Hnin's post 06/11/2024

me - ရာသီဥတုက တောင်ပေါ်ရာသီဥတုလေးဖြစ်နေပြီ ဓာတ်ပုံရိုက်ရအောင် လှလှလေးနေ
my 🐱- 👇

Photos from Note By Hnin's post 20/10/2024

ခုတလော အလစ်တဲလေး review ကောင်းနေတဲ့ ချင်းမိုင်က အသစ်ဖွင့်တဲ့ PAO Park လေးကို ရောက်ဖြစ်ခဲ့လို့ share ပေးချင်လို့ပါရှင် review တွေမှာ အရမ်းလှတယ် ပြောကြလို့ သွားခဲ့ပေမဲ့ မျှော်လင့်ထားသလောက် မဟုတ်ခဲ့ဘူးပေါ့နော် တချို့နေရာတွေ ခုမှ မြေတူးဆွနေတုန်းဆိုတော့ နောက်ကျရင်တော့ ပိုလှလာမယ်လို့တော့ ထင်ပါတယ်ရှင်
ခုတော့ တကူးတက သွားလည်ရလောက်တဲ့ထိ မကြိုက်ပါဘူးရှင်(Just my opinion) ညနေခင်း မနက်ခင်း အပန်းဖြေ လမ်းလျှောက်ရုံသာသာပါပဲ
မင်မင့်အနေနဲ့တော့ PAO park ထက် Chiang Mai University ထဲ ကို ပိုကြိုက်ပါတယ် ပိုပြီး စိမ်းစိုသာယာတယ်လို့ ခံစားရတယ်
ပထမပုံကတော့ PAO park က ပုံဖြစ်ပြီးတော့ ဒုတိယပုံကတော့ Chiang Mai University တစ်နေရာက ပုံလေးပါရှင်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Chiang Mai