Su LTY
29/05/2026
🟥မေ ၃ဝ ရက် - ချင်းမိုင်မှာ မလွတ်သင့်တဲ့ ပွဲ ၂ ပွဲ
- Su LTY
🙏ချင်းမိုင်မြို့မှာ ရောက်နေတယ်ဆိုရင် မနက်ဖြန် မေလ ၃ဝ ရက်နေ့မှာ မလွတ်သင့်တဲ့ ပွဲ ၂ ပွဲရှိပါတယ်။
👉စံပယ်ပန်းဘုရားတောင်ခြေက ဘိုးဘွားပူဇော်ပွဲနဲ့ ဒွိုင်ဆူထေ့ တောင်တက်ပွဲတွေပဲဖြစ်ပါတယ်။
📌 သဘာဝလွန်ယုံကြည်မှုပြသတဲ့ တောကျွေးပွဲ (သို့) ပူဆဲ-ယာဆဲ ဘိုးဘွားပူဇော်ပွဲ (နံနက်ပိုင်း)
ဒါကတော့ လန်နာလူမျိုးတို့ရဲ့ လူမှုဘဝနဲ့ ယုံကြည်မှုတွေကနေ ပေါ်ပေါက်လာတဲ့ "လင်းဒေါင်ဓလေ့" (ပူဆဲ-ယာဆဲ ဘိုးဘွားပူဇော်ပွဲ - ၂၀၂၆) ပဲ ဖြစ်ပါတယ်။
တောင်စောင့်နတ် (ဘိုးဘိုး ပူဆဲ နဲ့ ဘွားဘွား ယာဆဲ) အပါအဝင် သစ်တောသဘာဝတရားကြီးအပေါ် ရိုသေလေးစားမှု ပြသတဲ့ အခမ်းအနား ဖြစ်ပါတယ်။
"တောကျွေးပွဲ" လို့လည်း လူသိများပြီး၊ သစ်တောတွေ စိမ်းလန်းစိုပြေဖို့နဲ့ ရာသီအလိုက် မိုးမှန်မှန်ရွာသွန်းစေဖို့ ရည်ရွယ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် တောက်လျှောက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တဲ့ ထူးခြားတဲ့ ရှေးဟောင်းပူဇော်မှုတစ်ခုပါ။
မနက်ဖြန် (မေလ ၃၀ ရက်) နံနက် ၇ နာရီကစပြီး
၁။ ဝပ်ဖရထတ်ဒေါင်ခမ်း (Wat Phra That Doi Kham) ( စံပယ်ပန်းဘုရား )ဘုရားအောက်ခြေရှိ ပူဆဲ-ယာဆဲ နတ်ကွန်းနှင့် ဘုရားရင်ပြင်
၂။ Doi Suthep-Pui အမျိုးသားဥယျာဉ်စောင့်ရှောက်ရေးဌာန၏ "လင်းဒေါင်ကွင်းပြင်" - Doi Suthep-Pui National Park Ranger Station 4 (Ban Mae Hia Nai).
(ဒုတိယနေရာကတော့ ဝေးပါတယ်)
🙏📌ချင်းမိုင် ဒွိုင်ဆူထေ့ ညတောင်တက်ပွဲ (ညနေခင်းတောင်တက်ပွဲ)
Tiao Khuen Doi လို့အမည်ရတဲ့ ဒွိုင်ဆူထေ့ (Doi Suthep) စေတီတော်ရှိရာ တောင်ဆီကို လမ်းလျှောက်တက်ပွဲကိုလာမယ့် မေလ ၃၀ ရက်နေ့ ညနေကနေ နောက်နေ့ နံနက်(လပြည့်နေ့)အထိ တညလုံးကျင်းပဖို့ရှိပါတယ်။
ဒီပွဲဟာချင်းမိုင်မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာဓလေ့ဖြစ်ပြီး ဒွိုင်ဆူထက် တောင်ပေါ်ကမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်တွေကို သွားရောက်ဖူးမြော်ကြည်ညိုတဲ့ ခြေလျင်တောင်တက်ပွဲတော်ဖြစ်ပါတယ်။
မနက်ဖြန် မေလ ၃၀ ရက်(စနေနေ့) ၊ ညနေလောက်မှာ Chiang Mai Zoo အကျော်နားက ဘုန်းကြီးရုပ်(Kruba Srivichai Monument)ရှေ့နေရာကနေ စထွက်ပါတယ်။ ချင်းမိုင်တက္ကသိုလ်ထဲ ကား၊ဆိုင်ကယ်ထားပြီးလည်း လမ်းလျှောက်သွားနိုင်ပါတယ်။
အဲ့ဒီအဖွဲ့နဲ့လည်းလိုက်သွားနိုင်သလို ၊ ကိုယ့်အစီအစဉ်နဲ့လည်း အေးဆေး ညဘက် တက်လို့ရပါတယ်။ ခြေညောင်းရင် လမ်းမှာတွေ့တဲ့ ကားနီတွေကို ဘတ် ၃၀-၄၀ ခန့်ပေးပြီး တက်စီးနိုင်ပါတယ်။
Doi Suthep စေတီပေါ်မှာ တညလုံး နောက်နေ့အထိ နေနိုင်ပါတယ်။
👉ဒီလင့်မှာလည်း ၂၀၂၄ ခုနှစ်က သွားတက်ခဲ့တာကို ကြိုတင်ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=Nj7y47FoRPg
ကဲမိတ်ဆွေတို့ ဘိုးဘွားပူဇော်ပွဲသွားမလား ၊ ညနေတောင်တက်ပွဲသွားမလားဆိုတာ ဆုံးဖြတ်ကြပါ။
☔️မိုးရွာနိုင်တယ်ပြောထားလို့ ထီး၊မိုးကာယူသွားဖို့မမေ့ပါနဲ့ ။
✨ချင်းမိုင်နဲ့ပတ်သက်တာလေးတွေ အမြဲတင်ဆက်ပေးနေတာမို့ Like and Share လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်။
📸ရောက်ဖြစ်ကြရင်လည်း ဓာတ်ပုံတွေ အမှတ်တရ ကော့မန့်ပေးကြဖို့ ၊ ပို့ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
🛵ကော့မန့်မှာ နေရာလင့်တွေရှိပါတယ်။
#ချင်းမိုင် #ဒွိုင်ဆူထက် #เตียวขึ้นดอย
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Chang Khlan
Chiang Mai
50100
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |