MAIM Book Store
19/06/2026
ဒါလေးက မကြာခင် မင်ံမင်းတို့ဆီ ရောက်လာမဲ့ IBYLMစာအုပ်လေးရဲ့ သယ်ယူမဲ့ ပုံစံလေးပေါ့စာအုပ်အလေးချိန်ကြောင့် box errorလေး မဖြစ်ရလေအောင် စာတိုက်ကို အကူညီတောင်ပြီး အတတ်နိုင်ဆုံး အထိခိုက်နည်းအောင် ေလဖောင်နဲ့ တဆင့်ခံ တစ်အုပ်ချင်းပိတ်ပြီး သယ်မှာပါ။ အကယ်၍ ဘောက်အနည်းအများ ထိလာခဲ့ရင် မင့်မင်းကို နားလည်ပေးကြပါလို့ ကြိုပြောပြပါရစေနော်။ ကုန်ကျစာရိတ်ရှိပေမဲ့ preစျေးအတိုင်ပါပဲဗျာ..ပြီးတော့ မင့်မင်းပြောခဲ့သလိုပဲ preorderသမားလေးတွေ boxဖို့ သီးသန့်ထပ်ပေးစရာလည်း မလိုပါဘူး။
ဒါပေမဲ့ စတော့လေးတွေတော့ စျေးအနည်းငယ် ပိုနိုင်ပါကြောင်း .အသိပေးရင်.. Good night
ညကျရင် liveထဲမှာပဲ လာခဲ့ကြတော့နော် အမေစုမွေးနေ့အတွက်
စာအုပ်လက်ဆောင်ပေးချင်လည်း ပေးဖြစ်မယ်။
ဒီနေ့ စာအုပ်လေးတွေ လာဝယ်ရင်လည်း လျော့စျေးနဲ့ ရောင်းပေးပါမယ်ဗျ🌹🌹
14/06/2026
“ခုမှ ပြန်မြင်ရလို့လားမသိဘူး၊ လမ်းရယ်၊ ဘူတာရယ်၊ သံလမ်းရယ်၊ ကွေ့သွား တာရယ် အကုန်လှနေတယ်”
“မြင်နေကျလူတွေအဖို့တော့ လှတယ်လို့ ထင်ချင်မှထင်မှာ။ မပန်းလည်း နေ့တိုင်း မြင်နေရရင် ရိုးသွားမှာပေါ့”
တည်းစရာ အဆောက်အအုံထဲတွင် မည်သူမျှမရှိ။ မျက်နှာချင်းဆိုင်တွင် တည်းနေသူနှစ်ဦးနှင့် အုတ်ခုံပေါ်တွင် အိပ်နေသူ တစ်ဦးကို တွေ့သည်။
“မြင်နေကျဖြစ်သွားရင် ရိုးသွားတတ်တာပဲလား”
သူ ပြုံး၏။
“လူတိုင်းတော့ မဟုတ်ဘူးလေ”
နှုတ်ခမ်းစေ့စေ့ထားကာ အုန်းပင်ဆီသို့ တစ်ချက်ကြည့်ပြီး-
“သိပ်ပါးတာပဲနော်”
သူ ရယ်သည်။ ကုက္ကိုပင်နှင့် ညောင်ပင် အထက်ပိုင်းတွင် နေရောင်ခြည် ထိနေသေး၏။ ညို့လာသော မိုးသားတို့သည် အနောက်နှင့် အနောက်တောင်ဘက်မှ တက်မြဲ တက်လာ၏။ စီးကရက်တစ်လိပ် ထုတ်ယူပြီး မီးညှိသည်။ မီးခြစ်ကို တိုက်ပုံ အင်္ကျီထဲ ပြန်ထည့်ရင်း...
“နောက်တစ်ပတ်ဆိုရင် မပန်း ပြန်တော့မယ် မဟုတ်လား”
“ခုနစ်ရက်ကြီးများတောင် ကျန်သေးတာပဲ”
“မပန်း...”
သူ့ဘက်သို့ မျက်နှာလှည့်ကာ “ဟင်” ဟု ထူး၏။ မသိသာစွာ ပင့်တက်သွား သော မျက်ခုံးကို မြင်သည်။
“သိလောက်ပြီ ထင်တယ်”
ခေါင်းညိတ်သည်။
“သိပါတယ်၊ ဟိုဘက်လမ်းက ရန်ကုန်ဘူတာအသွား၊ ဒီဘက်က ရန်ကုန် ဘူတာအလာ၊ ဇာဖြူတို့ စီးရမှာ ဒီဘက်လမ်းကလာတဲ့ ရထားပဲ။ ဒီလောက်တော့ သိပါတယ်"
ပြုံးယောင်မျက်လုံး။ မျက်လုံးချင်းဆုံစဉ် သူ ငွေ့ငွေ့မျှသာ ပြုံးသည်။
ကျွန်တော် ပြောခဲ့သမျှကို နောက်ပဲ နောက်နေတာကိုး
ဒါထက် ပျော်စရာကျတော့ ဝေ့လည်လည် နောက်ပြောင်လေလေ ပျော်စရာ ကောင်းလေကိုး
ကျွန်တော့်ကို သဘောပေါက်လား
ဘာ သဘောမပေါက်စရာရှိလဲ၊ ကိုအောင်သူက ပညာတတ်တယ်၊ သဘော ကောင်းတယ်၊ အကျင့်စာရိတ္တကောင်းတယ်။ ရုပ်ရည်လည်း ခန့်ညားတည်ငြိမ်တယ်။ အသားညိုချောလေး၊ အရပ်မြင့်မြင့်၊ ပြည့်ပြည့်တင်းတင်း၊ နှာတံပေါ်ပေါ်၊ မျက်ခုံးထူ ထူ၊ နှုတ်ခမ်းတင်းတင်း၊ ရုတ်တရက်ဆို စိတ်ဆတ်တယ်၊ မာနရှိတယ် ထင်ရပေမဲ့
တကယ့် လူတော်လူကောင်းလေ..ကဲ...ဟုတ်တယ် မဟုတ်လား
ရွှတ်ချင်သမျှ ရွှတ်စေဟု သဘောထားကာ နားထောင်နေလိုက်သည်။
ကျွန်တော် ထောက်ခံစာ တောင်းနေတာမှ မဟုတ်တာဗျာ...
ဒါဖြင့်...ဘာတောင်းနေတာလဲ
ကမ္ဘာပေါ်မှာ အပေါဆုံး...
အိုး.ကိုအောင်သူနော်
မဟုတ်ပါဘူး၊ အပေါများဆုံးအရာကို ပြောတာ မဟုတ်ပါဘူး။ မပန်းက စကားမဆုံးခင် အထင်လွဲသွားတာကိုး အရှားပါးဆုံး၊ အမွန်မြတ်ဆုံးအရာကို ပြော တာပါ
လက်ကာ တားဆီးရင်း စကားဝင်ဖြတ်စဉ်က နီမြန်းမြန်းမျက်နှာသည် ရှက်ပြုံး နှင့် ရှိလေ၏။
မစောဘူးလား
တစ်နှစ်လောက် နောက်ကျနေတယ်လို့ ကျွန်တော် ထင်တယ်
ပန်းဇာဖြူသည် မျက်နှာချင်းဆိုင် တည်းခိုအဆောက်အအုံထဲမှ ရထားစောင့်သူ လေးငါးခြောက်ယောက်ကို တစ်ချက်လှမ်းကြည့်သည်။ ပန်းဇာဖြူမျက်နှာ သူမကြည့် ဖြစ်တော့။ အလံတိုင်သို့ ငေးနေ၏။ မီးနီ လင်းလျက်ရှိ၏။
မနှစ်ကတည်းက ဇာဖြူ ရိပ်မိပြီးသားပါ
ဒီထောက်ခံစာ
ကိုတော့ ကျွန်တော် သဘောကျတယ် ဟင်းခနဲ ရယ်သံကြားမှ မျက်နှာချင်း သူ ပြန်လည်ဆိုင်သည်။ အလင်းသည်
ငြိမ်းကျော် သိသာစွာ ကျလာ၏။ မိုးရိပ်မိုးသားတွေ ဦးခေါင်းထက်သို့ ရောက်နေ၏။ မည်းညို ကာ နေလေသည်။
ဇာဖြူ မေးချင်တာ အရင်မေးရမလား
ခေါင်းညိတ်သောအခါ -
ဇာဖြူနောက်ကြောင်းကို သိတယ်နော်
ဒုတိယအကြိမ် ခေါင်းထပ်ညိတ်ပြသည့်နောက်မှ
ဇာဖြူကို ကိုအောင်သူ ဘယ်လောက်အထိ ယုံလဲ ဟင်
မပန်းက ညာတတ်တဲ့ မိန်းကလေးမှ မဟုတ်တာပဲ
ရနံ့ မရှင်းမှာ အကြောက်ဆုံးပဲ
ဘာဆိုလိုတာလဲ မပန်း
အဖြေရ ခဏ ခက်နေသေးသည်။ နောက်မှ-
မွန်မွန်မြတ်မြတ် ထားအပ်တဲ့အရာက အမွန်အမြတ်ပါပဲ ကိုအောင်သူ၊ အဲဒါ
မပန်းရဲ့ ဘဝစည်းကို ကျွန်တော် နားလည်ပါတယ်
စကားတွေက ပြတ်သွားသည်။ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြသည်။ ထိုစဉ် ရထားဥသြသံ ကြားသည်။ အနောက်ဘက်မှ။ ရန်ကုန်သွားမည့် ခရီးသည် လေးငါးဦး က ထိုင်ရာမှ ထသည်။ နီးလာသော ဥသြသံနှင့်အတူ ဒီဇယ်စက်ခေါင်း စိမ်းပြာကို မြင်သည်။ အရှိန်လျှော့ကာ ဝင်လာပြီး တစ်ဖက်လမ်းတွင်ရပ်၏။ တွဲတိုင်းတွင် ခရီးသည် တွေ ပြည့်နေ၏။ ရပ်၍လိုက်ရသူ မတွေ့ရသလောက်။ ရထားထွက်သွားချိန်တွင်-မပန်း မေးချင်တာ ကျွန်တော် ဖြေပြီးပြီလေ၊ ကျွန်တော်မေးတာကိုပဲ ဖြေဖို့ ကျန်တော့ တယ်
ကွေ့သွားသော ရထားကို ကွယ်သွားသည်အထိ ပန်းဇာဖြူ ငေးကြည့်နေ၏။ ကိုအောင်သူရယ်...မနှစ်ကတည်းက သိခဲ့သင့်ပါတယ်
ရင်ထဲတွင် လှပ်ခနဲ ခံစားလိုက်ရသည်။ ဝမ်းမြောက်သောအပြုံးကို ပန်းဇာဖြူ မြင်သည်။ ပြန်ပြုံးသော်လည်း ခေါင်းငုံ့ကာနေသည်။ စင်္ကြံမှ ဖျတ်ခနဲ ခုန်ဆင်းသည်။ သံလမ်းကို ကျော်သည်။ လမ်းနှစ်လမ်းကြားရှိ အုတ်မြောင်းကို လွှားခနဲခုန်ကာ တစ်ဖက်စင်္ကြံသို့ အပြေးတက်၏။ တည်းခိုရာ အဆောက်အအုံရှေ့တွင် ရပ်သည်။ ထို့နောက် ထိုင်ပြီး လှမ်းကြည့်သည်။ ပန်းဇာဖြူ အံ့အားသင့်စွာ ကြည့်ရာမှ တဖြည်း
ပန်းဇာဖြူ ပြုံးသည်။ ဒူးပေါ်တွင် တံတောင်နှစ်ဖက်ထောက်သည်။ လက်ကောက်ဝတ် နှစ်ဖက်ကိုကပ်ကာ မေးတင်သည်။ ပါးနှစ်ဖက်တွင် လက်ဖဝါး ကပ်ထားသည်။ ပန်းဇာဖြူက ရယ်နေသည်။
“ကိုအောင်သူ ဘာလုပ်နေတာလဲ”
“ကြည့်လို့မဝလို့”
#ငြိမ်းကျော်
#ပန်းဇာဖြူ
10/06/2026
မြသာလေးက မနေ့ကတည်းက ရောက်ပါပြီး မင်းမင်းဆီ ယူထားသူတချို့ စာရင်းမမှတ်ထားမိလို့ မှတ်မိသူရှိရင် လာပြောပေးထားပါဥိးနော် မင်းမင်းကို🤧
06/06/2026
အသစ်နော် အသစ် အလှလေးတွေ😍
03/06/2026
ဟဲလို ဟဲလို ရှိကြသေးလာ😁
မင်းမင်းက နိုးပြီးနော်
ချစ်ကျွန်လေး preorderလေး တင်လို့ရကြောင်း လာပြောတာပါ
ကီချိန်း၊pcရယ် booxရယ် အပါ
၃၄၀ပါလို့
ကြာချိန်တလခွဲပါတဲ့
မွမွ
IBYLMကို ထိုင်းကသူတွေ ရကုန်ပြီးဆိုပေမဲ့ မင်းမင်းယူနေတဲ့ တိုက်တဆင့်ကတော့ မရသေးဘူးဆိုတော့ မင်းမင်းစီ ကြာဦးမယ်ထင်တယ် ငယ်တို့ရေ
27/05/2026
‘တစ်နေ့နေ့တော့ ပြီးဆုံးသွားမှာပါ” ဆိုတဲ့ အတွေးကို ရပ်လိုက်ပါ။ ယောက်ျားအများစုက “တစ်နေ့နေ့ကျရင် အရာအားလုံး အဆင်ပြေသွားလိမ့် မယ်' လို့ မှားယွင်းစွာ တွေးတတ်ကြပါတယ်။
*
‘အလုပ်တွေ အများကြီးလုပ်နိုင်ရင် တစ်နေ့ အနားယူနိုင်မှာပါ’
+ ‘တစ်နေ့နေ့ကျရင် ငါ့အမျိုးသမီး ငါ့ကို နားလည်လာပြီး ပူညံပူညံ ပြောတာ ရပ်သွားမှာပါ”
* ‘တစ်ချိန်မှာ ငါတကယ်လုပ်ချင်တာကို လုပ်နိုင်ဖို့အတွက် အခု ဒီအလုပ်ကို လုပ်နေတာပါ”
ဒီလိုတွေးတာက ပုရိသစွမ်းအင်ရဲ့ အဓိကအမှားတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်တော့မှ မပြီးဆုံးပါဘူး။ ဘဝမှာ စိန်ခေါ်မှုတွေက အမြဲရှိနေ မှာပါ။ ဒါကြောင့် ပစ္စုပ္ပန်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး သင့်ရဲ့ထူးခြားတဲ့ အရည် အချင်းတွေကို အသုံးချကာ ရှေ့ဆက်သွားရပါလိမ့်မယ်။
အခုပဲ စတင်လိုက်ပါ
“အချိန်ကောင်းကို စောင့်နေတာ ရပ်လိုက်ပါ”
#အာဂယောကျာ်း
#သုခကျော်
22/05/2026
အမေးများတဲ့ကဝေပျိုလေး မကြာခင်ပြန်ရပါမယ်ဗျ လက်ရှိလက်ထဲ စတော့ပြတ်နေလို့ မတင်ပေးဖြစ်တာပါ
ကိုယ်ကို ရွဲ့သလိုပဲ😂
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok