Flash News
07/12/2022
ရခိုင်ပြည်မှ ထွက်ပြေးလာသည့် တရားမဝင် မွတ်ဆလင် ၄၈ဦးကို ထိုင်းရဲဖမ်းဆီး
Western News-နိုဝင်ဘာ၊ ၇ ရက်
ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် စင်းလုံငှားဘတ်စ်ကားဖြင့် တရားမဝင် ဝင်ရောက်လာသော ရခိုင်မှ မွတ်ဆလင် ၄၈ဦးကို ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ရတ်ချ်ဘူရီခရိုင် ပက်ထိုးဒေသ ဖက်ကဆန်အမြန်လမ်းမပေါ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ပို့ဆောင်နေသည်ဟု သတင်းရရှိမှုကြောင့် ပုံမှန်မဟုတ်သော ဘတ်စ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။
ဘတ်စ်ကားပေါ်တွင် ရခိုင်မှ လာသည့် မွတ်ဆလင့် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့တွင် အသက် ၁၃ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားပြီး ၎င်းတိုကို မေးမြန်းရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာရောက်ကြခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသမှတစ်ဆင့် တောလမ်းအတိုင်း ခြေကျင်ခရီးဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းပွဲစားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ၎င်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသသို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ ထိုမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတို့ကို စစ်ဆေးချက်အရ တစ်ချို့ကမလေးရှားနိုင်ငံတွင် ပညာသင်ကြားရန်ဟု ဆိုကြပြီး တစ်ချို့က ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်သွားရန်ဟု ဆိုကြကြောင်း သိရသည်။
ဖမ်းဆီးခံရသော ရခိုင်က မွတ်ဆလင်မှာ တရားမဝင် ဝင်ရောက်လာမှုဖြင့် တရားစွဲခံရမည်ဖြစ်ပြီး ပက်ထိုးရဲစခန်းမှတစ်ဆင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ တရားမဝင် ဝင်ရောက်လာနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
Western News-WN
Ref: Bangkok Post, 77 kaoded, Nation TV
ရခိုင်ပြည်မှ လာသည့် တရားမဝင် မွတ်ဆလင် ၄၈ဦးကို ထိုင်းရဲဖမ်းဆီး

စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နဲ့ဆက်ဆံဖို့ မလေးရှားဆုံးဖြတ်
~~~~~~
ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
■ အမေရိကန်-အာဆီယံထိပ်သီးညီလာခံတက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ Willard ဟိုတယ်မှာ မေ ၁၄ ရက် မနက်ပိုင်းမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ဆွေးနွေးအပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟိုတယ်က ပြန်အထွက်မှာ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ပါသလဲလို့ RFA က မေးမြန်းတဲ့ အခါ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆွေးနွေးခဲ့တဲ့အကြောင်း၊ မလေးရှားက မြန်မာပြည်သူလူထုနဲ့ အတူရှိနေတဲ့အကြောင်း၊ ဘယ်လို အလုပ်တူတူလုပ်လို့ရမလဲဆိုတာတွေ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။ ဆွေးနွေးပွဲကို ကျေနပ်အားရပါတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အဲဒီနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို RFA က တက်ရောက်ခွင့်ရပါတယ်။
“NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အရင်က အွန်လိုင်းကပဲ တွေ့ဆုံခဲ့ပြီး အခုပထမဆုံးအကြိမ်အဖြစ ်လူချင်းတွေ့တာဖြစ်ပါတယ်။ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြတယ်။ အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ကို အလွတ်သဘော အသိအမှတ်ပြုဆက်ဆံဖို့ ကျွန်တော် နှစ်ကြိမ် တင်ပြခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံကြတဲ့ မနေ့က အာဆီယံ- အမေရိကန် ထိပ်သီး ညီလာခံမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် အစ္စမိုင် ဆယ်ဘရီက NUG နဲ့ NUCC တို့ကို အာဆီယံအနေနဲ့ အလွတ်သဘော အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်။ ဒီကနေ့ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံရမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် စစ်ကောင်စီ တစ်ခုတည်းနဲ့ ပြောဆိုဆောင်ရွက်လို့ မလုံလောက်ဘဲ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အဖွဲ့အစည်းတွေပါရမယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေလည်း ပါဝင်ဆောင်ရွက်သင့်တယ်လို့ အဆိုပြုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှု အကူညီတွေကို အမှန်တကယ်လိုအပ်သူတွေထံ ရောက်ရှိဖို့ သေချာအောင် ကျနော်တို့ ဆောင်ရွက်ရပါလိမ့်မယ်”
လူသားချင်းစာနာရေး အကူအညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးမချစေချင်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“လူသားချင်းစာနာမှုအကူညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးချပြီး သူတို့ပေးချင်တဲ့သူတွေကိုပဲ ကွက်ပြီးပေးတာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကိစ္စမှာ စစ်ကောင်စီအနေနဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်တွေကို ပိုမိုအလေးထားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူူညီချက် ငါးချက်ကို စစ်ကောင်စီက လက်ခံခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီ။ NUG ကလည်း ဒီအချက်ငါးချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ ဘာတိုးတက်မှုမရှိဘဲ အခုအချိန်ထိ မြန်မာနိုင်ငံမှာ လူတွေပိုပြီးသတ်ဖြတ်ခံနေရပါတယ်။ ထွက်ပြေးရတဲ့လူတွေလည်း ပိုများလာနေပါတယ်။ နောက်ထပ် တစ်နှစ်ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး“
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအစိုးရရဲ့ မူဝါဒကဘာပါလဲလို့ RFA မြန်မာဌာန ကမေးမြန်းရာမှာတော့ ဝန်ကြီး ဆိုင်ဖူဒင် က
“နံပါတ်တစ် ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ နံပါတ် နှစ် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ NUG/ NUCC ကို ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ။ နံပါတ် သုံး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးရေးအတွက် ဦးစားပေးဆောင်ရွက်မယ်။ NUG ကတစ်ဆင့် ဒီလိုအကူညီပေးရေးလည်း ဖြစ်နိုင်ပါတယ်“
မလေးရှားမှာ NUG ရုံးခန်းဖွင့်ခွင့်ပေးမှာလားလို့ ဆက်လက်မေးမြန်းရာမှာ
“ရုံးခန်းဖွင့်ဖို့ဖြစ်နိုင်ခြေရှိပုံတွေကို ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်တော့ မဆွေးနွေးရသေးပါဘူး။ NUG ဟာ မြန်မာပြည်သူတွေ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရမှာပါပဲ။ ဒါ့အပြင် NUG/ NUCC တို့နဲ့ ကျွန်တော်တို့ မလေးရှားနိုင်ငံအကြား တိုက်ရိုက်ဆက်ဆံရေး ထူထောင်ဖို့လည်း ပါဝင်ပါတယ်။ ဒိထက်ပိုပြီး ကျွန်တော် မပြောနိုင်သေးပါဘူး“
အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာ့အရေးအတွက် ဘယ်လိုအကျိုးရလဒ်ရှိတယ် ထင်ပါသလဲလို့ မေးရာမှာတော့
“ဒီညီလာခံမှာ ကျနော်တို့ ဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဘိုင်ဒင်ကို မြန်မာ့အရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်ပိုပြီး အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ကူညီဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခကြောင့် ထိုင်း- မြန်မာနယ်စပ်နဲ့ မလေးရှားကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ပိုမိုပံ့ပိုးကူညီဖို့ ကျွန်တော်တို့ မနေ့က တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုမိုလက်ခံနေရာချထားပေးဖို့လည်း ကျနော်တို့ ပြောဆိုခဲ့ပါတယ်“
ဒါ့အပြင် ဒေါ်ဇင်မာအောင်နဲ့ ပြောဆိုရာမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို ပညာသင်ကြားပေးရေး၊ စစ်ကောင်စီက ပြောဆိုနေတဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေလည်း ပါဝင်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
- Unicode
---------------
စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နဲ့ဆက်ဆံဖို့ မလေးရှားဆုံးဖြတ်
~~~~~~
ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)
■ အမေရိကန်-အာဆီယံထိပ်သီးညီလာခံတက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ Willard ဟိုတယ်မှာ မေ ၁၄ ရက် မနက်ပိုင်းမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ဆွေးနွေးအပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟိုတယ်က ပြန်အထွက်မှာ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ပါသလဲလို့ RFA က မေးမြန်းတဲ့ အခါ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆွေးနွေးခဲ့တဲ့အကြောင်း၊ မလေးရှားက မြန်မာပြည်သူလူထုနဲ့ အတူရှိနေတဲ့အကြောင်း၊ ဘယ်လို အလုပ်တူတူလုပ်လို့ရမလဲဆိုတာတွေ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။ ဆွေးနွေးပွဲကို ကျေနပ်အားရပါတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အဲဒီနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို RFA က တက်ရောက်ခွင့်ရပါတယ်။
“NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အရင်က အွန်လိုင်းကပဲ တွေ့ဆုံခဲ့ပြီး အခုပထမဆုံးအကြိမ်အဖြစ်လူချင်းတွေ့တာဖြစ်ပါတယ်။ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြတယ်။ အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ကို အလွတ်သဘော အသိအမှတ်ပြုဆက်ဆံဖို့ ကျွန်တော် နှစ်ကြိမ် တင်ပြခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံကြတဲ့ မနေ့က အာဆီယံ- အမေရိကန် ထိပ်သီး ညီလာခံမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် အစ္စမိုင် ဆယ်ဘရီက NUG နဲ့ NUCC တို့ကို အာဆီယံအနေနဲ့ အလွတ်သဘော အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်။ ဒီကနေ့ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံရမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် စစ်ကောင်စီ တစ်ခုတည်းနဲ့ ပြောဆိုဆောင်ရွက်လို့ မလုံလောက်ဘဲ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အဖွဲ့အစည်းတွေပါရမယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေလည်း ပါဝင်ဆောင်ရွက်သင့်တယ်လို့ အဆိုပြုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှု အကူညီတွေကို အမှန်တကယ်လိုအပ်သူတွေထံ ရောက်ရှိဖို့ သေချာအောင် ကျနော်တို့ ဆောင်ရွက်ရပါလိမ့်မယ်”
လူသားချင်းစာနာရေး အကူအညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးမချစေချင်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“လူသားချင်းစာနာမှုအကူညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးချပြီး သူတို့ပေးချင်တဲ့သူတွေကိုပဲ ကွက်ပြီးပေးတာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကိစ္စမှာ စစ်ကောင်စီအနေနဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်တွေကို ပိုမိုအလေးထားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက လက်ခံခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီ။ NUG ကလည်း ဒီအချက်ငါးချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ ဘာတိုးတက်မှုမရှိဘဲ အခုအချိန်ထိ မြန်မာနိုင်ငံမှာ လူတွေပိုပြီးသတ်ဖြတ်ခံနေရပါတယ်။ ထွက်ပြေးရတဲ့လူတွေလည်း ပိုများလာနေပါတယ်။ နောက်ထပ် တစ်နှစ်ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး“
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအစိုးရရဲ့ မူဝါဒကဘာပါလဲလို့ RFA မြန်မာဌာန ကမေးမြန်းရာမှာတော့ ဝန်ကြီး ဆိုင်ဖူဒင် က
“နံပါတ်တစ် ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ နံပါတ် နှစ် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ NUG/ NUCC ကို ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ။ နံပါတ် သုံး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးရေးအတွက် ဦးစားပေးဆောင်ရွက်မယ်။ NUG ကတစ်ဆင့် ဒီလိုအကူညီပေးရေးလည်း ဖြစ်နိုင်ပါတယ်“
မလေးရှားမှာ NUG ရုံးခန်းဖွင့်ခွင့်ပေးမှာလားလို့ ဆက်လက်မေးမြန်းရာမှာ
“ရုံးခန်းဖွင့်ဖို့ဖြစ်နိုင်ခြေရှိပုံတွေကို ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်တော့ မဆွေးနွေးရသေးပါဘူး။ NUG ဟာ မြန်မာပြည်သူတွေ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရမှာပါပဲ။ ဒါ့အပြင် NUG/ NUCC တို့နဲ့ ကျွန်တော်တို့ မလေးရှားနိုင်ငံအကြား တိုက်ရိုက်ဆက်ဆံရေး ထူထောင်ဖို့လည်း ပါဝင်ပါတယ်။ ဒိထက်ပိုပြီး ကျွန်တော် မပြောနိုင်သေးပါဘူး“
အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာ့အရေးအတွက် ဘယ်လိုအကျိုးရလဒ်ရှိတယ် ထင်ပါသလဲလို့ မေးရာမှာတော့
“ဒီညီလာခံမှာ ကျနော်တို့ ဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဘိုင်ဒင်ကို မြန်မာ့အရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်ပိုပြီး အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ကူညီဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခကြောင့် ထိုင်း- မြန်မာနယ်စပ်နဲ့ မလေးရှားကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ပိုမိုပံ့ပိုးကူညီဖို့ ကျွန်တော်တို့ မနေ့က တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုမိုလက်ခံနေရာချထားပေးဖို့လည်း ကျနော်တို့ ပြောဆိုခဲ့ပါတယ်“
ဒါ့အပြင် ဒေါ်ဇင်မာအောင်နဲ့ ပြောဆိုရာမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို ပညာသင်ကြားပေးရေး၊ စစ်ကောင်စီက ပြောဆိုနေတဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေလည်း ပါဝင်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
- Zawgyi
---------------
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok