Aladdin Travel Service
18/06/2026
🌧️ မိုးအေးအေးလေးမှာ တိမ်မြူတွေကို ငေးရင်း 'Healing' လုပ်လို့ရမယ့် အစိမ်းရောင် လည်ပတ်စရာ ၄ နေရာ ⛰️🍀
အခုလို June နဲ့ July ရဲ့ ရာသီဥတုအကူးအပြောင်း (Green Season) မျိုးဟာ ထိုင်းနိုင်ငံရဲ့ တောတောင်ရေမြေတွေ အစိမ်းစိုဆုံးနဲ့ ခရီးသွားရတာ အေးချမ်းဆုံး အချိန်ပါပဲ။
မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး စိတ်ရောကိုယ်ပါ အပန်းဖြေဖို့အတွက် A.T.S ကနေ အကောင်းဆုံးခရီးစဉ်တွေကို ပြင်ဆင်ပေးထားပါတယ်ရှင်။ 😍🙌
❗ Full Package အပြင် မိမိတို့စိတ်ကြိုက် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို ကိုယ်တိုင်ရွေးချယ်ချင်သူတွေအတွက် အစအဆုံး အပူအပင်မရှိဘဲ လွတ်လပ်မှုအပြည့်နဲ့ သွားလာနိုင်မယ့် "Private Tour (Car + Driver) ဝန်ဆောင်မှု" ကိုလည်း သီးသန့်စီစဉ်ပေးနေပါပြီရှင်။ ✨
ဘန်ကောက်ကဖြစ်ဖြစ်၊ မြန်မာပြည်ကဖြစ်ဖြစ် မိသားစု (သို့) သူငယ်ချင်းအဖွဲ့လိုက်အတွက် စိတ်ကြိုက်အစီအစဉ်နဲ့ သွားလာနိုင်မယ့် ခရီးစဉ်အတွင်း မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာများကို ဖော်ပြပေးလိုက်ပါတယ်ရှင်။
📍 Khao Yai (ခေါင်ယိုင်) ⛰️
ဘန်ကောက်ကနေ ၃ နာရီခွဲပဲ မောင်းရတဲ့ တိမ်မြူတွေကြားက ဥရောပမြို့ကလေးဖြစ်ပါတယ်။ မိုးရွာပြီးစ မနက်ခင်းမှာ တောင်ပေါ်လေအေးအေးလေးကို ရှူရင်း၊ ဥရောပစတိုင် Castle တွေနဲ့ တောင်ချိုင့်ဝှမ်းထဲက ကဖေးလှလှလေးတွေမှာ ဓာတ်ပုံရိုက်ပြီး Social Media Feed ကို အလှဆင်ဖို့ အကောင်းဆုံး Spot ကြီးတစ်ခု ဖြစ်ပါတယ်။
📍 Kanchanaburi (ကန်ချနဘူရီ) 🛶
မိုးရေစက်တွေနဲ့အတူ မြစ်ပြင်ကျယ်ပေါ်က ဖောင်အိမ်လေးတွေရဲ့ Chill ခံစားချက်ကို ပေးစွမ်းနိုင်မယ့်နေရာပါ။ မိုးရာသီမှာ ရေပြည့်ပြီး စိမ်းမြနေတဲ့ Erawan ရေတံခွန်မှာ အပန်းဖြေရင်း၊ River Kwai မြစ်ပေါ်က မနက်ခင်းမြူတွေကြား Floating Resort (ဖောင်အိမ်) ပေါ်မှာ အေးအေးလူလူ အနားယူကာ စိတ်ပင်ပန်းမှုတွေကို အကုန်အဝေးကြီး နှင်ထုတ်ပစ်မယ့် နေရာလေးပါပဲ။
📍 Nakhon Nayok (နခွန်နယုတ်) 🏞️
ဘန်ကောက်ကနေ ၂ နာရီလေးပဲဝေးပြီး ရေတံခွန်တွေ၊ ဆည်ကြီးတွေနဲ့ သဘာဝတရားရဲ့ ပြတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ Khun Dan Prakas Chon ဆည်ကြီးပေါ်ကနေ တိမ်မြူဆိုင်းနေတဲ့ တောင်တန်းကြီးတွေကို ၃၆၀ ဒီဂရီ ငေးမောကြည့်ရှုနိုင်မယ့်အပြင်၊ မိုးရာသီမှာ ရေတရဟောစီးဆင်းနေတဲ့ ရေတံခွန်အလှနဲ့ စိမ်းစိုနေတဲ့ တောတောင်အလှကြားက Cafe လှလှလေးတွေမှာ ကော်ဖီသောက်ရင်း အပန်းဖြေဖို့ အမိမိုက်ဆုံးနေရာပါပဲ။
📍 Chiang Mai (ချင်းမိုင် - Pa Pong Piang) 🌾☁️
လှေကားထစ်လယ်ကွင်း စိမ်းစိမ်းတွေနဲ့ ကော်ဖီနံ့သင်းတဲ့ တောင်ပေါ်မြို့ကလေး ဖြစ်ပါတယ်။ မိုးရာသီမှာပဲ မြင်တွေ့ခွင့်ရမယ့် Pa Pong Piang ရဲ့ လှေကားထစ်လယ်ကွင်း စိမ်းစိမ်းစိုစိုကြီးတွေ၊ တောင်စောင်းတစ်လျှောက် နှင်းမြူတွေနဲ့အတူ တိမ်တိုက်တွေက ပင်လယ်ပြင်ကြီးလို ဖုံးလွှမ်းထားတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာမို့ လုံးဝလက်လွတ်မခံသင့်တဲ့ နေရာပါပဲ။
အခုလိုရာသီမှာ သွားရတာ ပိုပြီး အေးချမ်းသလို လူလည်း သိပ်မရှုပ်လို့ စိတ်ကြိုက် ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ပါတယ်။ ဒီ June နဲ့ July အားလပ်ရက်တွေမှာ စိမ်းစိုစို တောင်တန်းတွေဆီ အလည်သွားဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ🙏💛
✅ အခုပြထားတဲ့ခရီးစဥ် နေရာလေးတွေကို Service ကောင်းကောင်းနဲ့ သွားလည်ချင်ရင် ကျွန်မတို့ Aladdin Travel Service (A.T.S) ရဲ့ သဘောကောင်းပြီး ခရီးသွားအကြောင်း နားလည်ကျွမ်းကျင်တဲ့ Admin တွေက ဧည့်သည်တို့ သွားချင်တဲ့ Trip plan အတိုင်း flexible ဖြစ်အောင် Free Consulting ဆွေးနွေးပေးမယ့်အပြင်၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့အောင် အစအဆုံး စီစဉ်ပေးတာမို့ လိုအပ်တာရှိရင် အခုပဲ ဆက်သွယ်လိုက်လို့ ရပါတယ်ရှင် 🤗
ℹ️ ကျွန်မတို့ Aladdin Travel Service (ATS) သည် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းလိုင်စင် TAT License No. 14/04517 နှင့် ATTA Member No. 04710 ရရှိထားသည့်အပြင်၊ ခရီးသွားဝန်ဆောင်မှု အတွေ့အကြုံရင့်ကျက်သော တရားဝင် Local Tour Company ဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ ခရီးစဉ်အတွက် 100% ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
🧏မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်တိုင်းကျ Private Car + Driver နဲ့ပဲ သွားမလား၊ Full Package နဲ့ပဲ စိတ်အေးချမ်းသာ သွားမလား... အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။
💁 လည်ချင်တဲ့ ရက်အရေအတွက်
💁 လူဦးရေ နဲ့တကွ
Messenger ကနေ လာရောက်ပြောပြပေးပါက Quotation အမြန်ဆုံး တွက်ချက်ပေးဖို့ အသင့်ရှိနေပါတယ်။ 💛
🌍 Travel with Peace of Mind 🌍
ALADDIN TRAVEL SERVICE CO.,LTD
#ခေါင်ယိုင် #ကန်ချနဘူရီ
#နခွန်နယုတ် #ချင်းမိုင် #ထိုင်းနိုင်ငံခရီးသွား #မြန်မာခရီးသွားများအတွက် #မိုးရာသီခရီးစဉ် #အလည်ပတ် #ထိုင်းရောက်ရွှေမြန်မာ #မိသားစုခရီးစဉ် #ထိုင်းခရီးသွားအာမခံ
🌿 အလုပ်တွေခဏနားပြီး စိမ်းစိုနေတဲ့ တောင်တန်းတွေကြား သဘာဝတရားနဲ့ Healing လုပ်ကြမယ် ⛰️💚
အလုပ်တွေ၊ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကြားကနေ ခေတ္တရုန်းထွက်ပြီး Peaceful Vibes အပြည့်နဲ့ စိတ်အပန်းဖြေဖို့အပြင် ဓာတ်ပုံအလန်းစားတွေရိုက်ဖို့ နေရာရှာနေတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေအတွက် အသင့်တော်ဆုံး ပုန်းကွယ်ရာနေရာလေးတစ်ခု...
📍 Nan (နန်ခရိုင်)၊ Ban Huai Mi - Sapan 🇹🇭
အခုလို June နဲ့ July ရဲ့ မိုးရာသီ (Green Season) မှာ ထိုင်းနိုင်ငံမြောက်ပိုင်းက အစိမ်းလန်းဆုံး၊ အလှဆုံးဖြစ်တဲ့ ဒီဒေသလေးမှာ အနားယူရင်း... မနက်ခင်း ကော်ဖီပူပူလေးတစ်ခွက်နဲ့အတူ အိမ်ရှေ့ဝရန်တာကနေ တိမ်ပင်လယ်နဲ့ နှင်းမြူတွေကို တဝကြီး ငေးမောရမယ့် Peaceful Vibes အစစ်အမှန်! ☕☁️🌿🏡
⚠️စိတ်ကူးထဲကအတိုင်း အိမ်လေး ၄ လုံးတည်းပဲ ရှိတဲ့ သီးသန့်ပုန်းကွယ်ရာနေရာလေးမို့... ကြိုတင် Booking မဖြစ်မနေ လုပ်ထားမှ စိတ်ချရမယ်နော်! 🏡
မိုးရာသီ (Green Season) စိမ်းစိုစိုအချိန်မှာ ဒီလိုနေရာမျိုးက အခန်းတွေ အရမ်းပြည့်လွယ်လွန်းလို့ လက်မနှေးဖို့ လိုပါမယ်ရှင်။ 🌧️⛰️💚
#ထိုင်းနိုင်ငံခရီးစဉ်
17/06/2026
🇨🇳✨🇹🇭 TAT-ATTA Roadshow to China 2026 တွင် Aladdin Travel Service မှ ထိုင်းနိုင်ငံအခြေစိုက် တရားဝင်လိုင်စင်ရ local travel service အဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၃ ရက်၊ ၂၀၂၆) က တရုတ်နိုင်ငံ၊ หลานโจว (Lanzhou) မြို့ရှိ Crowne Plaza Hotel တွင် ကျင်းပပြုလုပ်ခဲ့သော B2B ပွဲကြီးတွင် Aladdin Team အနေဖြင့် တရုတ်ခရီးသွားဈေးကွက်နှင့် လုပ်ငန်းရှင်များအကြား ထိုင်းနိုင်ငံ၏ အရည်အသွေးမြင့် ခရီးသွားဝန်ဆောင်မှုများကို အောင်မြင်စွာ မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။
Aladdin Travel Service အနေဖြင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်တော်များအားလုံးအတွက် ပိုမိုလွယ်ကူ၊ သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းကင်းဖြင့် ယုံကြည်စိတ်ချရသော ခရီးစဉ်များ ဖြစ်စေရန် -
✅ တရားဝင် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းလိုင်စင် (TAT Licensed No. 14/04517)
✅ ATTA Member No. 04710 အပြည့်အဝရရှိထားပြီး၊
✅ လေဆိပ်အကြိုအပို့ (Airport Transfer)၊ စင်းလုံးငှား VIP ကားဝန်ဆောင်မှုများနှင့် စနစ်တကျ စီစဉ်ထားသော Quality Fully Tour Package များကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဝန်ဆောင်မှုပေးနေပါသည်။
ထိုင်းနိုင်ငံ ခရီးစဉ်များနှင့် စိတ်ချရသော ခရီးသွား ဝန်ဆောင်မှုများအတွက် Aladdin Travel Service ကို အမြဲသတိရလိုက်ပါခင်ဗျာ။
🌏ထိုင်းနိုင်ငံအခြေစိုက်ဖြစ်လို့ ဘာပဲလိုလို အချိန်မရွေး အနီးကပ်အဆင်သင့်ရှိနေမှာပါ ခင်ဗျာ 🙏
#ဘန်ကောက်ခရီးစဉ် #ဘန်ကောက်ကားငှား #ဘန်ကောက်လေဆိပ်ကြိုပို့ #ထိုင်းနိုင်ငံခရီးစဉ် #ခရီးသွားကြမယ်
17/06/2026
⛰️ Stardoi Farm Khaoyai @ Khao Yai 🇹🇭
"ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဥရောပကျေးလက်စတိုင် သိုးမွေးမြူရေးခြံဆီ အလည်သွားကြမယ်"
ဘန်ကောက်မြို့နဲ့ မလှမ်းမကမ်းမှာရှိပြီး သဘာဝတောတောင်အလှတရားတွေကြောင့် လူကြိုက်များတဲ့ Khao Yai (ခေါင်ရိုင်) ကို ရောက်ရင် မဖြစ်မနေ ဝင်ခဲ့သင့်တဲ့ အသည်းယားစရာ နေရာလေးတစ်ခုကတော့ "Stardoi Farm Khaoyai" ပဲ ဖြစ်ပါတယ်ရှင်။ 🌿🏡
မျက်စိတဆုံး ကျယ်ပြောလှတဲ့ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးနဲ့ ဘေးပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ တောင်တန်းကြီးတွေရဲ့ ရှုခင်းဟာ ဥရောပနိုင်ငံတစ်ခုခုရဲ့ ကျေးလက်ဒေသကို ရောက်ရှိသွားသလို ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရုန်းထွက်ပြီး မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူနဲ့အတူ Peaceful Vibes အပြည့်နဲ့ အပန်းဖြေဖို့ အကောင်းဆုံး Spot လေးတစ်ခုပါပဲ။ 😍🙌
🗺️ Stardoi Farm Khaoyai မှာ ဘာတွေလုပ်လို့ရမလဲ?
🐑 အမွေးဖွဖွ ချစ်စရာ Corriedale သိုးလေးများနှင့် အနီးကပ်တွေ့ဆုံခြင်း: ထိုင်းနိုင်ငံမှာ အများဆုံး တင်သွင်းထားတဲ့ "Corriedale" သိုးမျိုးစိတ် အဖြူရောင် အမွေးဖွဖွလေးတွေပဲ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ အရမ်းယဉ်ပါးပြီး လူအနားကို ကပ်တတ်တာမို့ အစာကျွေးရင်း၊ ပွတ်သပ်ရင်း စိတ်ကြိုက် ဓာတ်ပုံတွဲရိုက်လို့ ရပါတယ်ရှင်။
🦙 အယ်လ်ပါကာ (Alpaca) လေးများနှင့် မိတ်ဖွဲ့ခြင်း: သိုးလေးတွေတင်မကဘဲ လူချစ်လူခင်များတဲ့ ချစ်စရာ အယ်လ်ပါကာ (Alpaca) လေးတွေလည်း ရှိတာမို့ ကလေးရော လူကြီးပါ အသည်းယားစရာ အတွေ့အကြုံသစ်ကို ရရှိမှာပါ။
☕️ နွေးထွေးအေးချမ်းတဲ့ ကဖေး (Cafe) ဇုန်: Indoor ရော Outdoor ဆိုင်ဇုန်လေးတွေပါ အဆင်သင့်ရှိလို့ လှပတဲ့ တောင်တန်းရှုခင်းကြီးကို ငေးမောရင်း မုန့်နဲ့ ကော်ဖီပူပူလေး သောက်ကာ တစ်နေကုန် အေးအေးဆေးဆေး အနားယူ အပန်းဖြေနိုင်မှာပါ။
📸 Photo Spot Point: ဘယ်ထောင့်ကနေပဲ ရိုက်ရိုက် ဥရောပ စတိုင်လ်အပြည့် ထွက်တာမို့ Outfit လှလှလေးတွေ ပြင်ဆင်ပြီး ကင်မရာလေးကိုင်ရုံနဲ့တင် Social Media ပေါ်မှာ Like & Share အများဆုံးရမယ့် ပုံရိပ်တွေကို ပိုင်ဆိုင်နိုင်မဲ့ ဒီနေရာလေးကို သင့်ရဲ့ Next Trip List ထဲမှာ ထည့်ထားဖို့ မမေ့နဲ့နော် ။😉
📸 Photo Fully Credit:
#ထိုင်းနိုင်ငံခရီးစဉ် #ခေါင်ရိုင် #သိုးမွေးမြူရေးခြံ #ဥရောပစတိုင်
15/06/2026
"ခရီးစဉ်လေးတွေ မဝယ်မှီ ဘန်ကောက်မှာ TAT License ရှိလား တရားဝင် Tour company လား အရင်ဝင်လေ့လာကြည့်ပါ"
ခရီးတခုထွက်လာရခြင်းရဲ့ ရည်ရွယ်ချက်က ပျော်ရွှင် အပူပင်ကင်းရဖို့ အဓိကဖြစ်တာမို့ ပျော်ရွှင်ပြီး အဆင်ပြေချောမွေ့ရမယ့် quality tour ခရီးစဉ်လေးတခု ရဖို့ဆိုရင်တော့ ဈေးနှုန်း cost သက်သာတယ် ဆိုတာထက်
☑️ Customer care support ဘယ်လောက်အထိရှိလဲ?
☑️ ခရီးစဉ်ရောင်းရပြီး ပြီးရော လှည့်မကြည့်တဲ့ service မျိုးလား?
☑️ ကိုယ်အသိတယောက်မှ မရှိတဲ့၊ စကားလည်း မပေါက်တဲ့ ပတ်ဝန်းကျင်တခုမှာ အခက်အခဲ တခုခုကြုံခဲ့ရင် ကိုယ့်ကို ဘယ်လောက်ထိ အကူအညီပေးနိုင်လောက်လဲ?
☑️ လေဆိပ်ရောက်တာနဲ့ ကားရှာမရဘဲ လမ်းပျောက် မျက်စိပျာနေရမှာလား? ဆိုတာတွေကို အရင်လေ့လာဖို့ အကြံပေးလိုပါတယ်ခင်ဗျာ
🧏ကျနော်တို့ Aladdin Travel Service ကတော့ ဘန်ကောက်အခြေစိုက် တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီစစ်စစ်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းလိုင်စင် ( TAT licensed No. 14/04517 ) နဲ့ ATTA Member No. 04710 အပြည့်အဝ ရရှိထားကာ ထိုင်းနိုင်ငံ ခရီးသွားဝန်ဆောင်မှုလောကမှာ အတွေ့အကြုံရင့်ကျက်တဲ့ local travel service ဖြစ်တာမို့ ကျနော်တို့နဲ့ သွားတဲ့ဧည့်သည်တွေ အတွက်ဆိုရင်တော့ စပါယ်ရှယ်ဝန်ဆောင်မှု အနေနဲ့ ခရီးစဉ်အရောင်းသီးသန့်မဟုတ်ပဲ ဧည့်သည်တော်တို့ အဆင်ပြေစေရန်
• ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအနှံ့ လည်ပတ်ဖို့ ဒေသအကြောင်း ဗဟုသုတ
• ဘယ်တွေသွားသင့်လဲ၊ ဘယ်မှာစားသင့်လဲ နဲ့ ဂျင်းတွေအတွက် ဆောင်ရန်/ရှောင်ရန်တွေ
• အချိန်ကုန်သက်သာမယ့်၊ လမ်းခရီး အစစ်အဆေး ကင်းဝေးစေမယ့် သေချာစနစ်ကျမယ့် Trip plan တွေကို စိတ်ရှည်ရှည်နဲ့ ပြောပြဆွေးနွေးပေးတဲ့အပြင် ခရီးစဉ်တလျှောက် အဆင်ပြေချောမွေ့အောင် အစအဆုံး စီစဉ်ပေးတာမို့ Local Friend တစ်ယောက် ရထားသလိုမျိုး ခံစားမှုမျိုးကို ကျနော်တို့ Aladdin Travel Service ရဲ့ Admin တွေဆီကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ
ဒါ့အပြင် ကျနော်တို့အနေနဲ့လည်း ဈေးနှုန်းထက် ဧည့်သည်တွေ ပျော်ရွှင်စိတ်အေးရမယ့် Quality Tour ကိုပဲ ဦးစားပေး စီစဉ်ပေးတာကြောင့် ကျနော်တို့ဆီက fully packed ခရီးစဉ်လေးတွေ ဝယ်ရင် အဆင်ပြေစေဖို့အတွက် ခရီးသွားအာမခံ (Travel Insurance) နဲ့ တရားဝင် Job Order Document အတိအကျ အမြဲတမ်း ပါဝင်ပြီးသားမို့ ၁၀၀% ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ကြောင်း အာမခံပါရစေခင်ဗျာ 🙏
‼️ ( ထိုင်းနိုင်ငံဟာ ကမ္ဘာတဝှမ်းမှ ခရီးသွားလာမှု အများဆုံးဖြစ်တာမို့ ကားနဲ့ ခရီးစဉ်တွေ အဆင်ပြေချောမွေ့စေရန် စောစွာ ကြိုစီစဉ်ဖို့ မေတ္တာဖြင့် အကြံပေးလိုပါတယ်ခင်ဗျာ )
✅ ရရှိနိုင်တဲ့ ဝန်ဆောင်မှုများအနေနဲ့ -
• Option 1: Airport Pick-up & Drop-Off (ATTA Counter) - သုဝဏ္ဏဘူမိ (Exit B ➡ Gate 4) နဲ့ ဒွန်မောင်း (7-Eleven အနီး Meeting Point) ရှိ ATTA Official Counter မှာ တရားဝင် စနစ်တကျ ကြိုဆိုပေးပြီး Professional Thai Driver များက Flight နောက်ကျရင်လည်း ၂၄ နာရီ ဝန်ဆောင်မှုပေးပါတယ်။
• Option 2: Airport Transfer (One Way Trip) - Taxi တိုးဝှေ့ရှာစရာမလိုဘဲ လေဆိပ်မှ ဟိုတယ် သို့မဟုတ် မြို့တွင်း Point-to-Point တိုက်ရိုက်သွားနိုင်ပြီး ကားဆီခ၊ အဝေးပြေးလမ်းကြေး၊ ပါကင်ကြေး အပြီးအစီး (Extra Charge မရှိပါ)။
• Option 3: 10 Hours Chartered Private Tour - မနက် ၈ နာရီ မှ ညနေ ၆ နာရီအထိ (၁၀ နာရီပြည့်) စိတ်ကြိုက်သွားချင်သူများအတွက် ခရီးစဉ်ရက်အလိုက် Bangkok City, Pattaya, Khao Yai, Hua Hin, Ayutthaya, Kanchanaburi,Chiang Mai , Phuket သီးသန့်ကားမောင်းနှင်ပေးခြင်း။
• Option 4: Aladdin Fully Tour Package - ဘာမှစီစဉ်စရာမလိုဘဲ မော်ဒယ်မြင့် VIP ကား၊ Professional Licensed Guide၊ Travel Insurance ၊ အဆင့်မှီ Hotel + အစားအသောက်နဲ့ ဝင်ကြေးလက်မှတ်များ အပြည့်အစုံပါဝင်တဲ့ “Full Package” လည်း အစအဆုံး စီစဉ်ပေးပါတယ်ခင်ဗျာ။
ℹ️ ဧည်သည်တို့အနေနဲ့ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအတွင်း ခရီးစဉ်လေးတွေ စိတ်ဝင်စားလို့ တိုင်ပင်ချင်တာလေးတွေအတွက် ကျနော်တို့ Admin များမှ ရုံးချိန် ထိုင်းစံတော်ချိန် မနက် 9 နာရီမှ ည 11 နာရီအတွင်း response အမြန်ဆုံးနဲ့ ဝန်ဆောင်မှုပေးနေပါပြီနော် 🙏
#တရားဝင်ခရီးသွားလုပ်ငန်း #ဘန်ကောက်ခရီးစဉ် #ဘန်ကောက်ကားငှား #ဘန်ကောက်လေဆိပ်ကြိုပို့ #ထိုင်းနိုင်ငံခရီးစဉ် #ခရီးသွားကြမယ်
13/06/2026
စိမ်းစိုနေတဲ့ တောင်တန်းကြီးရယ်၊ ကြည်လင်တဲ့ ရေပြင်ကျယ်ရယ်နဲ့ သဘာဝတရားရဲ့ အလှတရားကြားမှာ စိတ်အပန်းဖြေဖို့... ⛰️☁️
မြို့ပြရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ မွန်းကြပ်မှုတွေကနေ ခဏတာခွဲထွက်ပြီး သဘာဝတရားကြီးဆီမှာ စိတ်အေးလက်အေး အနားယူချင်သူတွေအတွက် ဒီနေရာလေးကတော့ ထိုင်းနိုင်ငံ၊ Nakhon Nayok မြို့မှာရှိတဲ့ Sai Thong Reservoirရေလှောင်တမံလေးပဲ ဖြစ်ပါတယ်။
🧏 ဒီနေရာလေးမှာ ဘာတွေခံစားလို့ရမလဲ?
Chill လို့ကောင်းတဲ့ ပတ်ဝန်းကျင်: စိမ်းလန်းစိုပြေနေတဲ့ သစ်တောတောင်တန်းကြီးတွေ၊ ပြာလဲ့နေတဲ့ မိုးကောင်းကင်နဲ့ ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းရေကြည်လေးတွေက သင့်ကို စိတ်အေးချမ်းမှု အပြည့်အဝပေးမှာပါ။
သဘာဝပတ်ဝန်းကျင် အလှအပ: မြက်ခင်းစိမ်းစိုစိုပေါ်မှာ လွှတ်ကျောင်းထားတဲ့ ကျွဲအုပ်လေးတွေနဲ့အတူ ဆွတ်ပျံ့ဖွယ် ကျေးလက်ရှုခင်း အလှကို မြင်တွေ့နိုင်ပါတယ်။
Camping & Activity: မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ကားလေးပတ်မောင်းရင်း ကန်ဘေးမှာ Tent ထိုးပြီး Camping ချမလား၊ စကားစမြည်ပြောရင်း အပန်းဖြေမလား... အားလုံးအတွက် အဆင်ပြေတဲ့ နေရာလေးပါ။
📸 ပုံလှလှလေးတွေကတော့ (၁၃ ဇွန် ၂၀၂၆) က လတ်တလော အခြေအနေ ရှုခင်းအလှလေးတွေပဲ ဖြစ်ပါတယ်။
သဘာဝရဲ့ အေးချမ်းမှုကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို သင့်ရဲ့ Next Trip List ထဲမှာ ထည့်ထားဖို့ မမေ့နဲ့နော်။ 😉
Google maps: https://maps.app.goo.gl/6vbx97fqzSdqorgJA?g_st=ac
📸 Photo Fully Credit:
12/06/2026
📌 [အရေးကြီးခရီးသွားသတိပေးချက်] ဘန်ကောက်မြို့ရှိ Grand Palace နှင့် Wat Phra Kaew (မြဘုရား) ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခြင်း
Aladdin Travel Service မှ ခရီးသွားဧည့်သည်တော်များအားလုံးအတွက် အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို မျှဝေပေးလိုပါသည်။
ဘန်ကောက်မြို့ရှိ အထင်ကရနေရာများဖြစ်သော The Grand Palace (နန်းတော်ကြီး) နှင့် Temple of the Emerald Buddha / Wat Phra Kaew (မြစိမ်းဘုရား) တို့တွင် တော်ဝင်ဈာပနအခမ်းအနားများ ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် အောက်ပါရက်စွဲများအတိုင်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း ခရီးသွားရဲတပ်ဖွဲ့ (Tourist Police Bureau) မှ ထုတ်ပြန်ထားပါသည်။
📅 ယာယီပိတ်မည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ
ထို့ကြောင့် ထိုရက်ပိုင်းအတွင်း ဘန်ကောက်သို့ လာရောက်လည်ပတ်ရန် စီစဉ်ထားသော ဧည့်သည်တော်များအနေဖြင့် ခရီးစဉ်လမ်းကြောင်းများ (Itinerary) ကို အဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများ ပြုလုပ်ထားကြပါရန် အကြံပြုအပ်ပါသည်။
Aladdin Travel Service အနေဖြင့်လည်း မိမိတို့နှင့်အတူ ခရီးသွားမည့် ဧည့်သည်တော်များ အဆင်မပြေမှုမရှိစေရန် အကောင်းဆုံး ခရီးစဉ်အစီအစဉ်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
စိတ်ချမ်းမြေ့စရာ ခရီးစဉ်များကို ပိုင်ဆိုင်နိုင်ကြပါစေ။ ❤️
#မြဘုရား #ဘန်ကောက်ခရီးစဉ်
🌿 အခုလို June နဲ့ July မိုးရာသီ မှာဗီဒီယို ထဲမှာ တွေ့မြင်ရတဲ့ ထူးခြားဆန်းပြားပြီး သပ္ပာယ်လွန်းလှတဲ့ အဖြူရောင် ဗုဒ္ဓရုပ်ပွားတော် ၅ ဆူကို အကြီးမှ အသေး အစဉ်လိုက် ထပ်ဆင့်ပူဇော်ထားတဲ့ Wat Phra That Pha Sorn Kaew နဲ့ ဘုရားကျောင်းဆောင်တစ်ခုလုံးကို Mosaic ဖန်စီချစ်ပ်ပြားများ၊ ရောင်စုံကြွေထည်မြေထည် အနုပညာလက်ရာ (Ceramic art) ပေါင်း ၅ သန်းကျော်နဲ့ သေသပ်လှပစွာ စီခြယ်ပူဇော်ထားအနုပညာကျောင်းတော်ကြီး ဖြစ်ပါတယ်။
ဒေသခံတွေနဲ့ မြန်မာခရီးသွားတွေကြားမှာတော့ “ငါးမျက်နှာဘုရားကြီး” လို့ လူသိများပါတယ်။
လောလောဆယ် ခရီးမထွက်နိုင်သေးတဲ့ A.T.S ဧည့်သည်တော်များ လည်း ဗီဒီယိုလေးကြည့်ရင်း စိတ်အမောပြေ ဖူးမြော်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ 🥰
💁 အခုပြထားတဲ့ခရီးစဥ် နေရာလေးတွေကို Service ကောင်းကောင်းနဲ့ သွားလည်ချင်ရင် ကျွန်မတို့ Aladdin Travel Service (A.T.S) ရဲ့ သဘောကောင်းပြီး ထိုင်းနိုင်ငံအနှံ့ ခရီးသွားအကြောင်း နားလည်ကျွမ်းကျင်တဲ့ Admin တွေက ဧည့်သည်တို့ သွားချင်တဲ့ Trip plan အတိုင်း flexible ဖြစ်အောင် Free Consulting ဆွေးနွေးပေးမယ့်အပြင်၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့အောင် အစအဆုံး စီစဉ်ပေးတာမို့ လိုအပ်တာရှိရင် အခုပဲ ဆက်သွယ်လိုက်လို့ ရပါတယ်ရှင့် 🤗
❗ကျွန်မတို့ Aladdin Travel Service (ATS) သည် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းလိုင်စင် TAT License No. 14/04517 နှင့် ATTA Member No. 04710 ရရှိထားသည့်အပြင်၊ ခရီးသွားဝန်ဆောင်မှု အတွေ့အကြုံရင့်ကျက်သော တရားဝင် Local Tour Company ဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ ခရီးစဉ်အတွက် 100% ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်တိုင်းကျ Private Car + Driver နဲ့ပဲ သွားမလား၊ Full Package နဲ့ပဲ စိတ်အေးချမ်းသာ သွားမလား... အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။
💁 လည်ချင်တဲ့ ရက်အရေအတွက်
💁 လူဦးရေ နဲ့တကွ
Messenger ကနေ လာရောက်ပြောပြပေးပါက Quotation အမြန်ဆုံး တွက်ချက်ပေးဖို့ အသင့်ရှိနေပါတယ်။ 💛
🌍 Travel with Peace of Mind 🌍
#ငါးမျက်နှာဘုရားကြီး
#ထိုင်းနိုင်ငံခရီးသွားဝန်ဆောင်မှု
10/06/2026
🏞️🍀 Northern Thailand @ Chiang Mai & Chiang Rai 🇹🇭
မြောက်ပိုင်းထိုင်းရဲ့ အေးမြတဲ့လေညင်း၊ စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေနဲ့အတူ အမှတ်တရသစ်တွေ ဖန်တီးဖို့ အဆင်သင့်ဖြစ်ပြီလား? 🏞️ အခုလို June နဲ့ July ရဲ့ ရာသီဥတုအကူးအပြောင်း (Green Season) မှာ ထိုင်းမြောက်ပိုင်းဒေသဟာ ပိုပြီး စိမ်းလန်းစိုပြေလို့ နေပါတယ်။
မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး စိတ်ရောကိုယ်ပါ အပန်းဖြေဖို့အတွက် A.T.S ကနေ အကောင်းဆုံးခရီးစဉ်တွေကို ပြင်ဆင်ပေးထားပါတယ်ရှင်။ 😍🙌
❗ Full Package အပြင် မိမိတို့စိတ်ကြိုက် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို ကိုယ်တိုင်ရွေးချယ်ချင်သူတွေအတွက် အစအဆုံး အပူအပင်မရှိဘဲ လွတ်လပ်မှုအပြည့်နဲ့ သွားလာနိုင်မယ့် "Private Tour (Car + Driver) ဝန်ဆောင်မှု" ကိုလည်း သီးသန့်စီစဉ်ပေးနေပါပြီရှင်။ ✨
ဘန်ကောက်ကဖြစ်ဖြစ်၊ မြန်မာပြည်ကဖြစ်ဖြစ် မိသားစု (သို့) သူငယ်ချင်းအဖွဲ့လိုက်အတွက် စိတ်ကြိုက်အစီအစဉ်နဲ့ သွားလာနိုင်မယ့် ခရီးစဉ်အတွင်း မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာများကို ဖော်ပြပေးလိုက်ပါတယ်ရှင်။
📍 Wat Phra That Doi Suthep 🙏🏻
ချင်းမိုင်မြို့ရဲ့ အထွတ်အမြတ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ ကျော် တောင်ထိပ်ပေါ်မှာ တည်ရှိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်ကြည်ညိုဖွယ်ရာ စေတီတော်မြတ်ကြီးကို ဖူးမြော်ရင်း ချင်းမိုင်တစ်မြို့လုံးရဲ့ ရှုခင်းကို ၃၆၀ ဒီဂရီ ငေးမောကြည့်ရှုနိုင်မယ့် အကောင်းဆုံး Viewpoint Spot ကြီးလည်း ဖြစ်ပါတယ်။
📍 Mae Kampong Village 🏡
တောင်ချိုင့်ဝှမ်းထဲမှာ သဘာဝအတိုင်း တည်ရှိနေပြီး စမ်းချောင်းသံလေးတွေ၊ စိမ်းစိုနေတဲ့ သစ်တောတွေနဲ့အတူ ရိုးရာအိမ်လေးတွေ ရှိရာ အလွန်ဆိတ်ငြိမ်လှပတဲ့ ကရင်ရွာလေးတစ်ခုပါ။ ရွာထဲက နာမည်ကြီး Cafe ဆိုင်လေးတွေမှာ ကော်ဖီပူပူလေးသောက်ရင်း တောင်ပေါ်လေညင်းကို ခံစားဖို့ အမိမိုက်ဆုံးနေရာပါပဲ။
📍Mon Jam ☁️🍓
မနက်စောစော တိမ်ပင်လယ် (Sea of Clouds) နဲ့ နှင်းမြူတွေကို အပီအပြင် ကြည့်ချင်သူတွေ လုံးဝလက်လွတ်မခံသင့်တဲ့ နေရာပါ။ မိုးရာသီရဲ့ မနက်ခင်းတွေမှာ တောင်စောင်းတစ်လျှောက် စိုက်ပျိုးထားတဲ့ ပန်းခင်းတွေ၊ စိုက်ခင်းတွေနဲ့အတူ တိမ်တိုက်တွေက ပင်လယ်ပြင်ကြီးလို ဖုံးလွှမ်းထားတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါပဲ။
📍 Mae Hong Son (Ban Rak Thai) & Pai 🛶✨
ထိုင်း-မြန်မာနယ်စပ်နားက တရုတ်ယူနန်ရွာလေးဖြစ်တဲ့ Ban Rak Thai ဟာ ရေကန်ကြီးကို ဝန်းရံထားတဲ့ လက်ဖက်စိုက်ခင်းတွေ၊ မြူခိုးတွေနဲ့ တကယ့်ကို ပန်းချီကားတစ်ချပ်လို လှပလွန်းလို့ "ထိုင်းနိုင်ငံရဲ့ အလှဆုံးလျှို့ဝှက်ချက်"လို့ တင်စားကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပိုင် (Pai) မြို့လေးရဲ့ သဘာဝတောတောင်အလှတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်နေမှာပါ။
📍Chiang Rai (Art & Culture) 🕌🎨
အနုပညာလက်ရာမြောက်လွန်းလှတဲ့ အဖြူရောင်ဘုရားကျောင်း (White Temple) နဲ့ အပြာရောင်ဘုရားကျောင်း (Blue Temple) တို့ရှိရာ မြို့ဖြစ်ပြီး၊ ထိုင်းမြောက်ပိုင်းရဲ့ ထူးခြားဆန်းသစ်တဲ့ ဗိသုကာလက်ရာတွေကို တကယ့်ကို အံ့မခန်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အခုလိုရာသီမှာ မြောက်ပိုင်းကို သွားရတာ ပိုပြီး အေးချမ်းသလို လူလည်း သိပ်မရှုပ်လို့ စိတ်ကြိုက် ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ပါတယ်။ ဒီ June နဲ့ July အားလပ်ရက်တွေမှာ စိမ်းစိုစို တောင်တန်းတွေဆီ အလည်သွားဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ🙏💛
✅ အခုပြထားတဲ့ခရီးစဥ် နေရာလေးတွေကို Service ကောင်းကောင်းနဲ့ သွားလည်ချင်ရင် ကျွန်မတို့ Aladdin Travel Service (A.T.S) ရဲ့ သဘောကောင်းပြီး ထိုင်းမြောက်ပိုင်းခရီးသွားအကြောင်း နားလည်ကျွမ်းကျင်တဲ့ Admin တွေက ဧည့်သည်တို့ သွားချင်တဲ့ Trip plan အတိုင်း flexible ဖြစ်အောင် Free Consulting ဆွေးနွေးပေးမယ့်အပြင်၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့အောင် အစအဆုံး စီစဉ်ပေးတာမို့ လိုအပ်တာရှိရင် အခုပဲ ဆက်သွယ်လိုက်လို့ ရပါတယ်ရှင် 🤗
ℹ️ ကျွန်မတို့ Aladdin Travel Service (ATS) သည် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းလိုင်စင် TAT License No. 14/04517 နှင့် ATTA Member No. 04710 ရရှိထားသည့်အပြင်၊ ခရီးသွားဝန်ဆောင်မှု အတွေ့အကြုံရင့်ကျက်သော တရားဝင် Local Tour Company ဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ မြောက်ပိုင်းခရီးစဉ်အတွက် 100% ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
🧏မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်တိုင်းကျ Private Car + Driver နဲ့ပဲ သွားမလား၊ Full Package နဲ့ပဲ စိတ်အေးချမ်းသာ သွားမလား... အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။
💁 လည်ချင်တဲ့ ရက်အရေအတွက်
💁 လူဦးရေ နဲ့တကွ
Messenger ကနေ လာရောက်ပြောပြပေးပါက Quotation အမြန်ဆုံး တွက်ချက်ပေးဖို့ အသင့်ရှိနေပါတယ်။ 💛
🌍 Travel with Peace of Mind 🌍
ALADDIN TRAVEL SERVICE CO.,LTD
#ချင်းမိုင် #ချင်းရိုင်း #မယ့်ကပေါက် #ထိုင်းနိုင်ငံခရီးသွား #မြန်မာခရီးသွားများအတွက် #ချင်းမိုင်ခရီးစဉ် #အလည်ပတ် #ထိုင်းရောက်ရွှေမြန်မာ #မိသားစုခရီးစဉ် #ထိုင်းခရီးသွားအာမခံ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
343/329 2nd FLOOR KLONGLUMJEAK Road, NUANCHAN, BUENGKUM
Bangkok
10230