ANYAR Kitchen
16/09/2024
👉အားလုံးမျှော်လင့်နေကြတဲ့ အညာ Kitchen ရဲ့အထူးစပယ်ရှယ် ဟင်းလျာတပွဲဖြစ်တဲ့ 🍽️
တခါစားရုံနဲ့လျှာလည်သွားစေမယ့် Taste မျိူး စားဖူးချင်လား…?😊
ဘီယာကြိုက်တဲ့ ကိုကိုတွေလား?
အစားတလိုင်း ညီမလေးတွေလား?
လာထား …
အမြည်းနေပဲစားစား
ထမင်းလွတ်ပဲ ဆွဲဆွဲ
အားလုံး ရင်ထဲစွဲငြိသွားစေမယ့်
အညာ Kitchen ရဲ့ 👉🏻 ဝက်သားဒုတ်ထိုး ❤️
ပြီးတော့ ဝက်သားဒုတ်ထိုးနဲ့ အလိုက်ဖက်ဆုံး
အစားစာဖြစ်တဲ့ 👉 ကြာဇံကြော်
မအီမနောက်စေရအောင် မန်းကျည်းနှစ် Base ယူပြီး အစပ်အရသာလေးပေါ်လွင်စေမယ့်
👉 မန်ကျည်းဆော့
ကဲ ဘာလိုသေးလဲ
အချိန်မကုန် စျေးသက်သာ၊ သန့်ရှင်းလတ်ဆတ်ပြီး မြန်မာအစားအစာ လွမ်းနေသူတွေအတွက်လည်းစိတ်အာသီသ ပြည့်ဝစေမယ့်…
အညာ Kitchen ရဲ့ ထူးရှယ်ဒုတ်ထိုးကို မှာယူအားပေးချင်တယ်ဆိုရင် လာမယ့် ဗုဒ္ဓဟူးနေ့မှာ
Rangsit အနီးတဝိုက် Delivery Free နဲ့ ရောင်းချပေးမှာ ဖြစ်လို့ Line Group ကနေ မြန်မြန် Pre Order တင်လိုက်ရအောင်နော်…
ပွဲ ၂၀ ပဲရောင်းပေးမှာဖြစ်လို့ လက်ဦးမှစိတ်ချရမယ်နော် 😁
#တပွဲ၉၀ဘတ်
Order တင်ရန်
👉
https://line.me/R/ti/g/IATLKmh39h
13/07/2024
အားလုံးပဲ မဂ်လာပါ…
🙏🏻🙏🏻🙏🏻
ဒီနေ့ ကျတော်က အစားအသောက် ချစ်သူတွေအတွက် အရသာရှိတဲ့ ဟင်းပွဲတွေ ဘယ်လိုဖန်တီးချက်ပြုတ်မလဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။ 😍
မြန်မာပြည် အစားအသောက်တွေကို
လွမ်းနေတဲ့အခါ… 🥹
ပိုက်ဆံရှိရုံနဲ့ ဝယ်စားချင်တိုင်း လွယ်လွယ်ကူကူဝယ်စားလို့မရတဲ့အခါ…🥹
တကယ်တော့ ကျတော်တို့ဟာ
ဦးထီး သီချင်းထဲကလို
“ချစ်စကားလေးတွေ ဝေနေချိန်မှာ တုံ့ပြန်ဖို့ သတိမရတယ် “ ချစ်စကားလေးတွေကြား နေချိန်မှာ တန်ဖိုးရှိမှန်းမသိခဲ့ကြပါဘူး… ❤️❤️❤️
မြန်မာအစားအသောက်တွေ မြန်မာပြည်မှာ အဆင်သင့်စားနေရချိန်မှာ မလွမ်းတတ်ခဲ့ပါဘူး
ကဲအခုတော့ တိုင်းတပါးမှာ လွမ်းနေရပြီ ဟုတ်???
မြန်မာ့လက်ရာတွေကို တိုင်းတပါးမှာ ဘယ်လို အလွယ်တကူ ချက်စားကြမလဲ??? 🤔
လျိူ့ဝှက်ချက် လေးတွေပြောပြမှာမို့
ဆက်ဖတ် ကြည့်ဦးနော် 😎😎😎
မြန်မာ့ စကားပုံ တခုကို ယူပြောရရင်
အစာလည်းဆေး ဆေးလည်းအစာမို့
မိမိစားသောက်မယ့် အစားအစာဟာ
မိမိအတွက် ခွန်အားဖြစ်စေမှာပါ။
ဒါကြောင့်မို့ အစားစားတဲ့အခါ
✅နံပါတ် (၁)
အရေးကြီးတာဟာ ခွန်အားဖြစ်စေမယ့် အစားအစာ စားဖို့အရေးကြီးပါတယ် ။ ပြောင်းပြန်ပြောရရင် လူခန္ဓာကိုယ်အတွက် အဆိပ်အတောက်မဖြစ်စေတဲ့ အစားအစာပါ။
✅နံပါတ် (၂)
အရေးကြီးတာကတော့ သန့်ရှင်းလတ်ဆတ်မှုပဲ ဖြစ်ပါတယ်။ အသီးအနှံပဲ ဖြစ်ဖြစ် အသားငါးပဲ ဖြစ်ဖြစ် သန့်ရှင်းလတ်ဆတ် နေဖို့လိုပါတယ်။
✅နံပါတ် (၃)
အရေးကြီးတာကတော့ အရသာ ရှိဖို့လိုပါတယ်။
အရသာရှိအောင် ချက်ပြုတ်တတ်ဖို့ကတော့
နည်းနည်းလေး စကားပြောပါတယ်။
အဲ့တော့
👉🏻 အရသာရှိတဲ့ ဟင်းပွဲတွေ ဖန်တီးချက်ပြုတ် တတ်ချင်ရင် ကျတော်တို့ Page လေးကို Like and Follow လုပ်ထားပါဗျ။ မြန်မာ့အရသာ ဟင်းချက်ပြုတ်နည်းတွေကို အချိန်နဲ့အမျှ upload လုပ်ပေးနေမှာမို့ Facebook သုံးရင်း
ဟင်းချက် လို့ရမှာပါ 😂
မြန်မာပြည်အစားအစားတွေကိုလည်း လွမ်းတယ်
အရသာရှိရှိလည်း သုံးဆောင်ချင်တယ်
ကိုယ်တိုင်လည်း မချက်ချင်ဘူး ဆိုတဲ့သူတွေအတွက်ကတော့
👉 မကြာမှီမှာ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ဟင်းပွဲတွေကို ကျတော်တို့က စျေးနှုန်းချိူသာစွာ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျ။
အားလုံးကိုချစ်တယ်
ကျတော့်ကိုလည်း ပြန်ချစ်ပေး 🥰🥰🥰
Join our YouTube channel -https://youtube.com/?si=Xk51K91G6GU4DfUn
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10260