November Book Store
31/10/2025
လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် ၁၀၀ရာခိုင်နှုန်း ကျန်းမာပျော်ရွှင်ကြည်နေတာမဟုတ်ဘူး။ Mental Issue စိတ်ပြဿနာလေးတွေဟာ အတည်းအများဆိုသလို ရှိတတ်ပါတယ်။ ဒီလိုအခြေအနေလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ခံစားရတဲ့အတိမ်အနက်တွေလည်း ကွဲပြားခြားနားသွားကြတာ၊ လျော့ပါးသက်သာသွားတာမျိုးပဲဖြစ်ပါတယ်။
စိတ်ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီဆိုရင် အဲဒီအရာကို အရင်ဆုံး သိနေဖို့လိုပါတယ်။ Self Awareness က အရေးကြီးပါတယ်။ အခုလိုမျိုး ရာသီဥတုကလည်း ပူပြင်းတယ်။ အလုပ်တွေလည်း လုပ်နေရတယ်၊ စိတ်ရှုပ်စရာတွေလည်း ရှိနေတယ်ဆိုတဲ့နေ့တိုင်းမှာ ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိပြုပေးပါ။ မေးကြည့်ပေးပါ။
ငါဟာ အခုပျော်နေလား။ ဝမ်းနည်းနေလား။ ပျော်တယ်လည်းမဟုတ်၊ ဝမ်းနည်းတယ်လည်းမဟုတ် ရင်ထဲမှာဘာမှမရှိ အချည်းနှီးဖြစ်နေသလား။ ဗလာဟင်းလင်းဖြစ်နေသလား။ ကြောက်ရွံ့နေတာလား။ အရာရာကို လွှတ်ချချင်တာလား။ ကိုယ်ရဲ့စိတ်ခံစားမှုကို သိသွားပြီဆိုတဲ့အခါ အဲဒီခံစားချက်ကို ဆွဲတင်လာပါ။ လက်ခံပေးပါ။ အသိအမှတ်ပြုပေးပါ။
အသက်ကိုရှူသွင်း ရှူထုတ်လုပ်ရင်း Release လုပ်ပေးပါ။ အဓိကအချက်က ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကိုသိတော့မှ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။
#မွန်ဟော်စီ
#ဝယ်ပေးထားပါ နောက်မှယူမယ်နှင့်
မယူဖြစ်ကြတော့သော
မင်မင်တို့onlineဆ်ုင်လေး
မှစာအုပ်လေးများ ပိုင်ရှင်လာအခေါ်ကို စောင့်နေကြပါတယ်ရှင်😁😁
မင်မင်လည်းစိုက်ကာစုစုပြီးဝယ်ပေးရင်း
Customer ၁၀ေယာက် မကကျော်လာတော့ စာအုပ်တွေပုံနေပါပြီရှင်💔
မယူဖြစ်ကြတော့ဘူးပြောတာက ၇ယောက်လောက်ရှိပါတယ်။
စာနာသောအားဖြင့် ရှေ့၈/၉လပိုင်းတုန်းကမှာထားတာလေးတွေကို လာယူပေးလှည့်ကြပါအုံးနော်🥰
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ บุคคลสาธารณะ
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok