LABORWORK

LABORWORK

แชร์

30/04/2026

LaborWork Company Limited (ရုံးပိတ်ရက် အသိပေးချက်)

အလုပ်သမားနေ့ (May Day) အထိမ်းအမှတ်အဖြစ်
၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင် ရုံးပိတ်မည် ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် မေလ (၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

06/03/2026

🚨 LABORWORK နဲ့ ဝပ်ပါမစ်ကဒ် မရသေးတဲ့သူတွေ… ဒီ Post ကို မဖြစ်မနေ ဖတ်ပါ!

“ကတ် ဘယ်တော့ရမလဲ?”
“သူဌေးက ကဒ်တောင်းနေပြီ…”
“ပန်းရောင်ကဒ်ကလည်း မရိုက်ရသေးဘူး…”

ဆိုပြီး စိတ်ပူနေတဲ့ LaborWork နဲ့ ဘတ်အသစ်ရိုက်ထားတဲ့ အစ်ကို/အစ်မတို့အတွက် သတင်းကောင်းကြီး လာပါပြီ။ 🎉

မကြာခင် ရက်ပိုင်းအတွင်းမှာ
LaborWork နဲ့ ဘတ်အသစ်ရိုက်ထားသူတွေ
👉 မျက်စိ Scan ဖတ်
👉 ဓာတ်ပုံရိုက်
👉 Work Permit Smart Card (ကတ်အစစ်)
သွားရောက် ထုတ်ယူနိုင်ဖို့ အဆင်သင့်ဖြစ်ဆောင်ရွက်နေပါပြီ။

ဒါကြောင့် ကဒ်သွားရိုက်မယ့်နေ့အတွက် ဒီအချက်တွေကို ကြိုသိထားပါ —

📌 အဝတ်အစား (အရေးကြီး)
ဓာတ်ပုံရိုက်ရမှာဖြစ်လို့ ကော်လာပါတဲ့ အင်္ကျီ သင့်တော်တဲ့အဝတ်စားများသာ ဝတ်လာပေးပါခင်ဗျ။

📌 မျက်စိ Scan ဖတ်ခြင်း ၊လက်ဗွေနှိပ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်းတို့ လုပ်ဆောင်၍ ဝပ်ပါမစ်ကဒ် ထုပ်ပေးမည်ဖြစ်ပါတယ်။

📌 ယူလာရမယ့် စာရွက်စာတမ်း
✔ Passport (အစစ်)
✔ ဘိုင်အနုမတ် / အတည်ပြုစာရွက်

📣 အရေးကြီးဆုံးအချက်

အလုပ်သမားတွေဘက်က အခုချိန်မှာ ဘာမှ ပြေးလွှားလုပ်စရာ မလိုသေးပါဘူး။

LaborWork ဝန်ထမ်းများက ရက်ချိန်းတွေကို စာရင်းတွေစီစဉ်ပြီး သတ်မှတ်ရက်များအတွင်း ကိုယ်စားလှယ်များ နှင့် Customers အားလုံးကို ဖုန်းဆက် အကြောင်းကြား၍ အဖွဲ့လိုက်စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဖုန်းကို အမြဲဆက်သွယ်လို့ရအောင် ဖွင့်ထားပေးပါနော်။

LaborWork Company Limited ဟာ တရားဝင် ၅ ကုမ္ပဏီကြီး ဖြစ်တဲ့အတွက် စာရွက်စာတမ်းတွေကို ပစ်မထားဘဲအလုပ်သမားတိုင်း လက်ထဲကို အမြန်ဆုံး စာရွက်စာတမ်းပြည့်စုံတဲ့အထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

ဒါကြောင့် ယုံကြည်စိတ်ချစွာနဲ့ စောင့်မျှော်ပေးကြပါ။ 🙏

📢 ကတ်ထုတ်မယ့် ရက်ချိန်းအသေးစိတ်ကို မကြာခင် ထပ်မံ ကြေညာပေးပါမယ်။ သတ်မှတ်ရက်စွဲနှင့်အချိန်အတိုင်းအတိကျ လာရောက်ပေးဖို့လိုအပ်ပါသည်။

ကျွန်တော်တို့ရဲ့ LABORWORK COMPANY LIMITED အနေဖြင့် ဝန်ဆောင်မှုပေးနိုင်တာတွေကတော့ (work permit ဝပ်ပါမစ်/ visa ဗီဇာ) အလုပ်လုပ်ကိုင်ခွင့်နှင့်‌နေထိုင်ခွင့်ဆိုင်ရာ အထောက်အထားများကို တရားဝင်တိကျမြန်ဆန်စွာလိုအပ်သူတွေအတွက် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

LABORWORK ကုမ္ပဏီ လီမိတက် သည် ဥပဒေအရ မှတ်ပုံတင်ပြီးသား ကုမ္ပဏီတစ်ခုဖြစ်ပြီး ထိုင်းအလုပ်အကိုင်ဌာန (กรมการจัดหางาน) တွင် အာမခံငွေ တင်သွင်းထားသော တရားဝင် ကုမ္ပဏီဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများကို တိကျမှန်ကန်၊ မြန်ဆန်နှင့် ယုံကြည်စိတ်ချရစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

📍 LaborWork ရုံးချုပ် (Head Office)
304/6-8 Prachauthit Road, Tungkru Market (New) အနီး

☎️ ဆက်သွယ်ရန် – 099-179-8701




#ဘတ်အသစ်
#စမတ်ကတ်
#ထိုင်းရောက်မြန်မာများ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง การปฏิบัติตามกฎหมาย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


304/6-8 Prachauthit Road, Bangmot
Bangkok
10140

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00