Thwin

Thwin

แชร์

20/11/2025

၂၀၂၆ ကို ရောက်ဖို့ ၂ လပဲ လိုတော့သလို၊ ၂၀၁၉ ဆိုတာကလည်း ၇ နှစ်တောင် ဝေးသွားခဲ့ပြီနော် 🥹

ဒီ ၇ နှစ်တာကာလမှာ အားလုံးအတွက် လွယ်ကူခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲလေ။

ရည်မှန်းချက်တွေ လွဲချော်ခဲ့တာ၊ အိပ်မက်တွေ ပျောက်ဆုံးခဲ့တာ၊ ဆုံးရှုံးမှုတွေကို အနည်းနဲ့အများဆိုသလို ကြုံခဲ့ကြရမှာပဲ။ ဒါပေမဲ့ အဲ့ဒီအရာတွေအားလုံးကပဲ ဒီနေ့ဒီနေရာလေးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေခဲ့တာပါ။

ခုချိန်မှာ ၂၀၁၉ တုန်းက ကိုယ့်ကို ပြန်ကြည့်လိုက်တော့ တော်တော်လေးကို ပြောင်းလဲသွားခဲ့တာကို မြင်လိုက်ရပါတယ်။အရင်လို စိတ်ကောက်လွယ်၊ ဝမ်းနည်းလွယ်တဲ့သူ မဟုတ်တော့ဘဲ၊ လက်ရှိဘဝကို တစ်နေ့ထက်တစ်နေ့ ပိုပြီး နားလည်လာတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကြီးပြင်းလာတယ်ဆိုတာ... အသက်ကြီးလာတာ မဟုတ်ပါဘူးနော်။ အမှားတွေကနေ သင်ယူတတ်လာတာ၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တန်ဖိုးထားတတ်လာတာကို ဆိုလိုတာပါတဲ့ကွယ်…

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง การปฏิบัติตามกฎหมาย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

ทีมทำอาหาร

เสื้อผ้า

เว็บไซต์

ที่อยู่


Bangkok