ANT ART
01/05/2026
Insta360 Luna - Pocket 3 အတွက် ပြိုင်ဘက်ကောင်း ပေါ်လာပြီလား?
Vlog ရိုက်ကူးသူတွေနဲ့ ခရီးသွား Content Creator တွေကြားမှာ နာမည်ကြီးနေတဲ့ DJI Osmo Pocket series ကို အကြီးအကျယ် စိန်ခေါ်ဖို့အတွက် Insta360 ကနေ Luna လို့ အမည်ပေးထားတဲ့ ကင်မရာအသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။
အခုထွက်ရှိလာတဲ့ Insta360 Luna series ဟာ လက်တစ်ဝါးစာအရွယ်အစားနဲ့တင် အရည်အသွေးမြင့်မားတဲ့ ရုပ်ထွက်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပြီး DJI ရဲ့ Pocket ကင်မရာတွေမှာရှိတဲ့ အားသာချက်တွေကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဒီ Luna series မှာ ပိုမိုကောင်းမွန်တဲ့ Sensor တွေ၊ ညဘက်ရိုက်ကူးမှုစွမ်းရည်တွေနဲ့ Insta360 ရဲ့ ထုံးစံအတိုင်း အလန်းစား AI နည်းပညာတွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
အိတ်ကပ်ထဲထည့်သွားရုံနဲ့ Professional ဆန်တဲ့ Footage တွေကို ရနိုင်ဖို့ ကြိုးစားနေတဲ့ Insta360 ရဲ့ ဒီခြေလှမ်းဟာ အနာဂတ် Gimbal ကင်မရာဈေးကွက်ကို ဘယ်လိုပြောင်းလဲပစ်မလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
01/05/2026
Miami GP ရဲ့ တင်းကျပ်လွန်းတဲ့ ကင်မရာစည်းကမ်းများ
Miami Grand Prix ပြိုင်ပွဲသွားကြည့်မယ့် Formula 1 ဝါသနာရှင် ဓာတ်ပုံဆရာတွေအတွက် အထူးသတိထားရမယ့် အကြောင်း
"Formula 1 ပြိုင်ပွဲတွေထဲမှာ အစည်ကားဆုံးဖြစ်တဲ့ Miami Grand Prix ကတော့ ဒီတစ်ပတ်မှာ ပြန်လည်ရောက်ရှိလာတော့မှာပါ။ ဒါပေမဲ့ ပွဲသွားကြည့်ရင်းနဲ့ အမှတ်တရဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တဲ့ ဝါသနာရှင်တွေအတွက်တော့ သတင်းဆိုးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Miami GP မှာ ကင်မရာတွေယူဆောင်ခွင့်နဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်ထားလို့ပါပဲ။
ပွဲစီစဉ်သူတွေရဲ့ ထုတ်ပြန်ချက်အရ Point-and-shoot ကင်မရာလေးတွေနဲ့ မှန်ဘီလူးအရှည် (၆) လက်မထက် မပိုတဲ့ ကင်မရာတွေကိုပဲ ခွင့်ပြုသွားမှာပါ။ ဆိုလိုတာကတော့ 70-200mm လိုမျိုး မှန်ဘီလူးအရှည်ကြီးတွေ တပ်ထားတဲ့ Professional ကင်မရာတွေကို လုံးဝ(လုံးဝ) ယူဆောင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါတင်မကသေးပါဘူး... Monopod (ခြေထောက်တစ်ခုတည်းပါတဲ့အထောက်)၊ Tripod (သုံးချောင်းထောက်)၊ Selfie ရိုက်တံတွေနဲ့ ဗီဒီယိုရိုက်ကူးတဲ့ စက်ပစ္စည်းတွေကိုလည်း ကွင်းထဲကို ယူခွင့်မပြုဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ တုန်းကလည်း အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးပါတယ်။ ပရိသတ်တစ်ယောက်ဟာ သူ့ရဲ့ Sony a9 ကင်မရာမှာ မှန်ဘီလူးအသေးလေးပဲ တပ်သွားတာတောင် လုံခြုံရေးက 'Professional ဆန်လွန်းတယ်' ဆိုပြီး ပေးမဝင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူဟာ Floppy Disk နဲ့သိမ်းတဲ့ ရှေးဟောင်းကင်မရာအစုတ်လေးနဲ့ သွားမှသာ လုံခြုံရေးက ရယ်မောပြီး ပေးဝင်ခဲ့တာပါ။
ဒါကြောင့် Miami GP ကို သွားကြည့်မယ့်သူတွေအနေနဲ့ ကိုယ့်ရဲ့ ကင်မရာက ၆ လက်မထက် ရှည်နေလားဆိုတာ အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ ကွင်းဝကနေ လှည့်ပြန်ခဲ့ရတာမျိုး ဒါမှမဟုတ် အသိမ်းခံရတာမျိုးတွေ ကြုံရနိုင်ပါတယ်။"
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok