MAY THU

MAY THU

แชร์

Photos from Travel Together Tours & Services 's post 22/06/2026

🌇Bangkok ကနေ အချိန်2နာရီလောက်သာ မောင်းရတဲ့ ကန်ချနာဘူရီဟာ သာမန်မြို့လေးတစ်မြို့တော့ မဟုတ်ပါဘူး။ သမိုင်းကြောင်းတွေ၊ လှပတဲ့ သဘာဝရှုခင်းတွေ၊ ဘုရားဖူးခရီးစဉ်တွေနဲ့ ပြည့်နှက်နေတဲ့ Destination တစ်ခုပါ။

🐯 Wat Tham Suea (ကျားဘုရား)
Kanchanaburi ရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ Wat Tham Suea ကို ရောက်တာနဲ့ တောင်ထိပ်ပေါ်ကနေ မြင်ရတဲ့ စိမ်းလန်းတဲ့ လယ်ကွင်းတွေနဲ့ တောင်တန်းရှုခင်းတွေက စိတ်ကို ချက်ချင်းအေးချမ်းသွားစေပါတယ်။
ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ အဝေးကတည်းက မြင်နိုင်လောက်အောင် ကြီးမားခန့်ညားပြီး ဓာတ်ပုံရိုက်ဖို့လည်း အလွန်လှတဲ့ Spot တစ်ခုပါ။ Cable Car စီးပြီး တောင်ပေါ်တက်ရတဲ့ အတွေ့အကြုံကလည်း ခရီးကို ပိုပြီး စိတ်လှုပ်ရှားစေပါတယ်။

🐉 Wat Ban Than (နဂါးဘုရား)
အဝေးကတည်းက မြင်လိုက်ရတဲ့ နဂါးကြီးရဲ့ ကိုယ်ထည်ဟာ တောင်ပေါ်ကို ရစ်ပတ်တက်နေသလို မြင်ရပြီး ဘုရားရဲ့ Architecture က အရမ်းထူးခြားပါတယ်။
နဂါးရဲ့ အတွင်းပိုင်းလမ်းကြောင်းကနေ လျှောက်တက်ရတဲ့ ခံစားချက်က Adventure တစ်ခုလိုဖြစ်ပြီး အပေါ်ရောက်တဲ့အခါ မြင်ရတဲ့ View က မမေ့နိုင်စရာပါ။

☕ Meena Cafe
လယ်ကွင်းစိမ်းစိမ်းတွေနဲ့ ဝန်းရံထားတဲ့ Meena Cafe က Kanchanaburi ရဲ့ Instagram Spot လို့တောင် ပြောလို့ရပါတယ်။
အရသာရှိတဲ့ အစားအစာတွေနဲ့ Coffee ကောင်းကောင်းကို သဘာဝရှုခင်းတွေကြားမှာ ထိုင်သောက်ရင်း ခရီးပန်းတာတွေ ပျောက်သွားစေပါတယ်။ ဓာတ်ပုံရိုက်ရင် Post တင်ချင်စရာ ကောင်းလောက်အောင် နေရာတိုင်းက လှနေပါတယ်။

🚂 Death Railway (သေမင်းတမန် မီးရထားလမ်း)
Kanchanaburi ကို ရောက်ရင် မဖြစ်မနေ သွားရမယ့် သမိုင်းဝင်နေရာတစ်ခုပါ။
တောင်ကမ်းပါးနားကပ်ပြီး ဆောက်ထားတဲ့ မီးရထားလမ်းကို မြင်လိုက်တာနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အလုပ်သမားတွေရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ခံစားမိစေပါတယ်။
သမိုင်းကို လက်တွေ့ထိတွေ့ခံစားရတဲ့ နေရာတစ်ခု ဖြစ်သလို ဓာတ်ပုံရိုက်ဖို့လည်း အလွန်လှတဲ့ Landmark တစ်ခုပါ။

💦 Sai Yok Noi Waterfall
သဘာဝရဲ့ အသံကို နားထောင်ချင်ရင် ဒီရေတံခွန်ကို သွားဖို့ လိုပါတယ်။
စိမ်းလန်းတဲ့ သစ်ပင်တွေအလယ်မှာ စီးဆင်းနေတဲ့ ရေတံခွန်ဟာ အေးမြလန်းဆန်းစေပြီး ခရီးသွားတွေ အနားယူဖို့ အကောင်းဆုံးနေရာတစ်ခုပါ။

🌉 Kway Bridge (ကွေးမြစ်တံတား)
ကမ္ဘာကျော် River Kwai Bridge ဟာ Kanchanaburi ရဲ့ အမှတ်တရအရှိဆုံးနေရာတစ်ခုပါ။
သံမဏိတံတားကြီးပေါ် လမ်းလျှောက်ရင်း မြစ်ရေစီးဆင်းနေတဲ့ မြင်ကွင်းကို ကြည့်ရတာက ခံစားမှုရသတမျိုးကို ပေးစွမ်းစေပါတယ်။

🌈 Skywalk (မှန်တံတား)
ခေတ်မီ Tourism Attraction တစ်ခုဖြစ်တဲ့ Skywalk မှာတော့ မြေပြင်အမြင့်ကနေ မြစ်နဲ့ မြို့ရှုခင်းတွေကို 360° ကြည့်ရှုနိုင်ပါတယ်။
မှန်ကြမ်းပြင်ပေါ် လျှောက်ရတဲ့ ခံစားချက်က စိတ်လှုပ်ရှားဖွယ်ကောင်းပြီး Sunset Time မှာဆိုရင် မြင်ကွင်းက ပိုပြီး အံ့မခန်းလှပပါတယ်။

✍️တစ်ရက်တာ ခရီးလေးဖြစ်ဖြစ်၊ Weekend Getaway ဖြစ်ဖြစ် Kanchanaburi က သင့်ကို အမှတ်တရအသစ်တွေ ပေးနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။

🚘ဘန်ကောက်ကနေ နေ့ချင်းပြန် /ညအိပ်ခရီးစဉ်များအတွက် ကားဌားဝန်ဆောင်မှု/🏢Hotel Booking /📌Visa Service/📕Passport Extension/🪪Thai Driving License တို့အပြင် ထိုင်းနိုင်ငံအနှံ့မှာရှိတဲ့ 🎡ကစားကွင်း၊ ဝင်ခွင့်လက်မှတ်များ လိုအပ်ပါကလည်း ”Travel Together “ ကိုသာ Hello လိုက်ပါနော် 📣

Contact Viber ☎️ 09794 645 562

20/06/2026

ချစ်ခြင်းရဲ့ အခြားတဖက်မှာ မင်းရှိနေတာလား ?

12/05/2026

Morning….
အေးချမ်းသောနေ့လေးဖြစ်ပါစေ 🤗

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok