GoodDay

GoodDay

แชร์

Photos from GoodDay's post 01/09/2024

ရှယ်မိုက်တဲ့နန်းတွင်းကား (ongoing)
အပိုင်း ၄ထိ ရနေပါပြီ နော့်
𝐐𝐔𝐄𝐄𝐍 𝐖𝐎𝐎 ( 𝟐𝟎𝟐𝟒 )
🏹🗡⚔🏇🐎🤴👸👑🏟🎎🐲🐉🦅

Queen Woo ကားလေးကဆိုရင် အရင် လွှင့်နေ ြက Ongoing ကားတေလိုမျိုး တစ်ပတ်ကို နှစ်ပတ်နှုန်းနဲ့ မလွှင့်ပဲ ၈ လပိုင်း ၂၉ ရက်မှာ ပထမပိုင်းကို ၄ ပိုင်းနဲ့ ၉ လပိုင်း ၁၂ ရက်နေ့မှာ ဒုတိယပိုင်းကို ၄ ပိုင်း စုစုပေါင်း ၈ ပိုင်း ထုတ်လွှင့်သွားမှာပါလို့

#ဂိုဂူလျော ခေတ်ကားတေမှ ြကည့်ချင်သူတေအတွက် လုံးဝကို လက်မလွှတ်သင့်တဲ့ ကားလေးပါလို့ ညွှန်းပါရစေဗျာ 😍😍😍

#ဂိုဂူလျောခေတ်၊🐲🐉🦅 #ဘတ်ဟဲခေတ်္၊ 🐲🐉🦅 #ဂိုလျောခေတ် ကားတွေက ခုနောက်ပိုင်း လုံးဝမလွှင့်တော့တာ ၁၀နှစ်ကျော် ခုမှ ရှားရှားပါးပါးလေးကြည့်ရမှာပါ Ongoing ကားတေ လွှင့်တာက ဂျိုဆွန်းခေတ် အချစ်ကားတွေက များ အပိုင်း နည်းနည်းနဲ့အရင်လို အကုန်အကြမခံတော့ဘူး
ရှေးတုန်းက နန်းတွင်း ကားတွေဆို အပိုင်း များများနဲ့ ဇာတ်အိမ်ကအရမ်းကောင်းခဲ့တာ ခုကားတောင်အပိုင်း ၈ ပိုင်းပဲ ပါဝင်မှာ ဖြစ်ပါတယ်... အပိုင်း နည်း လည်း ကြည့်ရမှာ ပါပဲ...
#ဂိူဂူလျော ခေတ် ကားတေက လွှင့်ခဲပါတယ်

နယ်ချဲ့ကားတေ ကြိုက်သူတေအတွက် #ဂိုဂူလျောခေတ် မှ ကြည့်ချင်သူတေအတွက် လုံးဝ လုံးဝကိုလက်မလွှတ်သင့် ကြည့်သင့်တဲ့ကားလေးပါ😍😍

အပိုင်း 8 ပိုင်းပါဝင်မှာဖြစ်ပြီး နှစ် ခါခွဲထုတ်လွှင့်မယ်လို့ သိရပါတယ်... ဘုရင် Go Nam-Moo (Ji Chang Wook) နတ်ရွာမစံခင် (episode 1-4) နဲ့ ဘုရင်ကြီးနတ်ရွာစံပြီး (episode 5-8) ဆိုပြီးခွဲလွှင့်မှာပါ...

#တို့ဘုရင်ကြီး Go Nam Moo (JCW) ကို ပထမ 4 ပိုင်း လုံးမှာ အဝကြည့်လို့ရတော့မှာပါ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီးဉာဏ်ပညာကြီးမားတဲ့ဘုရင်ကြီးတစ်ပါးအနေနဲ့မြင်ရတော့မှာဆိုတော့ ရင်ခုန်နေပါပြီ😘😘😘❤️‍🔥

ို ဖြတ်ထိုးဉာဏ်ရှိတဲ့ #ဂိုဂူလျောဘုရင် Go Nam Moo အဖြစ်တွေ့ရမှာပါ ( Empress Ki က မင်းကြီးကာရိုက်တာနဲ့ဆန့်ကျင်ဘက်ပါနော်😗)

~ဇာတ်လမ်းအကျဉ်းလေး အက်မင်သိသလောက်ပြောပြပေးပါမယ်//

Chang Wook Oppa က မင်းသား Lee Soo Hyuk နဲ့ ညီအစ်ကိုအ​နေနဲ့ အတူသရုပ်​ဆောင်သွားမှာဖြစ်ပြီး မင်းသမီးအ​နေနဲ့က​တော့ Jeon Jongseo ကပါဝင်မှာဖြစ်ပါတယ်။

Ji Chang Wook ရဲ့ကာရိုက်တာကတော့ (Empress woo ရဲ့ခင်ပွန်း) Goguryeo ( #ဂိုဂူလျော) တိုင်းပြည်ရဲ့ ဘုရင် Gogukcheon , Go Nam Moo ပါ ♡︎

Go Nam Moo က စစ်သား 5,000 ကို ဦးဆောင်ပြီး ဟန်မင်းဆက်ရဲ့ စစ်သား 30,000 ကို အနိုင်ယူတိုက်နိုင်တဲ့ ဖြတ်ထိုးဥာဏ်ရှိတဲ့ Goguryeo ရဲ့ ဘုရင်ဖြစ်ပြီး သူကလက်ရုံးရည်၊ နှလုံးရည်နဲ့ပြီးပြည့်စုံတဲ့ ဘုရင်ဖြစ်ပါတယ်✨

ဒါပေမယ့် မကြာခင်မှာ သူမရှိခြင်းက နန်းတော်တွင်း သွေးစီး​ကြောင်းများဖြစ်သွားစေခဲ့ပါတယ်...

Go Nam Moo မရှိတာနဲ့တပြိုင်နက် မျိုးနွယ်စုများကြား ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လာပြီး ၂၄ နာရီအတွင်း ပလ္လင်ပေါ်၌ ဘုရင်အသစ် ပေါ်ထွန်းရမယ် ဖြစ်တာကြောင့် ထီးနန်းကိုရယူဖို့ ကြိုးစားနေတဲ့ မျိုးနွယ်စုငါးစုရဲ့

ပစ်မှတ်ဖြစ်လာသော Queen Woo (သမိုင်းတွင် နှစ်ကြိမ်တိုင်တိုင် ဘုရင်မဖြစ်လာတဲ့ ပထမဆုံး အမျိုးသမီး) ကဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။🔥

#지창욱

CMပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ Queen Woo ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ
ဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး
ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော်

ဇာတ်လမ်းအကျဉ်း
---------------------------

ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ

သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့
၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ်

အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့

အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ

ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှူလိုက်ကြပါဦးနော့်😍😍😍

ဇာတ်လမ်းအညွှန်းကို Zuri မှ ရေးသားပေးထားပါတယ် ...

Drama: Queen Woo
Genres: Action, Historical, Melodrama, Political
Country: South Korea
Episodes: 8
Airs: Aug 29, 2024 - Sep 12, 2024
Airs On: Thursday
Original Network: TVING
Duration: 50 min.
Translated by Hsu Pyae, Phyu Sin, YatiNaing, Swan Htet, Miri, Su Sandi, Theint & Lucien
Encoded by Heather Oo

အပိုင်း ၁
https://www.facebook.com/SoeKhanttKoKol/videos/1037403671370222/

အပိုင်း ၂
https://www.facebook.com/SoeKhanttKoKol/videos/1710355129757510/

အပိုင်း ၃
https://www.facebook.com/SoeKhanttKoKol/videos/1545828002688361/

အပိုင်း ၄
https://www.facebook.com/SoeKhanttKoKol/videos/434724372914422/

အပိုင်း ၅

အပိုင်း ၆

အပိုင်း ၇

အပိုင်း ၈ ဇာတ်သိမ်းပိုင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok